လူထုလှုပ်ရှားမှုတွေပြုလုပ်ကြရင်း ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေများစွာရှိနေခဲ့ပြီး မြန်မာပြည်သူတွေကတော့သူရဲကောင်းတွေအတွက် ဝမ်းနည်းနေကြပါတယ်။
လူထုလှုပ်ရှားမှုတွေမှာလည်း မြန်မာပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့်ပါဝင်လျက်ရှိနေတဲ့ ခင်ဝင့်ဝါကတော့ အမှန်တရားဘက်ကနေ ရပ်တည်ပေးရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း တွေအတွက်စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။
ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်ခုကတော့ ရရှိထားတဲ့ အလှူငွေကျပ်သိန်း10,040,000 ကို နိုင်ငံအတွက်အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ လိုက်လံလှူဒါန်း နေခဲ့ပါတယ်။

ပြည်သူတွေဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ ခင်ဝင့်ဝါကတော့ ” ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေတွေစုပေါင်းပြီး တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက်အလှူငွေ ကောက်ခံခဲ့တာ စုစုပေါင်း 10,040,000 ကျပ် ရရှိခဲ့ပါတယ် “ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။
ခင်ဝင့်ဝါကတော့ ” ဒီနေ့ရွှေပြည်သာမှမောင်လေး ညီညီအောင်ထက်နိုင်ရဲ့နာရေးအတွက် ၁၆ သိန်း နဲ့ လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် ၁၆ သိန်း ကို ကိုယ်တိုင်သွား ရောက်ပေး အပ်ခဲ့ပါတယ်နောက်ရက်တွေမှာလည်း လိုအပ်သည့်နေရာများကို

ဆက်သွယ်ကူညီသွားပါမည်ပါဝင်ကုသိုလ်ယူကြသော သူငယ်ချင်းမိတ် ဆွေများအားလုံး ကိုကျေးဇူးတင်ပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။
Credit :