နောက်ထပ် ရဲ ၁၉ယောက် အိန္ဒိယ ကိုထွက်ပြေးပြန်ပြီ

အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာတဲ့ မြန်မာရဲက နောက်ထပ် ၁၉ယောက်တိုးလာတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကရဲအရာရှိက အေပီသတင်းဌာနကို အတည်ပြုပြီး နောက်ထပ်လည်း ထွက်ပြေးလာမယ့်ရဲတွေ အများကြီးရှိပုံရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ချမ်ဖိုင်နဲ့ ဆာချစ်ဒေသတွေထဲ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြတာဖြစ်ပြီး သူတို့ကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီးတာကို ရှောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM သပိတ်ထဲပါဝင်ကြောင်း နေရာတော်တော်များများမှာ ရဲဝန်ထမ်းတွေက ကြေညာခဲ့ပြီးနောက် အခုလို အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ဒီကနေ့နေ့လည်ကပဲ မြန်မာပြည်က ရဲ ၃ဦး မီဇိုရမ်ပြည်နယ်ထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့တာဖြစ်ပြီး အခုထပ်ရောက်လာတဲ့သူတွေနဲ့ဆိုရင် စုစုပေါင်း ၂၂ဦးရှိလာပြီဖြစ်ပါတယ်။

credit

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.