“မြန်မာ့အရေး တရုတ်က ဘက်မ လိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွား မယ် လို့ဆို”

အိမ်နီးချင်း မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေလျော့နိုင်ဖို့အတွက် တရုတ်အနေနဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားဖို့ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ယီက ဒီကနေ့ပြောလိုက်ပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေတွေဟာ တရုတ်နိုင်ငံက တွေ့မြင်လိုတဲ့အနေအထား လုံးဝမဟုတ်ဘူးလို့ ဆိုလိုက်ပြီး မြန်မာစစ်တပ်အာဏာသိမ်းတဲ့အရေးမှာ တရုတ်ရဲ့ပါဝင် မှုရှိနေတယ်ဆိုတဲ့ ကောလဟလတွေကို ပယ်ချလိုက်ပါတယ်။

“တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားတဲ့အပေါ် အခြေခံပြီး ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်သွယ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် တင်းမာမှုတွေလျော့ကျသွားစေမယ့် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ မှာပါဝင်လိုပါတယ်”

လို့ ဘေးဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ယီက ပြောခဲ့ပါတယ်။ အနောက် နိုင်ငံတွေအားလုံးက ဖေဖော်ဝါရီ ၁ရက်နေ့အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချနေပေမယ့် တရုတ်နိုင်ငံက တည်ငြိမ်မှုကအရေးကြီးတယ်လို့သာ တစ်လျှောက်လုံးပြော နေခဲ့တာဖြစ် ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ချစ်ကြည် င်းနှီးမှုကို တရုတ်နိုင်ငံက ထားရှိနေပြီး တရုတ်နဲ့မိတ်ဆွေဖြစ်မှုက မြန်မာနိုင်ငံရဲ့ကဏ္ဍအားလုံးရဲ့ သဘောတူညီချက်ဖြစ်ပါတယ်”

လို့ ဝမ်ယီက ဆိုပါတယ်။“မြန်မာပြည်အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုသာ ဆက်လက်မြှင့်တင်သွားဖို့ရှိနေပြီး ဒီလမ်းကြောင်းကပြောင်း လဲ သွားမှာမဟုတ်ပါဘူး”လို့ ဝမ်ယီရဲ့ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြခဲ့ ပါတယ်။

credit : Kamayut Media

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.