ဟားခါး တက္ကသိုလ်မှ ကျောင်းသူတစ်ဦးအထိန်း သိမ်းခံရ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန် နေကြတဲ့ ပြည်သူတွေထဲမှကျောင်းသား ကျောင်းသူအချို့ ပြန်လည်လွတ်မြောက်လာကြပေမဲ့လဲ အထိန်းသိမ်းခံနေရတဲ့ လူငယ်တွေ အချို့ ရှိနေပါသေးတယ်။

မြန်မာ နိုင်ငံမှာ ယခု လတ်တလော ဖြစ်ပွားနေတဲ့စစ်အာဏာ သိမ်းမှု လုပ်ရပ် အဖော် ပြည်သူ တွေ ကျောင်းသားကျောင်းသူလူငယ် တွေဟာ လက်မခံ နိုင်ကြပဲ အစွမ်းကုန်တွန်းလှန်နေကြတာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် စနစ်ကိုဆန့်ကျင် တော်လှန်ကြရင်း ပြည်သူတွေ အချို့ လူငယ် တွေ အချို့သွေးမြေကျခဲ့ရပြီးအဖမ်းဆီးခံထိန်းသိမ်း ခံခဲ့ရတဲ့ ပြည်သူတွေကျောင်းသားကျောင်းသူ လူငယ်တွေလဲရှိခဲ့ပါတယ်။

မနေ့က အင်းစိန် ထောင်မှာ အထိန်းသိမ်း ခံနေရတဲ့ ကျောင်းသား ကျောင်းသူ လူငယ် အချို့ ပြန်လည် လွတ်မြောက်ခဲ့ကြပြီး အချို့သော နေရာ ဒေသ တွေ မှာတော့ အဖမ်းဆီး ခံ နေရတဲ့ လူငယ် တွေ ရှိနေပါသေးတယ်။

မနေ့က မတ်လ 24ရက် နေ့ ညက ဟားခါး တက္ကသိုလ် မှ ကျောင်း သူ တစ်ဦးအထိန်းသိမ်းခံခဲ့ ရပါတယ်။ မတ်လ 24ရက် နေ့ ညက ဟားခါး မြို့ မှ ရဲ နဲ့စစ်ကားများ လုံခြုံ ရေးအရလှည့်လည် ကင်းပတ်ခဲ့ကြပြီး ပြည်သူအချို့နှင့် အဓိကရုဏ်း ဖြစ်ကာ

ပြည်သူတွေများ ထဲမှ 10ဦး ကျော် ဖမ်း ဆီး ခဲ့ကြပြီး မိန်းကလေးတစ်ဦးပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုတက္ကသိုလ် ကျောင်းသူဟာ သူမ ရဲ့ ဖုန်းကိုအိမ်မှာထားရှိခဲ့တာဖြစ်ပြီး

ရဲစခန်း ဘက်မှ သူမရဲ့ နေအိမ်သို့ ဖုန်းဆက် ခဲ့တာ ဖြစ်ကြောင်း မိသားစု နှင့် နီးစပ် သူမျာထံမှသိရှိရတာဖြစ် ကြောင်း သိရပါတယ်။ မတရားမှု ကို တိုက်ပွဲ ဝင်ရင်း အဖမ်း ဆီးခံခဲ့ရတဲ့ လူငယ် များ အားလုံး ဘေးအန္တရာယ်များ ကင်းရှင်းကြပါစေ။ဖတ်ရှု အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံးသာယာတဲ့ နေ့ရက်များ ပိုင် ဆိုင် နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Credit ; Chin World

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.