ကျပ်နှစ်ဘီလီယံသည် CDM ငွေသားမဟုတ်ကြောင်း နာရေးကူညီမှုအသင်း တုံ့ပြန်
ဘဏ်တွင်အပ်နှံထားသော စားရင်သေအပ်ငွေ ကျပ်နှစ်ဘီလီယံ (သန်းနှစ်ထောင်)သည် CDM ငွေသားမဟုတ်ကြောင်းနာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ စာရင်းသေအပ်ငွေသည် လွန်ခဲ့သော (၄) နှစ်ခန့်မှစတင်၍ အသင်း၏ရန်ပုံငွေမှ management team ၏ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် သက်ဆိုင်ရာ ဘဏ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ အပ်နှံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီမှ ၎င်းငွေများကို CDM ငွေသားများဖြစ်ကြောင်း အများပြည်သူ ထင်ယောင် ထင်မှားဖြစ်အောင် မတ်လ (၇)ရက်နေ့တွင် မီဒီယာပေါ်တင် ရေးသားဖော် ပြထားသည်ဟုအသင်းက ရေးသားထားသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီသည် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့ပြီး BOD ရုံးခန်း အမှုဆောင်ရုံးခန်း ပြန်ကြားရေးဌာနနှင့် ဘဏ္ဌာရေးဆိုင်ရာ ဌာနများရှိ မှန်တံခါးများပစ်ခွင်းရိုက်ခွဲ၍ computer များ၊
Laptop များ တန်ဖိုးကြီး ကင်မရာများ ၊ ဗီဒီယိုကင်မရာများနှင့် စာရွက်စာတမ်းများအား သိမ်းယူခြင်း အလှူငွေများထားရှိရာ မီးခံသေတ္တာတွင်းမှ ငွေသား အလှူငွေ ကျပ် သိန်း ၅၀၀ ခန့်အား ယူဆောင်သွားခဲ့သည့်
အပြင် ညတာဝန်ကျ လုပ်အားပေးများ ဝန်ထမ်းများအား ရိုက်နှက်ကာ ဖုန်းနှင့် ငွေကြေးများအား လုယက် ယူဆောင်သွားခဲ့ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။
သတင်း Kyaw Kyaw Oo (Mass Comm)
ဓာတ်ပုံ နာရေးအသင်း (ရန်ကုန်)