ကြောက်ကျောက်ဆိုတာ

ကြောင်ကျောက် (moonstone) သည် နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ ကြောင်ကျောက်ကို ကြောင်မျက်လုံးနှင့် တူ၍ (Cats’ eye)ဟုလည်းခေါ်ဆိုသည်။

ကြောင်ကျောက်၏ ဓါတုဖွဲ့စည်းမှုအရ ဩသိုကလေ့စ်ကြွကျောက် (Orthoclase feldspar) နှင့်ပလေဂျီအိုကလေ့စ် ကြွကျောက် (Plagioclase feldspar) တို့ တစ်လှည့်စီပါဝင်ဖွဲ့စည်းထားသည်။ (ထို့ကြောင့် ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်သည်။)

ပုံဆောင်စနစ်မှာတစ်ရိုးစောင်း ပုံဆောင်စနစ်(Monoclinic system) ဖြစ်ပါသည်။ သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိသည်။ ဖန်ရောင်လက်ရှိပြီးအလင်းပေါက်(Transparent) မှအလင်းမှုန်(Translucent) ထိရှိပါသည်။ အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ အပြာရောင် ၊ခရမ်းပြာရောင်များကိုအများအားဖြင့်တွေ့ရှိရသည်။

ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝ ံ အနေအထားဖြင့်ဖြတ်သန်း တည်ရှိသည်။ မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု တို့တွင် အများဆုံးတွေ့ရှိရသည်။

ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည်စသည်များကိုစွမ်းဆောင်နိုင်သည်ဟု သိရသည်။ နီလာကျောက်သည်သူတပါး၏မေတ္တာကိုရရှိသည်။လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။

ရန်အပေါင်းမှ ကာကွယ်နိုင်သည်စသည်များကိုစွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။

credit : thutazone

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.