ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ အိမ်သုံးပစ္စည်းလေး တွေ နဲ့သာ အသက်အန္တရာယ်ကို တတ်နိုင်သလောက်ကာ ကွယ် နေကြရတဲ့ သူရဲကောင်းတချို့

ပြည်သူ တွေက တော့ လူထုလှုပ်ရှားမှု တွေအတွက် လမ်းပေါ် ထွက်နေရ ပေမယ့် မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးကိုလည်း တတ်နိုင်သ လောက် ကာကွယ်နေကြရတာ ဖြစ်ပါတယ်။ပြည်သူတွေရဲ့ တီထွင်ကြံဆနိုင်မှုတွေကလည်းတစ်နေ့တစ်မျိုးမရိုးရဘဲ ဆန်း သစ်နေကြလို့ ချီး ကျူးစရာကောင်းလောက်အောင် အရမ်းတော်နေကြတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေ အနေ တွေမှာ ဆိုရင် ယနေ့(ဧပြီလ ၂ရက် )ထိတောင်မှ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုတွေကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။

ပြည်သူတွေက စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ပါဝင်ဆောင်ရွက်နေကြသော်လည်း အသက်မဆုံးရှုံးဖို့အတွက်အနည်းအကျဉ်းကျည်ကာနိုင် အောင်လို့ ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုး စတဲ့မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့သာ ကာကွယ်နေကြတာ ဖြစ်ပါတယ်။

မိမိတို့မှာရှိတဲ့ပစ္စည်း လေး တွေ ကို အသုံးပြုပြီး အများအကျိုးအတွက်လမ်းပေါ်ထွက်နေကြတဲ့သူရဲကောင်းတွေကို ပြည်သူတွေ ကလည်း လေးစား နေကြတာ ဖြစ်ပါ တယ်။

ဒါ့ကြောင့်လည်း လမ်းပေါ်ထွက်နေကြတဲ့သူရဲကောင်းတွေအတွက် ပြည်သူလူထုက တစ်ထောင့်တစ်နေရာ ကနေ ကူညီဖေးမပေးနေ ကြတာ ဖြစ်ပါတယ်။

လုံခြုံတဲ့ပစ္စည်းကိရိယာတွေမရှိတာကြောင့် အခုလိုမျိုး အိမ်မှာရှိတဲ့ပစ္စည်းလေးတွေကိုသာ အားကိုးနေရတဲ့သူရဲကောင်းတွေအတွက်လည်း ပြည်သူ တချို့က အမှတ်တရပုံလေးတွေဆွဲပေးပြီး ဂုဏ်ပြုကြတာဖြစ်ပါတယ်။

ပြည်သူတွေကတော့မိမိတို့စွမ်းဆောင်နိုင်သလောက်ကိုတစ် တပ်တစ်အားပါဝင်အားဖြည့်ပေးကြရင်းတက် ညီလက်ညီနဲ့ရှေ့သို့ ချီတက်နေ ကြတာဖြစ်ပါတယ်။ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ ပစ္စည်း လေး တွေကိုအကာအကွယ်ယူပြီး လမ်းပေါ်ထွက်နေကြတဲ့ သူရဲကောင်းတချို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:myanmarload

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.