ဘာကြောင့်ခြေသုတ်ပေးရသလဲ
အမေး အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာစောင့်ပြီး ခြေသုတ်ပေးရတာလဲ ကိုယ့်ဘာသာသုတ်ရင်ရောမရဘူးလား အားလုံးအမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား
အဖြေ ဘုန်းတော်များကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ်လို့ ပညတ်ချက်မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင် ဒကကာမတွေမှာရှိတဲ့ စဈမှနျတဲ့သဒ်ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။
ဘုရားရှင်က ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်ကြ လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ် ဒါကို ကုသလကမ္မပထ (၁၀)ပါးလို့လည်း ခေါ်တယ် ထိုကုသိုလ် ဆယ်မျိုးထဲမှာ ဝေယျာဝေစ္စကုသိုလ်ဆိုတာ ပါတယ်။

အဓိပ်ပါယျကတော့ ရတနာသုံးပါးနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ပါပဲ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ်။အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ်ဆိုတာကလည်း သံဃာတော်များနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ရယူချင် လို့ပါပဲ။

ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါဘူး ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး။
ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ် အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီးလှုံ့ဆော်ပေးတဲ့ သူတို့ရင်ထဲကလာတဲ့ သဒ်ဓါတရားပါပဲ။

မသိတာလေးကို သိခွင့်ရခဲ့ပါသည် ထိုသိတာလေးကိုမသိသေးသူများအတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
Credit