ကြောင်လေးတွေက လူတွေအတွက် ပျော်ရွှင်မှု ၊ အထီးကျန်မှုတွေကို သက်သာစေတဲ့ အဖော်မွန်တိရစ္ဆာန်လေးတွေပါ ။ Adrian အမည်ရှိတဲ့အမျိုးသားကလည်း သူ့ရဲ့ကြောင်လေးတွေဖြစ်တဲ့ Atlas နဲ့ CleoCatra တို့ကို မျက်နှာပုံစံအမူအရာမျိုးစုံလုပ်ပြီး စနောက်ခဲ့ ပါတယ် ။




ကြောင်လေးတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင် Instagram လေးတွေပိုင်ဆိုင်ထားပြီး နေ့စဉ်ဓာတ်ပုံလေးတွေဝေမျှပေးရင်း လူတွေကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့ အပျော်ဆုံးကြောင်လေးတွေဖြစ်လာခဲ့ပါတယ် ။




ဒီတစ်ခေါက်မှာလည်း သခင်ဖြစ်သူက မျက်နှာထားအမူအရာပုံစံလေးတွေကို စာရွက်လေးနဲ့ရေးဆွဲပြီး ကြောင်လေး တွေရဲ့မျက်နှာ အနားထားကာ ကြောင်လေးတွေရဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့မျက်နှာအမူအရာတွေကို ဓာတ်ပုံရိုက်ပြီးဝေမျှခဲ့ပါတယ် ။





Jasmine (Mckzone Daily)


Source: boredpanda