လူအတော်များများရဲ့ ဘဝတစ်စိတ်တစ်ပိုင်းမှတ်ဉာဏ်တွေထဲမှာ Disney ကာတွန်းဇာတ်ကောင်တွေ ပါဝင်လေ့ရှိကြပါတယ် ။ ကလေးငယ် နှင့် အရွယ်ရောက်ပြီးသားလူကြီးတွေပါမကျန် ၎င်းတို့ရဲ့ကာတွန်းဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြလို့ပါပဲ ။



ကြည့်မိသူတိုင်း မြတ်နိုးချစ်ခင်စေတဲ့ ရင်ထဲခံစားမှုတစ်စုံတစ်ခုပေးစွမ်းနိုင်တဲ့ ကာတွန်းဇာတ်လမ်းဖန်တီးနိုင်မှုတွေကြောင့်လည်းပါပါတယ် ။



Samuel MB အမည်ရှိတဲ့ သရုပ်ဆောင် ၊ ပန်ချီဆရာ နှင့်မူလတန်းပြဆရာတစ်ဦးလည်းဖြစ်တဲ့အမျိုးသားဟာနာမည်ကြီးတဲ့ Disney ကာတွန်းဇာတ်ကောင်တွေနဲ့သူ၏ဓာတ်ပုံတွေကိုတည်းဖြတ်မှုပြုလုပ်ခဲ့ပါတယ် ။



ဓာတ်ပုံလေးတွေကအတော်လေးဆန်းသစ်ပြီးရယ်မောဖွယ်ရာလည်းကောင်းလွန်းလှပါတယ် ။ ‘ ကျွန်တော်ငယ်ငယ်တုန်းက Who Framed Roger Rabbit ရုပ်ရှင်ကားရဲ့ ပရိသတ်တစ်ယောက်ပါ ၊



ကျွန်တော်က ကာတွန်ဇာတ်ကောင်တွေကိုလူတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာမျိုးကြိုက်တယ် ၊ ပြီးခဲ့တဲ့နှစ်က ကျွန်တော် Photoshop လုပ်နည်းကို အသုံးပြုနိုင်ဖို့ လေ့လာခဲ့တယ် ၊ ပြီးတော့အခုလက်ရှိဘဝနဲ့ ကာတွန်းဇာတ်ကောင်တွေကို အတူပေါင်းစည်း ပြီးဖန်တီးခဲ့တာပါ ‘ ဆိုပြီး Samuel MB ကပြောပြခဲ့ပါတယ် ။



Jasmine (Mckzone Daily)



Source: .boredpanda.


