အာဏာရှင်လူတစ်စု အထိနာသွားစေလောက်မယ့် ခပ်ကြမ်းကြမ်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်

ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO International ဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ ၈.၅% ကိုပိုင်ဆိုင်ထားတာဖြစ် ပါတယ်။ ဒီနှစ်တောအတွင်းမှာကိုရီးယားသဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းဟာ POSCO Internationalကအမြတ်ငွေဘီလီယံ ၂၀ဝ (ဒေါ်လာ ၁၆.၇ သန်း) ရရွိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာဆိုအမြတ်အစွန်း ၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။ ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်းမြန်မာနိုင်ငံအတွက် ပြည်တွင်းအခွန် ငွေတွေပေးဆောင်ရတာရှိပါတယ်။ဒီအပေါ်မှာ တာင်ကိုရီးယားနိုင်ငံလက်ရှိအာဏာရဒေါဘူးလောမင်းဂျူးပါတီရဲ့ လွှတ်တော်အမတ်ကင်မ်ယုံး မင်က “ POSCO International က မြန်မာနိုင်ငံအ တွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါ” လို့ တောင်းဆိုလာခဲ့ပါတယ်။

ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်က ထပ်မံပြီး ” ဒီလောက်များတဲ့ငွေတွေကို အဆုံးရှုံးမခံနိုင်တဲ့ POSCO ရဲ့ အနေအထားကို လည်း ကျွ န်တော်တို့အပြည့်အဝနားလည်ပါတယ်။ ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကို မရပ်ခိုင်းပါဘူး။ အခုဆို အာဏာသိမ်းပြီးသုံးလ ကျော်ခဲ့ပြီ။

အရပ်သား (၈၀၀) ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့အခုရထားတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်ကိုခွဲဝေပေး ဖို့ ခဏရပ်ဆိုင်းပေးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒီမိုကရေစီပန်းတိုင်အဆုံးအထိ လက်တွဲသွားမှာပါ။ ” ဟုဆိုကာသူ့ရဲ့သ ဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ်။

ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစပြီး မြ န်မာပြည်သူတွေဟာ ဝမ်းနည်းပူဆွေးခဲ့ ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး အစစအရာရာကူ ညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တကယ်ကိုကျေးဇူးတင်ဖို့ ကောင်းပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုကူညီပေးကြတဲ့ ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေက အမြဲကျေးဇူးတင် နေမှာပါ။

Credit original writer

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.