က်ရှင် Brands တွေထဲမှာ အမေရိကန်ထုတ်ကုန်တွေဟာအရည်အသွေးမြင့်မားပြီးဝတ်ရတာအဆင့်အတန်းရှိတယ်လို့ ခံစားရစေပါတယ်။ American Brand ဖက်ရှင်တွေက အတော်အသင့်ဈေးမြောက်ပေမယ့် ရေရှည်မှာ ဝယ်ထားလို့မမှားတာဖြစ်လို့ အမျိုးသားတို့သိထားသင့်တဲ့ American ဖက်ရှင်အမှတ်တံဆိပ်သစ်တချို့အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) American Trench

ခေတ်စားလာတဲ့အမေရိကန်ထုတ် အမျိုးသားဖက်ရှင် Brands တွေထဲမှာAmerican Trench ဟာစတိုင်ကျတဲ့ Trench Coat တွေနဲ့ လူကြိုက်များတဲ့ခြေအိတ်တွေကြောင့် နာမည်ကျော်ပါတယ်။ ဖီလာဒီဖီးယားအခြေစိုက် ဒီကုမ္ပဏီဟာအမေရိကန်စစ်တပ်ဝတ်ဂျက်ကတ် ၊ Vest နဲ့ Knit Caps ဦးထုပ်တွေထုတ်တဲ့ Epauletလို Brands တွေနဲ့လည်းPartnersလုပ်ထားပါတယ်။
(၂) Billykirk

အရည်အသွေးကောင်းပြီး အကြမ်းခံတဲ့ လယ်သာအသုံးအဆောင်တွေအတွက် Billykirk အမှတ်တံဆိပ်လည်း ရွေးချယ်စရာအဖြစ် မှတ်ထားလို့ ရပါတယ်။ Billykirk ရဲ့ အဓိက နာမည်ကျော်တာက အကြမ်းခံပြီး အသေးစိတ်ချုပ်လုပ်ထားတဲ့ ဒီဇိုင်းကြောင့် ဖြစ်ပါတယ်။ လယ်သာထုတ်ကုန်အနေနဲ့ ခါးပတ်ကနေ လွယ်အိတ်အထိ ထွက်ပါတယ်။
(၃) The Hill-Side

ဘရွတ်ကလင်းမြို့မှာ ရှိတဲ့ The Hill-Side အမှတ်တံဆိပ်က လှပတဲ့ Cotton Denim လို ချည်သားနဲ့ ဆန်းသစ်တဲ့ Indigo Dye ကာလာမျိုး ပေါင်းစပ်ပြီး ရိုးရှင်းလှပတဲ့ အထည်တွေ ထုတ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ရဲ့ အကောင်းဆုံး မျက်နှာသစ်အမျိုးသားဝတ်ဒီဇိုင်နာဆုရ ညီအကိုနှစ်ဦး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ကျီဒီဇိုင်းသစ်တွေကို The Hill-Side မှာ ဝင်ကြည့်နိုင်ပါတယ်။
(၄) Tanner Goods

Tanner Goods ကနေ ဖက်ရှင်အစုံထုတ်ပါတယ်။ လယ်သာအင်္ကျီနဲ့ ခါးပတ်လိုမျိုး အသုံးအဆောင်ကနေ Formal ဖက်ရှင်တွေလည်း ထုတ်ပါတယ်။