ဇွန်လဆန်းမှာ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ စစ်တပ် ခန့်မှန်းထား

စစ်ကောင်စီ၏ လက်နက်ကိုင်ဘတပ်များ၏ ပစ်ခတ်ဖြို ခွင်း မှုများအတွင်း အရပ်သား ၇၆၀ ကျော် ကျဆုံးပြီးနောက် အခြေအနေအရပ်ရပ်ကို ဇွန်လဆန်းတွင် ထိန်းချုပ်နိုင်ရန် စစ်တပ်က ခန့်မှန်းထားကြောင်း သိရသည်စစ်တပ်ထိပ်ပိုင်းအရာရှိများနှင့်

အနီးကပ်ဆက်ဆံရေးရှိနေ သူတစ်ဦး၏ ပြောကြားချက်အရ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲလုံးဝမရှိအောင် ထိန်းချုပ်နိုင်ဦးမှာ မဟုတ်သော်လည်း အရေအတွက်များပြားပြီး

အင်အားကောင်းသော ဆန္ဒပြပွဲများ ရှိလာနိုင်တော့မည်မဟုတ်ဟုယုံကြည်နေကြောင်း သိရသည်သို့သော်လည်းဒီမိုကရေစီလိုလားသူများက မေ ၃ ရက်နေ့အထိစစ်အာဏာရှင်ကို ဆန့်ကျင်သောဆန္ဒပြပွဲများမှာပုံစံမျိုးစုံဖြင့်ဖြစ်ပေါ်နေဆဲဖြစ်သည်။

လက်ရှိစစ်တပ်၏လက်အောက်၌ ငွေကြေးလည်ပတ်မှုလုံးဝတုန့်နှေးသွားပြီး ဘဏ်လုပ်ငန်းများကောင်စွာမလည်ပတ်နိုင်သလို ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး နှင့်ပညာရေးကဏ္ဍများ၌ အဓိကယန္တရားအားလုံးနီးပါးရပ်ဆိုင်းနေကြသည်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.