ရုရှားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကနေ ထက်ခွာသွားပြီ ဖြစ်ပါတယ်။စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ရုရှားခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်…ဒုတိယအကြိမ် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။
စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ကို မနေ့က အခုလိုကြေညာသွားပါတယ်။ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ…


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ဖိတ်ကြားချက်အရ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက်ရောက်ရန်..
အတွက် ဒီကနေ့မနက်ပိုင်းကအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှ အထူးလေယာဉ်ဖြင့် နေ ပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာပါတယ်။” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့လည်းရုရှားခရီးစဉ်မှာ လိုက်ပါသွားပါတယ်။

ရုရှားက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတကာလုံခြုံရေးညီလာခံကို ဇွန်လ ၂၂-၂၄ ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပါတယ်။ ဖေဖော် ဝါရီလက သူဦးဆောင်တဲ့ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလကပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ…

အထူးအစည်းအဝေးပွဲကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။NLD ပါတီအပြတ် အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေ ရှိခဲ့တယ်ဆိုတဲ့စစ်တပ်ရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက….

ပယ်ချပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့တာပါ။နိုင် ငံတကာ စောင့်ကြည့်ရေး အဖွဲ့တွေကတော့ ရွေး ကော က်ပွဲဟာ တရားမျှတမှု ရှိတယ်လို့ ပြောဆိုထားကြတာပါ။

သောကြာနေ့ကပြုလုပ်တဲ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးရဲ့ မြန်မာ့အရေး ဆုံးဖြတ် ချက်မှာတော့ မြန်မာနိုင်ငံကိုလက် နက်တွေစီးဝင်မှု…တားဆီးရေးကိုတောင်းဆိုထားပြီး နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို လေးစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာစစ်တပ်ကိုတိုက်တွန်းထားပါတယ်။..