မတရားဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားငါးဦး ယနေ့ထက်တိုင်အဆက်သွယ် မရသေးတာကြောင့် မိသားစုတွေ စိတ်ပူနေကြ

ဇွန်လ လဆန်းပိုင်းမှာပျောက်ဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားငါးယောက်ဖြစ်တဲ့ ဇင်လင်းအောင်၊ မောင်မောင်မင်းခန့်၊ မင်းသုခကျော်၊ ထူးဝေလင်း၊ ဆုမွန်အောင်တို့ဟာ မိသားစုနဲ့ ယနေ့ထက်တိုင် အဆက်အသွယ်မရကြသေးပါဘူး။

မိသားစုနဲ့မိတ်ဆွေတွေဟာ အရမ်းကိုစိတ်ပူနေပြီး ပြည်သူတွေကလည်း ငါးယောက်လုံးဘေးကင်းစေဖို့ ဆုတောင်းပေးနေကြပါတယ်။ ဇင်လင်းအောင်နဲ့ မောင်မောင်မင်းခန့်တို့ဟာ ဇွန်လ (၈) ရက်နေ့က စတင်ပြီးအဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်များက ဖမ်းဆီးထားပြီး လက်ရှိမှာတော့ စစ်ကြောရေးသို့ရောက်ရှိနေနိုင်ကြောင်းနဲ့ မည်သည့်စစ်ကြောရေး ဆိုတာကို မသိရကြောင်း မိတ်ဆွေတစ်ချို့ရဲ့ပြောကြားချက်များအရသိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ‘s FB Acc

မောင်ထူးဝေလင်းကိုတော့ ဗုံး (၃) လုံးနှင့် သိမ်းဆည်းရမိဟူသော စွပ်စွဲချက်များဖြင့် ဇွန်လ (၅) ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ထို့ပြင် အကြမ်းဖက် ဖောက်ခွဲမှုများအတွက် ကြိုတင်ကင်းထောက်လုပ်ကြောင်း ၊ KIA တွင် စစ်သင်တန်း တက်ရောက်ထားသူဖြစ်ကြောင်း ၊ အကြမ်းဖက်မှုများ လုပ်ဆောင်ကြောင်း စသည့် စွပ်စွဲချက်များကိုပါ စစ်ကောင်စီ၏ရုပ်သံများမှတဆင့် ကြေညာခဲ့ပါတယ်။

သူနဲ့အတူ KIA မှာ အခြေခံစစ်သင်တန်းတက်ရောက်ပြီး ဖောက်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားရှိကြောင်း၊ လျှို့ဝှက်ဖောက်ခွဲရေးအတွက် သင်တန်းပေးရန်စီစဉ်ကြောင်း စသည့် စွပ်စွဲဖော်ပြခံထားရသော မောင်မင်းသုခကျော်သည်လည်း (၆) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်းကို စစ်ကောင်စီ၏ရုပ်သံများမှ ထပ်မံကြေညာခဲ့ပါတယ်။

ထို့ပြင်မင်းသုခကျော်ရဲ့ဖုန်းနဲ့ အခြားသူများကို ဆက်သွယ်ခိုင်းကာ အဖမ်းမခံရသယောင်ပြောဆိုခိုင်းပြီး တစ်နေရာတွင် ချိန်းဆိုခိုင်း၍ ထောင်ဖမ်းမှုများလည်း ရှိနေခဲ့ပါတယ်။ ၎င်းတို့ (၂) ဦးသည် စစ်ကြောရေးသို့ရောက်ရှိနေကြောင်း သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ‘s FB Acc

မဆုမွန်အောင်သည် (၆.၆.၂၀၂၁) ၊ နေ့လယ် (၁၁) နာရီအချိန်ခန့်က အိမ်ကထွက်သွားပြီး အခုအချိန်ထိ အိမ်ပြန်‌ရောက်ခြင်းမရှိဘဲ မိဘ ၊သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်လည်း ပြတ်တောက်လျက် ရှိပါတယ်။

သူမ၏ သူငယ်ချင်းများထံမှ အတည်ပြုထားသော အချက်အလက်များအရ ဇွန်လ (၅) ရက်နေ့ ညက ဖမ်းဆီးခံထားရသော မောင်မင်းသုခကျော်က ၎င်းကိုဆက်သွယ်ပြီး (၆.၇.၂၀၂၁) တွင် အကြောင်းကိစ္စတစ်ခု‌ကြောင့် တစ်‌နေရာတွင် ချိန်းဆိုထားကြောင်းကို သိထားရပါသည်။

ဖမ်းဆီးခံထားရ ၊ မခံရကို ယခုအချိန်ထိ အတည်ပြုမှုမရရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်လျက် ရှိသည်မှာ (၃) ရက်ခန့် ရှိပြီဖြစ်ပါတယ်။ ဒီလိုမတရားဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အမြန်ဆုံးလွတ် မြောက်စေဖို့အတွက် ပြည်သူတစ်ရပ်လုံးက ကြိုးစားပေးကြရမှာပါ။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ‘s FB Acc

သတင်းအရင်းမြစ်: Dagon University Students’ Union – ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ‘s FB Acc

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.