မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင်ကာ အစွမ်းကုန် ရပ်တည်ပေးခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ပြည်သူတွေနဲ့ တစ်သားတည်း လမ်းပေါ် နေ့စဉ်တိုင်းထွက်ကာ လှုပ်ရှားပါ ဝင်ကြသလို Follower သိန်းချီရှိတဲ့ အကောင့်တွေကနေလည်း နိုင်ငံတကာက မီဒီယာတွေ သိအောင် speak out လုပ်ပေးခဲ့ကြတာပါ ။
ဒါ့အပြင် တော်လှန်ရေးကြီးမှာ အသက်ပေးကြတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီလည်း သွားရောက်ကာ ဂုဏ်ပြုငွေများ ချီးမြှင့်ရင်း အားပေးစကားတွေလည်း ပြောကြားခဲ့တာလည်း တွေ့ရပါတယ် ။ တစ်ချို့အနုပညာရှင်တွေဆိုရင် အောင်မြင်မှုတွေကို စွန့်ခွာပြီး တိုင်းရင်းသားတွေ ဆီသွားရောက်ကာ စစ်သင်တန်းများ တက်ရောက်လျက်ရှိနေကြပါပြီ ။

တစ်ချို့ကလည်း ဖမ်းဆီးထိန်းသိမ်းခံထား ရတာတွေလည်း ရှိနေပါတယ်။ဒီနေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက်လာ တာကြောင့် အနုပညာရှင်တွေကော ပြည်သူ အားလုံးကပါ ဝမ်းသာပီတိ ဖြစ်နေကြတာပါ ။
ဒီသတင်းလေးနဲ့ ပတ်သက်ပြီး ကျော်ကျော်ကလည်း တိုက်ဆိုင်စွာ ဒီနေ့မှာပဲ ညီအစ်ကိုလိုခင်မင်ရတဲ့ ပြေတီဦးကို သတိ အရမ်းရမိကြောင်း ပြောကြားလာပါတယ်။

ဒါ့အပြင် ဦးတီတို့ ဇနီးမောင်နှံအပါအဝင် ဖမ်းဆီးခံထားရသူတိုင်းလည်း အမြန်လွတ်မြောက်စေချင်ကြောင်းကို ” ဒီနေ့တော့ အကိုတီ ကိုထူးထူးခြားခြားသတိရနေမိတယ်…သာမာန်ဆိုရင်တော့ အကိုနဲ့သွားလိုက် စားလိုက်…ပျော်ပျော်ပါးပါးနဲ့ညီအကိုတွေ အလုပ်တွေလဲ လုပ်နေကြပီပေါ့လေ…

ခုတော့ ဦးဌေး အိမ်ပြန်ရောက်ပီကြားတော့ ကိုတီနဲ့အစ်မ အန်ကယ်လေး ညီလေးပိုင်တံခွန်အပါအဝင် ဖမ်းစီးခံထားရတဲ့သူတွေလဲ ပြန်လည်လွတ်မြောက်လာမလားလို့ မျှော်နေမိတယ်…အမြန်သာလွှတ်ပေးလိုက်ကြပါတော့ဗျာ ” ဆိုပြီး ရေးသား ထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Source & Photo Credit : Kyaw Naing Oo Facebook Account