ဈေးကုန်းဆရာတော်ကို တပည့်တော်က မဲမသမာမှုကြောင့်သာ အာဏာသိမ်းခဲ့ရသည်ဟု မင်းအောင်လှိုင် လျှောက်ထား

ဈေးကုန်းဆရာတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု လျှောက်ထား

ဇွန်လ ၁၀ ရက်

စစ်လေယာဉ်ငယ်ပျက်ကျရာတွင် ပျံလွန်တော်မူသွားခဲ့သူတစ်ဦးဖြစ်သည့် ဈေးကုန်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်ဖူးမြော်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သောကြောင့် အာဏာသိမ်းခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။

ဆရာတော်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့သည်။

နေပြည်တော်မှ ယနေ့ နံနက် ၇ နာရီခန့်က ထွက်ခွာလာသော လေယာဉ်ငယ်တွင် ဈေးကုန်းဆရာတော်နှင့် စစ်ဘက်အရာရှိများ၊ အရပ်ဘက်လူပုဂ္ဂိုလ်များသည် ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့်

မဟာဝိသုတာရာဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တော်တင်အခမ်းအနားကျင်းပပြုလုပ်ရန် သွားရောက်ကြခြင်းဖြစ်သည်ဟု အာဏာပိုင်သတင်းရပ်ကွက်အရသိရသည်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.