မြန်မာပြည်မှ အိုင်းရစ်လူမျိုး

ရဟန်း( ၁၈၅၆- ၁၉၁၅)မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။

ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကားတလျှောက် ဖြတ်သန်းပေါက်ရောက်သည့် ပထမဦးဆုံးသော ရထားလမ်းများဖြင့် ခရီးနှင်လာရာ ဂျပန်သို့ မီးသင်္ဘောဖြင့် ရောက်ရှိခဲ့သည်။

ထို့နောက် သီပေါမင်း ပါတော်မူခါနီး အချိန်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ အတန်းပညာ မသင်ကြားခဲ့ရသော်လည်း ဗုဒ္ဓဘာသာကို ထူးထူးခြားခြား စိတ်ပါဝင်စားခဲ့ကာ ၁၈၉၀ ပြည့်နှစ်များတွင် ရဟန်းဝတ်ခဲ့ပြီး ပထမဦးဆုံးသော အနောက်တိုင်းသား သံဃာတစ်ဦး ဖြစ်လာခဲ့သည်။

နောက်တွင်မူ မြန်မာပြည်တစ်ဝန်း နာမည်ကြီး လာခဲ့ပြီး နောင်အခါ အာရှတစ်ဝှမ်းတွင် တရားဟော ဆရာတော်၊ နယ်ချဲ့ဆန့်ကျင်သူနှင့် ခရစ်ယာန်သာသနာပြုခြင်းကို ဆန့်ကျင်ခဲ့သူအဖြစ် ထင်ရှားလာလေသည်။

(ဗြိတိသျှအစိုးရက နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောသဖြင့် ဖမ်းဆီးခဲ့သည်) ဆရာတော်သည် စီယမ် (Siam)၊ စင်ကာပူ၊ စီလုံ (Ceylon) နှင့် သြစတြေးလျသို့ပင် ခရီးဆန့်ခဲ့သေးသည်။ ရန်ကုန်မြို့တွင် ဆယ်စုနှစ်များစွာ သီတင်းသုံးခဲ့ပြီး ၁၉၁၅ ခုနှစ်ဝန်းကျင်တွင် မပျောက် ချင်းမလှ ပျောက်သွားခဲ့သည်။ ။

Credit original upload

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.