မတရားမှုတွေကို လက်ပိုက်ကြည့်မနေနိုင်တော့လို့ ကင်မရာကိုင်တဲ့လက်ကနေ သေနတ်ကိုင် ခဲ့ရပုံကိုပြောပြလာတဲ့ လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်

လူငယ်တွေကတော့ သူတို့ရဲ့အနာဂတ်မျှော်လင့်ချက်တွေအတွက် လုံးဝနောက်မဆုတ်ဘဲရှေ့ဆက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ် ။ လူငယ်တွေကလမ်းပေါ်မှာ ဆန္ဒပြတဲ့အချိန်တုန်းကလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့သလိုအခုချိန်မှာလည်း PDF အဖွဲ့တွေထဲကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ် ။

ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တစ်ဦးကလည်းသူ့ရဲ့ဝါသနာတွေကို စွန့်လွှတ်ပြီး PDF အဖွဲ့ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။သူကတော့ ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်ရတဲ့ဘဝကနေလက်နက်ကိုင်ပြီး တောထဲတောင်ထဲမှာစစ်ရေးလေ့ကျင့်နေရတဲ့ဘဝကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ မတရားတွေကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ‌တတ်နိုင်တဲ့နေရာကနေ အစွမ်းကုန်တွန်းလှန်တိုက်ထုတ်ချင်တာကြောင့် အခုလိုလုပ်နေရတာဖြစ်ကြောင်း ပြောပြထားပါသေးတယ်။ မနေ့ကဆိုရင်လည်း သူကလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ပြည်သူတွေနဲ့စကားပြောခဲ့တာဖြစ်ပါတယ် ။

ဆန္ဒထုတ်ဖော်တဲ့အချိန်ကတည်းက ပြည်သူတွေကို ကာကွယ်ဖို့ ရှေ့တန်းမှာနေခဲ့တဲ့ လူငယ်လေးက အခုတော့ တိုက်ပွဲဝင်ဖို့အတွက် လေ့ကျင့်နေရရှာပြီ ဖြစ်ပါတယ် ။

ဒါကြောင့် သူက “အနုပညာနဲ့အလှတရားတွေ ဖန်တီးပေးတဲ့ ကျွန်တော့်ရဲ့ကင်မရာကိုင်ခဲ့တဲ့လက်က အခုတော့ သေမှကျေနပ်တဲ့ သေနတ်ကို ကိုင်နေရပြီ “ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။

သူကတော့ ပြည်သူတွေရဲ့မိသားစုတွေ၊ ပညာတတ်တဲ့ကလေးတွေ၊ အရည်အချင်းရှိတဲ့လူငယ်တွေရဲ့ဘဝတွေ ဒုက္ခဘေးကနေ လွတ်မြောက်သွားရင် ကျေနပ်ပါပြီဆိုပြီး Live မှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ် ။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.