မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေအရ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။
ဒါ့ပြင်မိုးတွင်းကာလလည်းဖြစ်တာကြောင့် စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ တောတောင်ထဲတွေမှာ ဒုက္ခမျိုးစုံတွေ့ကြုံခံစားနေကြရပါတယ်။

စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေကို တတ်နိုင်သရွေ့ရိက္ခာတွေပို့ကာကူညီပေးနေကြပေမယ့် သွားလာရေးခက်ခဲမှုတွေနဲ့ ရိက္ခာဖျက်ဆီးခံရမှုတွေကြောင့် ရိက္ခာတွေရောက်သင့်သလောက်မရောက်နိုင်ဖြစ်နေတာကိုတွေ့ရပါတယ်။

ကလေးငယ်တွေခမျာလည်း အရေပြားရောဂါတွေပါခံစားနေရတဲ့အပြင် အာဟာရချို့တဲ့မှုတွေကြောင့် နာမကျန်းဖြစ်နေကြရတာလည်းတွေ့ရပါတယ်။

အခုလိုအခြေအနေတွေကြောင့်စစ်ဘေးရှောင်စခန်းတွေထိ ကိုယ်တိုင်သွားကာ အခက်အခဲတွေကြားထဲကနေ ကူညီပေးနေကြတဲ့ ပရဟိတလူငယ်လေးတွေလည်းများစွာရှိတာကိုတွေ့ရပါတယ်။
မကြာသေးမီကလည်း ပရဟိတလူငယ်လေးတစ်ဦးက သူ့ရဲ့ Facebookစာမျက်နှာမှာ “ယနေ့စစ်ဘေးရှောင်ကလေးငယ်တွေအတွက်မိုင်လိုနဲ့ကိတ်ခြောက်ဘူဖေး တချို့ကလေးတွေရှယ်ကစ်တာရယ်၊ ကြိုက်ချက်ပဲ ။ ၃/၄ခွက်သောက်တာ ပြီးရင်ဗိုက်လေးပူပြီးပြန်သွားရော ။ တကယ်ချစ်စရာလေးတွေပါဗျာ။

သူတို့လေးတွေကိုမြင်ရတာစိတ်အေးချမ်းရသလို စိတ်လည်းမကောင်းဘူး (” ဆိုပြီး စာလေးနဲ့အတူ စစ်ဘေးသင့်ဒေသက ကလေးငယ်တွေရဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
သတင်းအရင်းမြစ်: Myanmarload