ကုန်းဘောင်ခေတ် မင်းသုံးဆက်တိုင် ဓါးထက်ခဲ့သော မိဖုရားကြီး (သို့) ကျပင်းမိဖုရားကြီး(မိမိလင်တော်မောင် ဘုရင်ကြီး ကိုပင်အဆိပ်ခပ်ပြီးအဆုံးစီရင်ခဲ့သူ)
ကုန်းဘောင်ခေတ်သမိုင်းကိုလေ့လာတဲ့အခါမှာ မိဖုရားတွေနဲ့ပတ်သတ်ပြီး နန်းမတော်မယ်နု၊ ဆင်ဖြူမရှင် ၊ စုဖုရားလတ် ဆိုတဲ့မြေးအဖွားသုံးယောက်ရဲ့ အာဏာ ဓါးထက်ခဲ့ပုံတွေကိုသာတွေ့ကြရမှာပါ။
ဒါပေမယ့်ဒီမိဖုရားကြီးတွေရဲ့ဘဝတွေဟာစ လယ် အဆုံး သုံးပါးလုံး ဓါးထက်ခဲ့သူတွေမဟုတ်ကြပါဘူး။
ဒီမိဖုရားကြီးရဲ့ဘဝကတော့ စလယ် အဆုံးသုံးပါးလုံး ဓါးထက်ခဲ့သည်သာမက ကုန်းဘောင်မင်းဆက် သုံးဆက်တိုင်တိုင်အာဏာ ကြီးခဲ့ပါတယ်။မိမိရဲ့အာဏာအတွက် နန်းသွေးတော်တော်များများ ကို သုတ်သင်ခဲ့ပါတယ်။
ယုတ်စွအဆုံး မိမိရဲ့ လင်တော်မောင်ဘုရင်ကြီး(စိတ္တဇ ဖြစ်နေသော သာယာဝတီမင်း) ကိုပင် အဆိပ်ဆေးခပ်ပြီး အဆုံးစီရင်ခဲ့သည်ရယ်လို့ ကောလဟာလ ထွက်စေခဲ့သည်အထိ ဖြစ်ခဲ့ပါတယ်။
နောက်ပြီး မြန်မာတို့အတွက်အရေးပါလွန်းလှတဲ့ ပင်လယ်ထွက်ပေါက်အပါအဝင် မြေကလားသော် သရက် ကုန်းကလားသော် တောင်ငူအထိ နယ်မြေတွေဆုံးရှူံးခဲ့ရတဲ့ အင်္ဂလိပ် မြန်မာဒုတိယ ကျူးကျော်စစ်ကြီးကို ဖြစ်စေခဲ့သူ အဖြစ် လက်ညှိုး ထိုးမယ်ဆိုရင် ရနိုင်လောက်ပါတယ်။
ဒါပေမယ့်ဒီကျူး ကျော်စစ်ကြီးတွေဟာ အင်္ဂလိပ်တွေရဲ့ ယုတ်မာတဲ့အကြံအစည်တွေနဲ့တနည်းမဟုတ်တနည်းပါဝင်ပတ်သတ်နေတဲ့အတွက် အဓိကတရားခံကတော့ မျက်နှာဖြူအင်္ဂလိပ်တွေသာဖြစ်ပါတယ်။
ဒီမိဖုရားကြီးဟာ ကုန်းဘောင်အဋ္ဌမမြောက်ဘုရင် သာယာဝတီမင်းကြီးရဲ့ မိဖုရားခေါင်ကျပင်းမိဖုရားကြီးဖြစ်ပါတယ်။ နောင်တက်လာတဲ့ ကုန်းဘောင်နဝမမြောက်ဘုရင် ပုဂံမင်းလက်ထက်မှာလဲ မယ်တော်မိဖုရားကြီး ဘဝနဲ့ ခမည်းတော်သာယာဝတီမင်းလက်ထက်က စံနေရင်း တောင်နန်းတော်ဆောင်မှာပဲ အခမ် းအနား အခြွေအရံ စည်းစိမ်နဲ့တကွ စံခွင့်ရခဲ့ပါတယ်။
အလားတူ သမက်တော် မင်းတုန်းမင်းကြီး လက်ထက်ရောက်တဲ့အခါမှာလဲ ဘုရင့်ယောက္ခမဘဝနဲ့ အခမ်းနားဆုံးသော မင်းစည်းစိမ်တွေကိုခံစားရင်း နတ်ရွာစံတဲ့အထိနေခဲ့ရပါတယ်။
သာယာဝတီမင်း နန်းရတဲ့အချိန်မှာ ကျပင်းမိဖုရားကြီးဟာ
ရာဇဘိသေက ဘိတ်သိတ်ခံယူပြီး ကုန်းဘောင် အဋ္ဌမမြောက်မိဖုရားခေါင်ကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။
သာယာဝတီမင်း ဟာ မိမိရဲ့ မိဖုရားခေါင်ကျပင်းမိဖုရားကြီးက မွေးဖွားတဲ့ပုဂံမင်းသားထက် အလယ်နန်းမိဖုရားကဖွားမြင်တဲ့
သားတော်တွေ ဖြစ်တဲ့ ပခန်းမင်းသားနဲ့ပြည်မင်းမင်းသားကို
အရေးပေးချစ်ခင်ခဲ့ပါတယ်။
သာယာဝတီမင်းကြီး စိတ္တဇ ရောဂါစွဲကပ်တဲ့အချိန်ကစပြီး မိမိသားရဲ့ ထီးနန်းလုဘက်ဖြစ်တဲ့ပြည်မင်းသား၊ ပခန်းမင်းသားနဲ့တကွ မြောက်သားတော်အခြွေအရံတွေကို ဘုရင့်အမိန့်နဲ့ဖမ်းဆီးပြီး သုတိသင်ပြစ်ခဲ့တယ်။
နောက်ပြီး ပုဂ္ဂလိက ရန်ငြိုးထားပြီး သာယာဝတီမင်းရဲ့သာမန်အရပ်သူ အနောက်နန်းမိဖုရာမြလေးကိုလဲ ဘုရင့်အမိန့်သုံးကာ သာယာဝတီမင်းရဲ့သားတော်ပြည်မင်းသားနဲ့ဖောက်ပြန်သည်ဟုစွပ်စွဲပီး ဆင်နဲ့နင်း အဆုံးစီရင်စေပါတယ်။
အဲ့ဒီအချိန်မှာသာယာဝတီမင်းကြီးရဲ့အခြေအနေဟာ တော်တော်ဆိုးရွားနေပါပြီ။ ကြေးနဲ့ပြုလုပ်ထားတဲ့ ထောင်ထဲမှာ သီးသန့်ထားပြီး သာမန်အဆင့်ကိုယ်လုပ်တော်ကမွေးဖွားပြီး ထီးနန်းလုနိုင်ခြေမရှိတဲ့ တရုတ်မြှော်မင်းသားလေးကို အစောင့်အနေနဲ့ထားကြပါတယ်။
အဲ့ဒီနောက်မကြာခင်မှာပဲဘုရင်ကြီးဟာ နတိရွာစံခဲ့ရပါတယ်(မိဖုရားခေါင်ကျပင်းမိဖုရားကြီးက အဆိပ်ဆေးတိုက်၍သေစေခဲ့သည်ဟု ကောလဟာလရှိခဲ့ပါတယ်)
လင်တော်မောင်ဘုရင်သေဆုံးပြီးတဲ့နောက်မှာတော့ သားတော်ပုဂံမင်းနန်းတက်လာပါတယ်။သားတော်လက်ထက်မှာလဲထီးနန်းလုနိုင်ချေရှိတဲ့ ပြည်မင်းသား၊ ပခန်းမင်းသာတို့ရဲ့ အစွယ်အပွားတွေကို နှိမ်နင်းခဲ့ပါတယ်။
နောက်ပိုင်း ဘိုင်ဆပ်၊မောင်ပိန်တန်ခိုးထွားလာတော့ ကျပင်းမိဖုရားကြီးဟာ သားတော်အပေါ်သြဇာမလွှမ်းနိုင်ဘဲ ဘိုင်ဆပ်မောင်ပိန်လုပ်သမျှကို လစ်လျှူ ရှူ နေရသည်အထိ အာဏာမှေးမှိန်ခဲ့ရပါတယ်။
မကြာမီမှာပဲ မဘဲအရေးအခင်းပေါ်ပေါက်လာပြီး သာယာဝတီမင်းရဲ့ တောင်ဆောင်တော်မိဖုရား(အဆောင်ရမိဖုရား)
ကမွေးဖွားတဲ့ မင်းတုန်းမင်းသားနဲ် ကနောင်မင်းသားတို့ဟာ ပုန်ကန်ထွက်ပြေးရမည့်အခြေအနေဆိုက်ရောက်ခဲ့ပါတယ်။
အဲ့ဒီအခါမှာ ကျပက်းမိဖုရားကြီးဟာ သမီးတော်စုဖုရားကြီး(စင်္ကြာဒေဝီ) နဲ့ပူပေါင်းပြီးမင်းတုန်းမင်းသားဘက်ကို ဝင်ရောက်ခဲ့ပါတယ်။ဒီနောက်မှာတော့ တရားဝင်ပုန်ကန်မှုစတင်ပြီး ၃လ အကြာမှာပဲ ပုဂံမင်းကိုဖြုတ်ချနိုင်ခဲ့ပြီး မင်းတုန်းမင်းကြီးနန်းတက်လာခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးအတွင်းမှာပဲအင်္ဂလိပ်မြန်မာဒုတိယကျူးကျော်ာ်စစ်ကြီး ဖြစ်ပွားနေခဲ့ပြီး အောက်မြန်မာပြည်နဲ့တကွ ပင်လယ်ထွက်ပေါက်အားလုံး ဆုံးရှူံး ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ပုဂံမင်းရဲ့ ပဲ့ကိုင်ရှင် ဖြစ်ခဲ့တဲ့ မယ်တော်မိဖုရားကြီး ဟာ အလိုအလျောက်ပဲ ဒုတိယ ကျူ းကျော်စစ်ရဲ့ တရားခံလို့ပြောမယ်ဆိုရင် ရတဲ့ဘက်ပါနေပါတယ်။
မင်းတုန်းမင်းကြီး နန်းတကလာပြီးတဲ့နောက်မှာ မိမိရဲ့သမီးတော် စုဖုရားကြီး(စင်္ကြာဒေဝီ)ကိုတောင်နန်းတင်ပြီးမြှောက်စားခဲ့သည်သာမက ယောက္ခမတော် ကျပင်းမိဖုရားကြီးအတွက် ကိုလည်း
တောင်နန်းတော်တမျှ ခမ်းနားစွာဆောက်လုပ်ပြီး
ထားခဲ့ပါတယ်။
မင်းတုန်းမင်းကြီးရဲ့ မန္တလေးနန်းတော်ထဲမှာပဲ မင်းစည်းစိမ်အပြည့်အဝနဲ့ နှစ်ပေါင်းနှစ်ဆယ်နီးပါးစံနေခဲ့ရပါတယ်။သမီးတော်စုဖုရားကြီး နတ်ရွာမစံမီ တစ်နှစ်အလိုကျမှာသာ နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။
နတ်ရွာစံပြီးတဲ့နောက်မှာလည်း စကြဝတေးမန္ဓတ်မင်းတို့၏ မိဖုရားကို သင်္ဂြိုလ် သည့်နည်းအတိုင်းဟုဆိုကာ ခမ်းနားစွာ သင်္ဂြိုလ် ခဲ့ပြီးတဲ့နောက်မှာ အရိုးကို လှော်ကားနဲ့ တင်ပြီး ဧရာဝတီမြစ် ထဲချခဲ့ပါတယ်။
မန်းလေးနန်းတွင်းက သင်္ဂြိုလ် သည့်နေရာမှာလဲ ကျွန်းပြဿဒ် ဆောက်လုပ်ပြီး အမှတ်တရထားရှိခဲ့တာကို ယနေ့တိုင်တွေ့မြင်နိုင်ပါသေးတယ်။
Credit
Zawgyi
ကုန္းေဘာင္ေခတ္ မင္းသုံးဆက္တိုင္ ဓါးထက္ခဲ့ေသာ မိဖုရားႀကီး (သို႔) က်ပင္းမိဖုရားႀကီး(မိမိလင္ေတာ္ေမာင္ ဘုရင္ႀကီး ကိုပင္အဆိပ္ခပ္ၿပီးအဆုံးစီရင္ခဲ့သူ)
ကုန္းေဘာင္ေခတ္သမိုင္းကိုေလ့လာတဲ့အခါမွာ မိဖုရားေတြနဲ႕ပတ္သတ္ၿပီး နန္းမေတာ္မယ္ႏု၊ ဆင္ျဖဴမရွင္ ၊ စုဖုရားလတ္ ဆိုတဲ့ေျမးအဖြားသုံးေယာက္ရဲ႕ အာဏာ ဓါးထက္ခဲ့ပုံေတြကိုသာေတြ႕ၾကရမွာပါ။
ဒါေပမယ့္ဒီမိဖုရားႀကီးေတြရဲ႕ဘဝေတြဟာစ လယ္ အဆုံး သုံးပါးလုံး ဓါးထက္ခဲ့သူေတြမဟုတ္ၾကပါဘူး။
ဒီမိဖုရားႀကီးရဲ႕ဘဝကေတာ့ စလယ္ အဆုံးသုံးပါးလုံး ဓါးထက္ခဲ့သည္သာမက ကုန္းေဘာင္မင္းဆက္ သုံးဆက္တိုင္တိုင္အာဏာ ႀကီးခဲ့ပါတယ္။မိမိရဲ႕အာဏာအတြက္ နန္းေသြးေတာ္ေတာ္မ်ားမ်ား ကို သုတ္သင္ခဲ့ပါတယ္။
ယုတ္စြအဆုံး မိမိရဲ႕ လင္ေတာ္ေမာင္ဘုရင္ႀကီး(စိတၱဇ ျဖစ္ေနေသာ သာယာဝတီမင္း) ကိုပင္ အဆိပ္ေဆးခပ္ၿပီး အဆုံးစီရင္ခဲ့သည္ရယ္လို႔ ေကာလဟာလ ထြက္ေစခဲ့သည္အထိ ျဖစ္ခဲ့ပါတယ္။
ေနာက္ၿပီး ျမန္မာတို႔အတြက္အေရးပါလြန္းလွတဲ့ ပင္လယ္ထြက္ေပါက္အပါအဝင္ ေျမကလားေသာ္ သရက္ ကုန္းကလားေသာ္ ေတာင္ငူအထိ နယ္ေျမေတြဆုံးရႉံးခဲ့ရတဲ့ အဂၤလိပ္ ျမန္မာဒုတိယ က်ဴးေက်ာ္စစ္ႀကီးကို ျဖစ္ေစခဲ့သူ အျဖစ္ လက္ညွိုး ထိုးမယ္ဆိုရင္ ရနိုင္ေလာက္ပါတယ္။
ဒါေပမယ့္ဒီက်ဴး ေက်ာ္စစ္ႀကီးေတြဟာ အဂၤလိပ္ေတြရဲ႕ ယုတ္မာတဲ့အႀကံအစည္ေတြနဲ႕တနည္းမဟုတ္တနည္းပါဝင္ပတ္သတ္ေနတဲ့အတြက္ အဓိကတရားခံကေတာ့ မ်က္ႏွာျဖဴအဂၤလိပ္ေတြသာျဖစ္ပါတယ္။
ဒီမိဖုရားႀကီးဟာ ကုန္းေဘာင္အ႒မေျမာက္ဘုရင္ သာယာဝတီမင္းႀကီးရဲ႕ မိဖုရားေခါင္က်ပင္းမိဖုရားႀကီးျဖစ္ပါတယ္။ ေနာင္တက္လာတဲ့ ကုန္းေဘာင္နဝမေျမာက္ဘုရင္ ပုဂံမင္းလက္ထက္မွာလဲ မယ္ေတာ္မိဖုရားႀကီး ဘဝနဲ႕ ခမည္းေတာ္သာယာဝတီမင္းလက္ထက္က စံေနရင္း ေတာင္နန္းေတာ္ေဆာင္မွာပဲ အခမ္ းအနား အေႁခြအရံ စည္းစိမ္နဲ႕တကြ စံခြင့္ရခဲ့ပါတယ္။
အလားတူ သမက္ေတာ္ မင္းတုန္းမင္းႀကီး လက္ထက္ေရာက္တဲ့အခါမွာလဲ ဘုရင့္ေယာကၡမဘဝနဲ႕ အခမ္းနားဆုံးေသာ မင္းစည္းစိမ္ေတြကိုခံစားရင္း နတ္႐ြာစံတဲ့အထိေနခဲ့ရပါတယ္။
သာယာဝတီမင္း နန္းရတဲ့အခ်ိန္မွာ က်ပင္းမိဖုရားႀကီးဟာ
ရာဇဘိေသက ဘိတ္သိတ္ခံယူၿပီး ကုန္းေဘာင္ အ႒မေျမာက္မိဖုရားေခါင္ႀကီးအျဖစ္ေရာက္ရွိခဲ့ပါတယ္။
သာယာဝတီမင္း ဟာ မိမိရဲ႕ မိဖုရားေခါင္က်ပင္းမိဖုရားႀကီးက ေမြးဖြားတဲ့ပုဂံမင္းသားထက္ အလယ္နန္းမိဖုရားကဖြားျမင္တဲ့
သားေတာ္ေတြ ျဖစ္တဲ့ ပခန္းမင္းသားနဲ႕ျပည္မင္းမင္းသားကို
အေရးေပးခ်စ္ခင္ခဲ့ပါတယ္။
သာယာဝတီမင္းႀကီး စိတၱဇ ေရာဂါစြဲကပ္တဲ့အခ်ိန္ကစၿပီး မိမိသားရဲ႕ ထီးနန္းလုဘက္ျဖစ္တဲ့ျပည္မင္းသား၊ ပခန္းမင္းသားနဲ႕တကြ ေျမာက္သားေတာ္အေႁခြအရံေတြကို ဘုရင့္အမိန့္နဲ႕ဖမ္းဆီးၿပီး သုတိသင္ျပစ္ခဲ့တယ္။
ေနာက္ၿပီး ပုဂၢလိက ရန္ၿငိဳးထားၿပီး သာယာဝတီမင္းရဲ႕သာမန္အရပ္သူ အေနာက္နန္းမိဖုရာျမေလးကိုလဲ ဘုရင့္အမိန့္သုံးကာ သာယာဝတီမင္းရဲ႕သားေတာ္ျပည္မင္းသားနဲ႕ေဖာက္ျပန္သည္ဟုစြပ္စြဲပီး ဆင္နဲ႕နင္း အဆုံးစီရင္ေစပါတယ္။
အဲ့ဒီအခ်ိန္မွာသာယာဝတီမင္းႀကီးရဲ႕အေျခအေနဟာ ေတာ္ေတာ္ဆိုး႐ြားေနပါၿပီ။ ေၾကးနဲ႕ျပဳလုပ္ထားတဲ့ ေထာင္ထဲမွာ သီးသန့္ထားၿပီး သာမန္အဆင့္ကိုယ္လုပ္ေတာ္ကေမြးဖြားၿပီး ထီးနန္းလုနိုင္ေျခမရွိတဲ့ တ႐ုတ္ျမႇော္မင္းသားေလးကို အေစာင့္အေနနဲ႕ထားၾကပါတယ္။
အဲ့ဒီေနာက္မၾကာခင္မွာပဲဘုရင္ႀကီးဟာ နတိ႐ြာစံခဲ့ရပါတယ္(မိဖုရားေခါင္က်ပင္းမိဖုရားႀကီးက အဆိပ္ေဆးတိုက္၍ေသေစခဲ့သည္ဟု ေကာလဟာလရွိခဲ့ပါတယ္)
လင္ေတာ္ေမာင္ဘုရင္ေသဆုံးၿပီးတဲ့ေနာက္မွာေတာ့ သားေတာ္ပုဂံမင္းနန္းတက္လာပါတယ္။သားေတာ္လက္ထက္မွာလဲထီးနန္းလုနိုင္ေခ်ရွိတဲ့ ျပည္မင္းသား၊ ပခန္းမင္းသာတို႔ရဲ႕ အစြယ္အပြားေတြကို ႏွိမ္နင္းခဲ့ပါတယ္။
ေနာက္ပိုင္း ဘိုင္ဆပ္၊ေမာင္ပိန္တန္ခိုးထြားလာေတာ့ က်ပင္းမိဖုရားႀကီးဟာ သားေတာ္အေပၚၾသဇာမလႊမ္းနိုင္ဘဲ ဘိုင္ဆပ္ေမာင္ပိန္လုပ္သမွ်ကို လစ္လ်ႉ ရႉ ေနရသည္အထိ အာဏာေမွးမွိန္ခဲ့ရပါတယ္။
မၾကာမီမွာပဲ မဘဲအေရးအခင္းေပၚေပါက္လာၿပီး သာယာဝတီမင္းရဲ႕ ေတာင္ေဆာင္ေတာ္မိဖုရား(အေဆာင္ရမိဖုရား)
ကေမြးဖြားတဲ့ မင္းတုန္းမင္းသားနဲ္ ကေနာင္မင္းသားတို႔ဟာ ပုန္ကန္ထြက္ေျပးရမည့္အေျခအေနဆိုက္ေရာက္ခဲ့ပါတယ္။
အဲ့ဒီအခါမွာ က်ပက္းမိဖုရားႀကီးဟာ သမီးေတာ္စုဖုရားႀကီး(စၾကၤာေဒဝီ) နဲ႕ပူေပါင္းၿပီးမင္းတုန္းမင္းသားဘက္ကို ဝင္ေရာက္ခဲ့ပါတယ္။ဒီေနာက္မွာေတာ့ တရားဝင္ပုန္ကန္မႈစတင္ၿပီး ၃လ အၾကာမွာပဲ ပုဂံမင္းကိုျဖဳတ္ခ်နိဳင္ခဲ့ၿပီး မင္းတုန္းမင္းႀကီးနန္းတက္လာခဲ့ပါတယ္။
ဒီအေရးေတာ္ပုံႀကီးအတြင္းမွာပဲအဂၤလိပ္ျမန္မာဒုတိယက်ဴးေက်ာ္ာ္စစ္ႀကီး ျဖစ္ပြားေနခဲ့ၿပီး ေအာက္ျမန္မာျပည္နဲ႕တကြ ပင္လယ္ထြက္ေပါက္အားလုံး ဆုံးရႉံး ခဲ့ရပါတယ္။ ဒီအတြက္ေၾကာင့္ ပုဂံမင္းရဲ႕ ပဲ့ကိုင္ရွင္ ျဖစ္ခဲ့တဲ့ မယ္ေတာ္မိဖုရားႀကီး ဟာ အလိုအေလ်ာက္ပဲ ဒုတိယ က်ဴ းေက်ာ္စစ္ရဲ႕ တရားခံလို႔ေျပာမယ္ဆိုရင္ ရတဲ့ဘက္ပါေနပါတယ္။
မင္းတုန္းမင္းႀကီး နန္းတကလာၿပီးတဲ့ေနာက္မွာ မိမိရဲ႕သမီးေတာ္ စုဖုရားႀကီး(စၾကၤာေဒဝီ)ကိုေတာင္နန္းတင္ၿပီးျမႇောက္စားခဲ့သည္သာမက ေယာကၡမေတာ္ က်ပင္းမိဖုရားႀကီးအတြက္ ကိုလည္း
ေတာင္နန္းေတာ္တမွ် ခမ္းနားစြာေဆာက္လုပ္ၿပီး
ထားခဲ့ပါတယ္။
မင္းတုန္းမင္းႀကီးရဲ႕ မႏၲေလးနန္းေတာ္ထဲမွာပဲ မင္းစည္းစိမ္အျပည့္အဝနဲ႕ ႏွစ္ေပါင္းႏွစ္ဆယ္နီးပါးစံေနခဲ့ရပါတယ္။သမီးေတာ္စုဖုရားႀကီး နတ္႐ြာမစံမီ တစ္ႏွစ္အလိုက်မွာသာ နတ္႐ြာစံကံေတာ္ကုန္ခဲ့ပါတယ္။
နတ္႐ြာစံၿပီးတဲ့ေနာက္မွာလည္း စၾကဝေတးမႏၶတ္မင္းတို႔၏ မိဖုရားကို သျဂၤိုလ္ သည့္နည္းအတိုင္းဟုဆိုကာ ခမ္းနားစြာ သျဂၤိုလ္ ခဲ့ၿပီးတဲ့ေနာက္မွာ အရိုးကို ေလွာ္ကားနဲ႕ တင္ၿပီး ဧရာဝတီျမစ္ ထဲခ်ခဲ့ပါတယ္။
မန္းေလးနန္းတြင္းက သျဂၤိုလ္ သည့္ေနရာမွာလဲ ကြၽန္းျပႆဒ္ ေဆာက္လုပ္ၿပီး အမွတ္တရထားရွိခဲ့တာကို ယေန႕တိုင္ေတြ႕ျမင္နိုင္ပါေသးတယ္။
Credit