စစ်ဘုရင် ရာဇဓိရာဇ် ၏ ချစ်ငြိုးဖွဲ့ အပယ်ခံ တလမေဒေါ
တလမေဒေါ ဆိုသည်မှာ ဟံသာဝတီပြည့်ရှင် စစ်ဘုရင်မင်းကြီး ရာဇဓိရာဇ် ခေါ် ဗညားနွဲ့ ၏ ပထမဆုံး မိဖုရားကြီး ဖြစ်ပါသည်။ဗညားနွဲ့ သည် ရာဇဓိရာဇ် ဟု၍ စစ်ဘုရင် ပြည့်ရှင်ကြီး မဖြစ်လာခင်ဆင်ဖြူရှင် ဗညားဦး ၏ သားတော်များထဲမှတပါးဖြစ်ပါသော်လည်း ရုပ်ဆင်းအင်္ဂါကြမ်းတမ်းလွန်း၍ ဖခမည်းတော် ကိုယ်တော်တိုင်က မချစ်ခင်၊ နန်းရွာ မစံခင်ထိ ထီးနန်းမပေးထိုက် ဟု မှာကြားခဲ့သည်ထိ စွန့်ပယ် ထားခံရသူ မင်းသားတပါးဖြစ်ပါတယ်။ မယ်တော် မွေ့ ဒေါ ( သီရိ မာယာဒေဝီ) ဟာ ဗညားနွဲ့ကို မွေးပြီးမကြာခင်မှာ ကံတော်ကုန်ခဲ့သလို အမိ မဲ့သား ရုပ်ရည်ကြမ်းကြမ်းမင်းသားအဖြစ် အရီးတော် မဟာဒေဝီ လက်ထဲကနေ ကြီးပြင်းလာရသူဖြစ်ပါတယ်။ မွေးရာပါ လျာမှာ အ စက်ပါလို့ အပသုံငယ် လို့ ခေါ်တွင်ခဲ့ပါတယ် …အဖေတူ အမေကွဲဖြစ်တော်သူ မိဖုရားများထဲမှ တပါး ၏ သမီးတော် ၂ ပါး တလမေဒေါနဲ့ တလမေသိရီ တို့နဲ့ အတူ ကြီးပြင်းလာရာက တလမေသီရီ အား ဇင်းမယ်သို့ ဆက်သခံရချိန် ဗညားနွဲ့ အသက် ၁၅ နစ်အရွယ်အချိန်မှာတလမေဒေါနဲ့ ချစ်ကျွမ်းဝင်ပြီး တလမေဒေါကို ဒဂုံဘက်သို့ ခိုးပြေးခဲ့ပါတယ်။၂ ဦးလုံးကို မုံညက်မှာ ပြန်လည်ဖမ်းမိပြီး ဖခမည်းတော်ဖြစ်သူ မှာ အမျက်တော်ရှလွန်း၍ အလွန်ချစ်မြတ်နိးရသော သမီးတော် ဖြစ်သူကို လက်သင့်ခံပေသော်လည်း သားတော်ဖြစ်သူ ဗညားနွဲ့ကို အကျဉ်းချ ချူပ်ထားခဲ့ပါတယ် ။အရီးတော် နားချလွန်း၍ ဗညားနွဲ့ကို အကျဉ်းမှ လွတ်ပြီး လက်ထပ်ပေးခဲ့ပါတယ်။ သူတို့ ၂ဦးမှ ဖွားမြင်သော သားတော် ကို အဘိုးဖြစ်သူ ဗညားဦးမှ ချစ်ခင်ယုယစွာဖြင့် ဗောလောအဲကျန်းတော ဟု အမည်ပေးခဲ့ပါတယ်။ဖခမည်းတော် ဗညားဦးနာမကျန်းဖြစ်ချိန်မှာ တလမေဒေါ၏ အမတော် တလမေသီရိ ၏ ခင်ပွန်း သမိန့်မရူး နင့် အရီးတော် မဟာဒေဝီ တို့ ညှိစွန်းကာ ပူပေါင်းပြီး ပုန်ကန်ဖို့ ကြိုးစားချိန်မှာ ဗညားနွဲ့ဟာ ထောင်ထားခြားနားရန်ဟံသာဝတီ မှ ဒဂုံ သို့ ချီတက်ခဲ့ပါတယ်။ စစ်ချီသည့် ထုံးတမ်းအရ မိဖုရားဖြစ်သူကိုပါ ခေါ်သွားရမည့်ကို တလေမေဒေါတို့ သားအမိကို ခေါ်သွားခြင်း မပြုခဲ့ပါဘူး။ မိမိ နိမ့်ကျစဉ် အစွန့်ပယ်ခံ မင်းသားဘဝ ထဲက ပါရမီဖြည့်လာသူ တလမေဒေါ မင်းသမီး အနေနဲ့ ဘာကြောင့် အချစ်ပြယ်လို့ များ ထားခဲ့သလဲ နားမလည်နိင်ရှာပါဘူး။ဒဂုံကိုချီတက်ပြီး ၈လ အကြာမှာ ဟံသာဝတီထီးနန်းကို သိမ်းပိုက်လို့ ရာဇဓိရာဇ် ဘွဲ့ခံယူကာ ပဒေသရာဇ် နိင်ငံအများအပြားနဲ့ စစ်ရေးပြိုင် အနိင်ရလို့ သူရဲကောင်း ဘုရင် တဦး ဖြစ်လာချိန်မှာတော့ တလမေဒေါအနေနဲ့ ချစ်ရသူ ခင်ပွန်းယောကျာ်း ဗညားနွဲ့ ၏ ဝေးသထက် ဝေး စွန့်ပစ်ခံ အပယ်မိဖုရား တပါးဖြစ်လာပါတယ်။ဗညားနွဲ့ ဒဂုံတွင် ၈လကြာနေထိုင်စဉ်က ကာမပိုင်လင်သားရှိသူ မွေ့မနိတ် ခေါ် ဆီသည်မ ကို ပထမအနေနဲ့ မိဖုရားအဖြစ် တော်ကောက် သလို ဒုတိယအနေနဲ့ နဂ္ဂဒါ ရွာသူ မွေ့သင်ကိုလဲ တော်ကောက်ကာ မိဖုရားမြောက်ခဲ့ပါတယ်။ ဘုရင်မှန်လျှင် မိဖုရားများသည်က ထုံးစံပင် မှန်သော်လဲ မိမိ၏အကြင်မယားနေရာတွင် ဆီသည်မ မွေ့မနိတ် ကို တော်ကောက် မိဖုရားအရာပေးသည်ထိ မိမိမှာ အမျက်တော်ရှ သဝန်မကြောင်သော်လည်း နန်းညွန့်နန်းယာ မင်းသမီးကြီး ပထမမိဖုရာကြီး မိမိထက် ဆီသည်မဘဝမှ လာသော မိဖုရားကို ပိုအလေးပေးကာ ပီယရာဇာဒေဝီ ဘွဲ့ ကိုပေးအပ်ကာ အထူး ချစ်ခင်အလေးပေးခဲ့ပါတယ်။ထို့အတူ နဂ္ဂဒါ ရွာသူ မွေ့သင် (ရှင်စောပု ၏ မယ်တော်) ကိုလဲ တလသုဒ္ဓမာယာဟု ဘွဲ့အမည်ခံ ပေးခဲ့လေသည်။ အချစ်ဆိုသည်မှာ မိမိနေရာ တစုံတဦးကို အစားထိုးရရိုးဆိုလျှင် ဖခမည်းတော် သဘောမတူသည့်ကြား အမျက်တော်ရှ ခံ ဘာကြောင့်များ မိမိအား ခိုးယူပေါင်းသင်းခဲ့ သနည်း။အစထဲက မချစ်မနစ်သက်ရိုး အမှန်လျှင် လက်ထပ်ယူပေါင်းသင်းပြီး မှ ဘာလို့ စွန့်ပစ်ထားခဲ့သနည်း။
နန်းညွန့် တော်ဝင် မင်းသမီး တပါး ဖြစ်ပါလျက် ဗညားနွဲ့ ရှင်ဘုရင်ဖြစ်လာသည့်တိုင် ငယ်ချစ်မိဖုရား မိမိကို သာမန်အရပ်သူထက် ပိုအရေးပေး ချစ်ပြတာထက် ပို၍ ရင်နာ စိတ်ထိခိုက်ရလွန်း၍ ဗညားနွဲ့ ထံ ဆီအိုး နဲ့ ချိန်ခွင် တခုကို အရွဲ့တိုက် လက်ဆောင်ပါးလိုက်သည်ကပဲ အ ချစ်ပြယ်စ မှာ အမျက်တော်ပိုရှလို့ အမုန်းဝင်လာလေသလား ?တလမေဒေါမှာ အချစ်မှာ တိုက်ရင်း ပို၍ ရှူံးလာရပြီ။ဗညားနွဲ့ သည် ပခူးသို့ ပြန်လည် ချီတက်လာပြီး ဘုရင်အဖြစ် အသက် ၁၆ နစ်အရွယ်တွင် ထီးနန်းသိမ်းပြီးနောက် ၂၃ နစ်တွင် ရာဇဘိသိက် ခံခဲ့သည်။ အရပ်သူဘ ဝမှ ကောက်ယူသော မိဖုရား ၂ပါးကို ဘွဲ့တော် အသီးသီး ပေးအပ်ကာ ဘိသက်ခံ ခဲ့သော်လဲ တလမေဒေါကို ဘွဲ့အမည်ပေးခြင်း၊ အတူဘိသက်ခံခြင်း မပြုပဲ ပစ်ပယ်ထားခဲ့သည်။ တလမေဒေါကို အခေါ်တော် လွတ်သော်လည်း အချောခံလိုသူ မိဖုရားအနေနဲ့ စိတ်နာရင်း ငိုလို့သာ နေတော့ မိမိသားဖြစ်သူ ဗောလောအဲကျန်းကို ကောက်ချီ ယူသွားသည်ကို မတားနိင်ပဲ နေခဲ့သည်။ဘာကြောင့်များ အမုန်းခလို့ အပယ်ခံ ဖြစ် လာရသလဲ နားမလည်နိင်သည့်အတူ ရာဇဓိရာဇ် ၏ အမုန်းတို့ကလဲ စူးသထက် စူးလို့သာ လာတော့သည်။ ဘာအငြိုးကြောင့်များ ငယ် ချစ် ဖြစ်သူ မိမိကို စွန့်ပစ်လို့ နေသလဲ မသိရ။ တနေ့ တနေ့ အရူးမီးဝိုင်း ငိုရ ကျွေးရ နင့် သေသည်ထက် ဆိုးလှသည်။တနေ့ ဖခမည်းတော် ပေး အပ်ချီးမြင့်ခဲ့သော လက်ဝတ်ရတနာတို့ကို အမတ်ဒိန်ကိုလွတ်ကာ သိမ်းယူခိုင်းသည်ထိ မိမိခင်ပွန်း ဗညားနွဲ့ ရက်စက်လာပါသည်။ တန် ဖိုး အကြီးဆုံး လက်စွပ် ၁၂ ကွင်းကို ဆံထုံး တွင် သိမ်းထားသည်ကို အမတ်ဒိန်သိသော်လဲ မင်းသမီး တလမေဒေါ ၏ဆံထုံးကို မထိရဲ ၍ အ မတ် ဒိန် ငိုလေပီ။ ရာဇဓိရာဇ် ကိုယ်တိုင်က ဆံထုံးကို ဖြေ၍ ယူခဲ့ရမည် ဟု မှာကြားလိုက်သော အမိန့်ကြောင့် အထိနာကာလက်စွပ် ၁၂ ကွင်းကို ကိုယ်တိုင် ထုတ်ပေးခဲ့တယ်။မချစ်သောသူနင့် ပေါင်းရသော ဒုက္ခချစ်သောသူနင့် ကွေကွင်းရသော ဒုက္ခတွေထက်ဆိုးလှသော မိမိချစ်သော သူ၏ ပစ်ပယ်ရက်စက်မှုဒဏ်က ပို၍ ရင်နာရလှသည်။ငယ်ချစ်မယားဖြစ်ပါလျက် မထောက်ထားသော ငြိုးမယ်ဖွဲ့ ရက်စက်နေသော ရာဇဓိရာဇ် ၏ လုပ်ရပ် တို့ကြောင့် စိတ်ချုံး နာကျကာ သိမ်မဖုံ နဲ့ သံပုရာ ရောလို့ မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့ပါတယ်။တလမေဒေါ သေသွားသည်ထိ ဒီမှာတင် ဇာတ်လမ်း မပြတ်ခဲ့ပါဘူး။ သေသွားသည်ထိ မိမိအပေါ် အမုန်း မပြယ်ချက်က မိမိတို့ ၂ဦးသား ချစ် ကြင်နာစဉ်က မွေးဖွားခဲ့သော သား ကို အရွယ်ရောက် သည်ထိ အထိန်းတော်နဲ့ မွေးခဲ့ပြီးမှမင်းပျို မင်းလွင် အရွယ်မှာ စစ်ရေးလိုက်စားသည်ကိုကြည့်ပီး ပုန်ကန်မည့် အထင်နဲ့ မိမိနဲ့ တလမေဒေါရဲ့ သွေးသား ဗောလောအဲကျန်းတော ကို သတ်စေခဲ့ပါတယ်။ရာဇဓိရာဇ် ရဲ့ မတရားတဲ့ မိန်းမတယောက်အပေါ်က အငြိုးဟာ ဒီမှာပဲ အဆုံးသတ်ပါတယ်။ ဘာကြောင့်များ ငြိုးမယ်ဖွဲ့ ရက်စက်ရသလဲ အကြောင်းရင်း သေချာမသိသလို ဖခမည်းတော်ရဲ့ ချစ်ခင်မှုအထူးခံရသော တလမေဒေါ ၊ဖခမည်းတော်ရဲ့ အငြိုငြင်ခံ မင်းသား ဗညားနွဲ့ဖခင်ကိုယ်တိုင်က နတ်ရွာမစံခင်ကကို ထီးနန်းမပေးနဲ့ ဟု မှာကြားခဲ့တာကို စိတ်နာလွန်းလို့ ကိုယ်တိုင် တိုက်ပွဲဝင် ဘုရင် ဖြစ်လာချိန်မှာတော့ ဖခမည်းတော်ချစ်ရသော တလမေဒေါ မင်းသမီးကို အငြိုးထား ရက်စက်လေသလား ဟုပဲ တွေးမိပါသည်။အပြစ်မရှိပဲ နာကျင်ရလွန်းလို့ အဆိပ်သောက်သေခဲ့တဲ့ တလမေဒေါတယောက်လဲ တမလွန်ရောက်သည်ထိ မျက်ရည်တွေ ခုထိ တိတ်နိင်ပါ့မလား လို့ ပိုလို့ ဝမ်းနည်းရပါတယ်။
Credit