အသက်အငယ်ဆုံးစစ်ဘုရင်မင်းရဲကျော်စွာ နှင့် ၎င်း၏ထင်ရှားသော တိုက်ပွဲများ

အသက်အငယ်ဆုံးစစ်ဘုရင်မင်းရဲကျော်စွာ နှင့် ၎င်း၏ထင်ရှားသော တိုက်ပွဲများ

 

 

 

မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင်နှင့် မိဖုရား ရှင်မိနောက်တို့တွင် မြင်သည့် သားတော်ဖြစ်၍ ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။

ကိုယ်ဝန်ရှိစဉ်တွင်မိဖုရားသည် ဟံသာဝတီမှ မြေစေး၊ မုတ္တမ မှ မြေသင်းခဲ နှင့် ပင်စလိုင်ကျွန်း(ခေါင်းဆေးကျွန်း)မှ ရေအေး စသည်တို့ကို စားသောက်လိုသည့် ချဉ်ခြင်းဖြစ်လေသည်။ ငယ်မည်မှာ မင်းဖြူ ဖြစ်သည်။ တိုက်ပွဲများ – ရခိုင်တိုက်ပွဲ -သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးသည် အင်းဝပိုင် ယော၊ ဆော၊ လောင်းရှည်တို့ကို ထိပါးလာ၏။

ထိုအခါ ဘုရင်မင်းခေါင်သည် သားတော် မင်းရဲကျော်စွာကို ဗိုလ်မှူးခန့်၍ တပ် ၁ဝ တပ်နှင့် ရခိုင်သို့ ချီစေ၏။ ထိုအခါ မင်းရဲကျော်စွာသည် သက်တော် ၁၃ နှစ်သို့ ဝင်ရုံသာ ရှိသေးသည်။ရခိုင်ဘုရင်လည်း စစ်သည်အများနှင့် နနွင်းတောင်က ကြို၍ ခံလာ၏။

လက်ဝဲ-လက်ယာ ၃ တပ်စီ၊ အလယ် ၄ တပ်ကို မင်းရဲကျော်စွာမှူး၍ ရဲမြတ်စွာ ဟူသော ဆင်ကိုစီးလျက် မြင်း ၃,ဝဝဝ အလယ်ကို ထွင်း၍ တိုက်၏။ ဤသို့ မင်းရဲကျော်စွာတိုက်၍ သူ့ဆင် ၄ စီး ၅ စီး လည်းပြီးနောက်၊ ရခိုင်ဘုရင် ထောရာကြီးစီးသောဆင်ကို တိုက်မည်ဟု လွှတ်လေရာ ရခိုင်ဘုရင်လည်း မခံနိုင်သဖြင့် ဆင်မှ မြင်းသို့ဆင်း၍ မြင်းတပ်နှင့် ခံသည်ကို အင်းဝမြင်းသည်တို့ဝိုင်း၍ တိုက်သည်တွင် ရခိုင်ဘုရင် ကျလေ၏။

ထိုအခါ ရခိုင်စစ်သည်တို့ ပျက်၍ ပြေးကြရလေသည်။ ရခိုင်မြို့ကိုသိမ်း၍မြို့စောင့်ထားပြီးလျှင် မင်းရဲကျော်စွာ တို့ ပြန်ခဲ့၏။ မင်းခေါင်သည် ကလေးစား အနော်ရထာမင်းစော အား ရခိုင်မြို့ကို ပေးတော်မူ၍ နောက်တစ်နှစ်တွင် သမီးတော် ရွှေပြည့်ချမ်းသာနှင့် ရခိုင်စား နော်ရထာကို စုံဖက်တော်မူ၏။မွန်တိုက်ပွဲ – သက္ကရာဇ် ၇၆၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာကို ပုခန်းတရဖျားကြီးသမီး စောမင်းလှ နှင့် စုံဖက်တော်မူ၍ အိမ်ရှေ့နှင်းတော်မူသည်။

 

ဆင်ကောင်း၊ မြင်းကောင်း အလုံးအရင်းများ ပေးတော်မူ၏။ ထိုအခါ ညီတော် မင်းသိဒ္ဓတ် အားကျ၍ ပုန်ကန်သည်။ နောင်မင်းခေါင်နှင့်တိုက်ရာတွင် ရှုံး၍ ရာဇာဓိရာဇ်ထံ ခိုဝင်လေသည်။ သက္ကရာဇ် ၇၇၂ ခုနှစ် သက်တော် ၂ဝ တွင် မင်းရဲကျော်စွာသည် ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် မွန်တို့ပြည်သို့ ချီလေ၏။ မြောင်းမြတွင် လှေတပ်ချင်း တိုက်၏။

မြို့ကိုကားမရချေ။ ပုသိမ် ခဲပေါင်မြို့များကိုလည်း လုပ်ကြံသည်။ မရချေ။ ထိုအခါ မင်းရဲကျော်စွာသည် မှူးမတ်ကြီးများနှင့် တိုင်ပင်ကာ မွန်တို့ပြည်ကို မလုပ်ကြံသေးဘဲ ပြန်၍ဆန်တက်ကာ ရခိုင် သံတွဲကို တိုက်ခိုက်အောင်မြင်ခဲ့ပြီးမှ အင်းဝသို့ ပြန်ခဲ့သည်။ ခမည်းတော်က ဆုလာဘ် များစွာပေး၏။

ရခိုင် သံတွဲမြို့ကို မင်းရဲကျော်စွာ လုပ်ကြံ၍ ရလေသည် နှင့် ရခိုင်မင်း နရမိတ်လှ ထွက်ပြေးရကြောင်းကို ရာဇာဓိရာဇ်ကြားသော် ၇၇၃ ခုနှစ်တွင် သံတွဲမြို့ကို လာရောက် လုပ်ကြံ အောင်မြင်၍ သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့ကို သံတွဲမြို့တွင် အခိုင်နေစေသည်။ ထိုအကြောင်းကို ဘုရင် မင်းခေါင်ကြားသော် သားတော်မင်းရဲကျော်စွာအား အလုံးအရင်း ကြီးစွာနှင့် သံတွဲမြို့ကို ဝိုင်းထားစေ၏။ ဤသို့ ဝိုင်းထားသဖြင့် မြို့တွင်းသား မွန်တို့ ငတ်လှသောကြောင့် လွှား၊ မောက် တို တို့ကိုသာ ချက်ပြုတ်စားသောက်ကြရကုန်၏။

ထိုအခါ သမိန် ဗြသအိုက်သည် ရာဇာဓိရာဇ် အလုံးအရင်းနှင့် စစ်ကူလာမည့် ဟန် ဥ ပါယ်တံမျဉ်ကြံသဖြင့် မင်းရဲကျော်စွာတို့ တပ်ခေါက်ပြီးလျှင် အင်းဝသို့ ပြန်လေသည်။ ထိုနောက် သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့လည်း ရခိုင်သို့ချီ၍ လုပ်ကြံအောင်မြင် သော် နရမိတ်လှကို နန်းတင်ပေးခဲ့လေသည်။သိန္နီတိုက်ပွဲ – သက္ကရာဇ် ၇၇၄ ခုနှစ်တွင် သိန္နီစော်ဘွားသည် အလုံးအရင်းများစွာနှင့် အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာ ဗိုလ်မှူးပြု၍ ခုခံရ၏။

ရှေးဦးစွာ မြင်းတပ်ချင်းတိုက်ရာ စော်ဘွား၏ မြင်း တပ် ပျက်ပြီးနောက် မင်းရဲကျော်စွာသည် ဆင်တော် ငချစ်ခိုင်ကိုစီး၍ စော်ဘွားဆင်နှင့် အတန်ကြာဝှေ့ ပြီးနောက် စော်ဘွားမူးယစ်နေသည်ကို သိတော်မူသည်နှင့် စော်ဘွားဆင်ပေါ်သို့ ခုန်တက်ပြီးလျှင် စော်ဘွားနှင့်တကွ ကုန်း လယ် နောက်ပဲ့တို့ကိုပါ ခုတ်ချလိုက်လေသည်။ စော် ဘွားကျလျှင် ရှမ်းစစ်သည်တို့ ပျက်၍ ပြေးလေ၏။

စော်ဘွား၏ သားနှင့်သမက်များကလည်း ဗိုလ်ပါစုရုံး၍ သိန္နီသို့ပြန်လေသည်ကို မင်းရဲကျော်စွာသည် သိန္နီအထိလိုက် ကာ မြို့ကို အကြိမ်ကြိမ်လုပ်ကြံသော်လည်း မရချေ။ ၅ လခန့် ကြာသော် ရှမ်းတို့သည် တရုတ်တို့ထံမှ အကူ အညီတောင်းလေ၍ တရုတ်တို့လာသည်ကို မင်းရဲကျော်စွာသည် တိုက်ဖျက်၍ လူသူဆင်မြင်းအများ ရလိုက်လေသည်။မင်းရဲကျော်စွာ သိန္နီသို့ ချီသည်ကြားသော် ရာဇာဓိရာဇ် လည်း ပြည်မြို့ကို ဝန်းရံလုပ်ကြံလာသည်။

သို့ရာတွင် မြို့ကို ပေါက်အောင် မတတ်နိုင်ချေ။ တစ်လခန့်ကြာသော် မုတ္တမကျေး ရေးမြို့ကို ယိုးဒယားတို့တိုက်လာကြောင်းကြားရာ သားတော် အား ပြည်မြို့ကိုဝန်းရံစေ၍ ရာဇာဓိရာဇ်မှာ မုတ္တမသို့ ချီလေ သည်။ ဘုရင်မင်းခေါင်လည်း သားတော် သိန္နီမှပြန်ရောက်လျှင် မင်းရဲကျော်စွာကား ကြည်းကြောင်း၊ မင်းခေါင်ကား ရေကြောင်းချီရသည်။ ရာဇာဓိရာဇ်လည်း ပြည်မြို့သို့အရောက် ချီလာပြန်သည်။

ဤစစ်တွင် မွန်တို့အပျက်များသည်။ မွန်သူရဲကောင်း လဂွန်းအိမ်ကို မင်းရဲကျော်စွာ ဥပါယ်တံမျဉ်ဖြင့် သွေးခေါ်၍ တိုက်သည်ကို လိုက်မှားသည်နှင့် လက်နက်ထိ၍ လွန်သည်။အင်းဝဘက်ကလည်း မွန်အမှုထမ်း သူရဲ ကောင်း ပြည်စား လက်ယာပျံချီ လက်နက်ထိ၍ ကျဆုံးသည်။

ရာဇာဓိရာဇ်လည်း အားလျော့သောကြောင့် အပြင်းစုန်လေရာ မင်းရဲကျော်စွာက နောက်ထပ်လိုက်လေ၏။ အင်းဝတို့ သန်လျင် ကိုရပြီးနောက် အနောက်ဘက်တစ်လွှားဖြစ်သော ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်မြို့များမှ သုံ့ပန်းတို့ကို အင်းဝသို့ချည်း ပို့လေ၏။ နောင် အင်းဝသို့ သိန္နီက စစ်ရောက်သည်ကြား၍ အင်းဝတပ်တို့ ပြန်ကြသည်။

 

မော်တုံမော်ကယ်စား ရှမ်းတို့သည် နိုင်ငံတော်ဖြစ်သော မြေဒူးမြို့ကို ထိပါးလာသဖြင့် မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ချီတက် တိုက်ခိုက် အောင်မြင်ပြီးနောက် သက္ကရာဇ် ၇၇၆ ခုနှစ်တွင် မွန်တို့ပြည်သို့ ချီပြန်၏။ ရောက်သော် ခဲပေါင်မြို့ကို တပ်သားများအား အသက်စွန့်ကာ တိုက်ခိုက်စေပြီးနောက် အင်းဝတို့မှာ ရိက္ခာမလောက် ဖြစ်လေသည်။

ထိုနောက် မင်းရဲကျော်စွာသည် အင်းဝသို့ ရုတ်တရက် ခေတ္တပြန်သွားပြီးနောက် တစ်လအတွင်း ပြန်ရောက်လာ၏။ စစ်ဦးတွင် မွန်တို့ အကြိမ်ကြိမ်ရှုံး၍ ရာဇာဓိရာဇ်လည်း ဇာတာတော် မသန့်ဟုဆိုကာ မုတ္တမဘက်သို့ တိမ်းရှောင်နေရသည်။ အနောက်ဘက်တစ်လွှား ပုသိမ်၊ မြောင်းမြစသည်တို့လည်း အင်းဝများထံ ဝင်ကြလေသည်။

မင်းရဲကျော်စွာ မွန်သူရဲကောင်း သမိန်ဗရမ်းကိုရ၍ ခမည်းတော်ထံ ဆက်သသည်။ အင်းဝတို့လည်း စစ်တပ်တို့ကို အခွဲခွဲစီစဉ်လျက် အကြီး အကျယ် တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ဒလတိုက်ပွဲ – မင်းရဲကျော်စွာသည် ဒလတွင် တပ်ချ၍ အပြီးသတ်တိုက်ခိုက်ရန် ရာဇာဓိရာဇ်ထံ စာစေ၍ ရာဇာဓိရာဇ်လည်း ဒလသို့ စစ်သည်ဗိုလ်ပါများစွာနှင့် ချီလာလေသည်။

ရာဇာဓိရာဇ်သည် အမတ်ဒိန်အား မင်းရဲကျော်စွာကို အ မျက် ဒေါသထွက်အောင်၊ တပ်က လိုက်၍ထွက်အောင် မြှူချေ ဟု စေလိုက်၏။ အမတ်ဒိန်လည်း ဆင် ၅ စီး၊ လူ ၇ဝဝ၊ ၈ဝဝ ခန့်နှင့် မင်းရဲကျော်စွာတပ်အနီးသို့ လာရောက်၍ နေရာ ပြင်ဆင် အကွက်ချဟန်ပြုသည်ကို မင်းရဲကျော်စွာက မွန်တို့ကို လုပ်ကြံရန် ငါတို့လာသည်။ ယခုသူတို့က ငါတို့တပ်ကိုရံမည် ပြုသည်။ ထွက်၍တိုက်တော့မည်ဟု မိန့်တော်မူသည်။

မင်းရဲကျော်စွာသည် ဆင်တော်ငချစ်ခိုင်ကို စီး၍ ထွက်ချီခဲ့၏။ လိုက်လတ္တံ့သော နောက်ပါတပ်များတွင်လည်း မြေဒူးစားသည် မွန်တို့ထံမှ ဖမ်းဆီးရမိထားသော ဗကမတ်ဆင်ကို စီးရာဆင်ခါ၍ ကျချေ၏။ ဗကမတ်လည်း မြေဒူးစားကျလျှင် တပ်တွင်းရှိသော ဆင်မြင်းလူသူတို့ကို လိုက်လံဝှေ့သတ်သဖြင့် ပရမ်းပတာ ပြိုပြိုကွဲကွဲရှိချေသည်။

ထိုကြောင့်လည်း ရဲမက် တော်တို့သည် မင်းရဲကျော်စွာ ကိုမမီနိုင် တန့်လျက်သာ ရှိနေခဲ့ ရာ၊ မင်းရဲကျော်စွာသည် ရှေ့သို့လွန်လာ၏။ ထိုအခါ ကလေးကျေးတောင်ညိုသည် မိမိတပ်သားများနှင့် အမီလိုက်ရန်ကြိုးစားရာ၊ သူစီးသောဆင် မုန်ပြင်းနေ၍ နောက်က မြင်းကတောင်သံ ကိုကြားလျှင် နောက်ကိုပြန်၍ ဝှေ့လေသဖြင့် အထွေးထွေးရှိကြ၍ ခြေသည်မြင်းသည် ကွဲသောကြောင့် မင်းရဲကျော်စွာကို မမီ တပ်တော်ပျက်လေသည်။

မွန်တို့တပ် ၆ တပ်အနက် ၄ တပ် နှင်နှင်အစဉ်အတိုင်း ပျက် လေသည်။ နောက်တစ်တပ်ကို အတိုက်တွင် ဆင်တော် ပန်းလှ သည်နှင့် နောက်ကဆင်ကူလည်းမမီလာသောကြောင့် ဆင်တော် ရပ်လေသည်။

ဤသို့ ဆင်တော်ကွဲ၍ ပန်းနေသည်ကိုမြင်သော်၊ ရာဇာ ဓိရာဇ်၏ သားတော် ၃ ပါးကြီးမှူး၍ ဆင်အစီး ၃ဝ ခန့်နှင့် အုံညီ၍တိုက်လေ၏။ ဆင်တော်ကို လှံချက်တစ်ရာလောက် ကျလျှင် နာကျင်လှသဖြင့် ဆင်တော်ခါသောကြောင့် ဆင်တော် ထက်က လျှောကျ၍ ပေါင်ကို ဆင်ထိချေ၏။

ရပ်တော်မမူနိုင် တွားသွားလျက် ရေကန်နား ဥနှဲပင်အောက်သို့ ဝင်၍နေရလေသည်။ ဖမ်း၍မိလျှင် ရာဇာဓိရာဇ်က မင်းသား သူငယ်ဖြစ်သူကို ငါစိတ်နှလုံးအထူးမရှိ။ မောင်သည် အစားအစာ ဆေးဝါး စားပါ။ ကျန်းမာလာလျှင် သည်တွင်နေလိုလည်း ငါ့သမီးတော် နှင့် စုံဖက်၍ အိမ်ရှေ့ပေးပါမည်။ အင်းဝသို့ ပြန်လိုလျှင်လည်း ကောင်းစွာပို့ပေးမည်။ ကျန်းမာအောင်သာ ဆေးဝါးကုသပါဟု မိန့်၍ ဆေးဝါးများ ပေးတော်မူ၏။

ကွယ်လွန်ခြင်း – မင်းရဲကျော်စွာကား ငါသည် ဟံသာဝတီ မွန်ပြည်ကို မရဘဲ ငါမပြန်ဟု ဓိဋ္ဌာန်ရင်းရှိသည်။ ယခု ငါ သို့စင်ဖြစ်ပြီးမှ သူ့ကျွန်မခံပြီ။ ငါ့အသက် ရှင်သော်ထက် သေသော်မြတ်၏။ ငါဆေးဝါး မစားပြီ။

ငါ့ကို သတ်ရန်ကိုသာ စီရင်တော့ဟု ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာကို သေခါနီးတိုင် အောင်မှ စိတ်ကိုမလျှော့၊ နောင်သော် ငါ့ကိုပင် ကြံပြန်ချိမ့် မည်ဟူ၍ မိုးသောက်လျှင် (မူကွဲ ညဉ့်တွင်ပင် ) ဆင်ထိ တော်မူသော အနာသည်း၍ အနိစ္စရောက်လေသည်။ အဟန် ကောင်းမွန်စွာ သင်္ဂြိုဟ်လေသည်။

ဤသို့လျှင် မင်းရဲကျော်စွာ သည် သက္ကရာဇ် ၇၇၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၄ ရက်နေ့ (13 March 1415) ညဉ့် တွင် အနိစ္စရောက်သည်။ ဘုရင်မင်းခေါင်သည် ဒလသို့ စုန်လာ ၍ သားတော် ၏အရိုးတို့ကို မွန်တို့မြှုပ်ထားရာမှ ဖော်ယူပြီးလျှင် ရွှေအိုးတွင်ထည့်ကာ မထီးအဝ (ယခုပသီဝ) တွင် ချလေသည်။

ကိုးကား – ဒေါက်တာ နိုင်ပန်းလှ။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)ဆရာလွန်း။ မှန်နန်းရာဇဝင်တော်သစ်။ ပထမတွဲ။

 

Credit

 

Zawgyi

 

အသက္အငယ္ဆုံးစစ္ဘုရင္မင္းရဲေက်ာ္စြာ ႏွင့္ ၎၏ထင္ရွားေသာ တိုက္ပြဲမ်ား

 

 

မင္းရဲေက်ာ္စြာသည္ အင္းဝဘုရင္ ပထမမင္းေခါင္ႏွင့္ မိဖုရား ရွင္မိေနာက္တို႔တြင္ ျမင္သည့္ သားေတာ္ျဖစ္၍ ၇၅၂ ခုႏွစ္တြင္ ဖြားျမင္သည္။

ကိုယ္ဝန္ရွိစဥ္တြင္မိဖုရားသည္ ဟံသာဝတီမွ ေျမေစး၊ မုတၱမ မွ ေျမသင္းခဲ ႏွင့္ ပင္စလိုင္ကြၽန္း(ေခါင္းေဆးကြၽန္း)မွ ေရေအး စသည္တို႔ကို စားေသာက္လိုသည့္ ခ်ဥ္ျခင္းျဖစ္ေလသည္။ ငယ္မည္မွာ မင္းျဖဴ ျဖစ္သည္။ တိုက္ပြဲမ်ား – ရခိုင္တိုက္ပြဲ -သကၠရာဇ္ ၇၆၅ ခုႏွစ္တြင္ ရခိုင္ဘုရင္ ေထာရာႀကီးသည္ အင္းဝပိုင္ ေယာ၊ ေဆာ၊ ေလာင္းရွည္တို႔ကို ထိပါးလာ၏။

ထိုအခါ ဘုရင္မင္းေခါင္သည္ သားေတာ္ မင္းရဲေက်ာ္စြာကို ဗိုလ္မႉးခန႔္၍ တပ္ ၁ဝ တပ္ႏွင့္ ရခိုင္သို႔ ခ်ီေစ၏။ ထိုအခါ မင္းရဲေက်ာ္စြာသည္ သက္ေတာ္ ၁၃ ႏွစ္သို႔ ဝင္႐ုံသာ ရွိေသးသည္။ရခိုင္ဘုရင္လည္း စစ္သည္အမ်ားႏွင့္ နႏြင္းေတာင္က ႀကိဳ၍ ခံလာ၏။

လက္ဝဲ-လက္ယာ ၃ တပ္စီ၊ အလယ္ ၄ တပ္ကို မင္းရဲေက်ာ္စြာမႉး၍ ရဲျမတ္စြာ ဟူေသာ ဆင္ကိုစီးလ်က္ ျမင္း ၃,ဝဝဝ အလယ္ကို ထြင္း၍ တိုက္၏။ ဤသို႔ မင္းရဲေက်ာ္စြာတိုက္၍ သူ႕ဆင္ ၄ စီး ၅ စီး လည္းၿပီးေနာက္၊ ရခိုင္ဘုရင္ ေထာရာႀကီးစီးေသာဆင္ကို တိုက္မည္ဟု လႊတ္ေလရာ ရခိုင္ဘုရင္လည္း မခံနိုင္သျဖင့္ ဆင္မွ ျမင္းသို႔ဆင္း၍ ျမင္းတပ္ႏွင့္ ခံသည္ကို အင္းဝျမင္းသည္တို႔ဝိုင္း၍ တိုက္သည္တြင္ ရခိုင္ဘုရင္ က်ေလ၏။

ထိုအခါ ရခိုင္စစ္သည္တို႔ ပ်က္၍ ေျပးၾကရေလသည္။ ရခိုင္ၿမိဳ႕ကိုသိမ္း၍ၿမိဳ႕ေစာင့္ထားၿပီးလွ်င္ မင္းရဲေက်ာ္စြာ တို႔ ျပန္ခဲ့၏။ မင္းေခါင္သည္ ကေလးစား အေနာ္ရထာမင္းေစာ အား ရခိုင္ၿမိဳ႕ကို ေပးေတာ္မူ၍ ေနာက္တစ္ႏွစ္တြင္ သမီးေတာ္ ေ႐ႊျပည့္ခ်မ္းသာႏွင့္ ရခိုင္စား ေနာ္ရထာကို စုံဖက္ေတာ္မူ၏။မြန္တိုက္ပြဲ – သကၠရာဇ္ ၇၆၈ ခုႏွစ္တြင္ ဘုရင္မင္းေခါင္သည္ သားေတာ္မင္းရဲေက်ာ္စြာကို ပုခန္းတရဖ်ားႀကီးသမီး ေစာမင္းလွ ႏွင့္ စုံဖက္ေတာ္မူ၍ အိမ္ေရွ႕ႏွင္းေတာ္မူသည္။

 

ဆင္ေကာင္း၊ ျမင္းေကာင္း အလုံးအရင္းမ်ား ေပးေတာ္မူ၏။ ထိုအခါ ညီေတာ္ မင္းသိဒၶတ္ အားက်၍ ပုန္ကန္သည္။ ေနာင္မင္းေခါင္ႏွင့္တိုက္ရာတြင္ ရႈံး၍ ရာဇာဓိရာဇ္ထံ ခိုဝင္ေလသည္။ သကၠရာဇ္ ၇၇၂ ခုႏွစ္ သက္ေတာ္ ၂ဝ တြင္ မင္းရဲေက်ာ္စြာသည္ ဆင္၊ ျမင္း၊ ဗိုလ္ပါအမ်ားႏွင့္ မြန္တို႔ျပည္သို႔ ခ်ီေလ၏။ ေျမာင္းျမတြင္ ေလွတပ္ခ်င္း တိုက္၏။

ၿမိဳ႕ကိုကားမရေခ်။ ပုသိမ္ ခဲေပါင္ၿမိဳ႕မ်ားကိုလည္း လုပ္ႀကံသည္။ မရေခ်။ ထိုအခါ မင္းရဲေက်ာ္စြာသည္ မႉးမတ္ႀကီးမ်ားႏွင့္ တိုင္ပင္ကာ မြန္တို႔ျပည္ကို မလုပ္ႀကံေသးဘဲ ျပန္၍ဆန္တက္ကာ ရခိုင္ သံတြဲကို တိုက္ခိုက္ေအာင္ျမင္ခဲ့ၿပီးမွ အင္းဝသို႔ ျပန္ခဲ့သည္။ ခမည္းေတာ္က ဆုလာဘ္ မ်ားစြာေပး၏။

ရခိုင္ သံတြဲၿမိဳ႕ကို မင္းရဲေက်ာ္စြာ လုပ္ႀကံ၍ ရေလသည္ ႏွင့္ ရခိုင္မင္း နရမိတ္လွ ထြက္ေျပးရေၾကာင္းကို ရာဇာဓိရာဇ္ၾကားေသာ္ ၇၇၃ ခုႏွစ္တြင္ သံတြဲၿမိဳ႕ကို လာေရာက္ လုပ္ႀကံ ေအာင္ျမင္၍ သမိန္ျဗသအိုက္၊ သမိန္အဲေဂါင္းပိန္တို႔ကို သံတြဲၿမိဳ႕တြင္ အခိုင္ေနေစသည္။ ထိုအေၾကာင္းကို ဘုရင္ မင္းေခါင္ၾကားေသာ္ သားေတာ္မင္းရဲေက်ာ္စြာအား အလုံးအရင္း ႀကီးစြာႏွင့္ သံတြဲၿမိဳ႕ကို ဝိုင္းထားေစ၏။ ဤသို႔ ဝိုင္းထားသျဖင့္ ၿမိဳ႕တြင္းသား မြန္တို႔ ငတ္လွေသာေၾကာင့္ လႊား၊ ေမာက္ တို တို႔ကိုသာ ခ်က္ျပဳတ္စားေသာက္ၾကရကုန္၏။

ထိုအခါ သမိန္ ျဗသအိုက္သည္ ရာဇာဓိရာဇ္ အလုံးအရင္းႏွင့္ စစ္ကူလာမည့္ ဟန္ ဥ ပါယ္တံမ်ဥ္ႀကံသျဖင့္ မင္းရဲေက်ာ္စြာတို႔ တပ္ေခါက္ၿပီးလွ်င္ အင္းဝသို႔ ျပန္ေလသည္။ ထိုေနာက္ သမိန္ျဗသအိုက္၊ သမိန္အဲေဂါင္းပိန္တို႔လည္း ရခိုင္သို႔ခ်ီ၍ လုပ္ႀကံေအာင္ျမင္ ေသာ္ နရမိတ္လွကို နန္းတင္ေပးခဲ့ေလသည္။သိႏၷီတိုက္ပြဲ – သကၠရာဇ္ ၇၇၄ ခုႏွစ္တြင္ သိႏၷီေစာ္ဘြားသည္ အလုံးအရင္းမ်ားစြာႏွင့္ အင္းဝသို႔ ခ်ီလာသည္ကို မင္းရဲေက်ာ္စြာ ဗိုလ္မႉးျပဳ၍ ခုခံရ၏။

ေရွးဦးစြာ ျမင္းတပ္ခ်င္းတိုက္ရာ ေစာ္ဘြား၏ ျမင္း တပ္ ပ်က္ၿပီးေနာက္ မင္းရဲေက်ာ္စြာသည္ ဆင္ေတာ္ ငခ်စ္ခိုင္ကိုစီး၍ ေစာ္ဘြားဆင္ႏွင့္ အတန္ၾကာေဝွ႕ ၿပီးေနာက္ ေစာ္ဘြားမူးယစ္ေနသည္ကို သိေတာ္မူသည္ႏွင့္ ေစာ္ဘြားဆင္ေပၚသို႔ ခုန္တက္ၿပီးလွ်င္ ေစာ္ဘြားႏွင့္တကြ ကုန္း လယ္ ေနာက္ပဲ့တို႔ကိုပါ ခုတ္ခ်လိဳက္ေလသည္။ ေစာ္ ဘြားက်လွ်င္ ရွမ္းစစ္သည္တို႔ ပ်က္၍ ေျပးေလ၏။

ေစာ္ဘြား၏ သားႏွင့္သမက္မ်ားကလည္း ဗိုလ္ပါစု႐ုံး၍ သိႏၷီသို႔ျပန္ေလသည္ကို မင္းရဲေက်ာ္စြာသည္ သိႏၷီအထိလိုက္ ကာ ၿမိဳ႕ကို အႀကိမ္ႀကိမ္လုပ္ႀကံေသာ္လည္း မရေခ်။ ၅ လခန႔္ ၾကာေသာ္ ရွမ္းတို႔သည္ တ႐ုတ္တို႔ထံမွ အကူ အညီေတာင္းေလ၍ တ႐ုတ္တို႔လာသည္ကို မင္းရဲေက်ာ္စြာသည္ တိုက္ဖ်က္၍ လူသူဆင္ျမင္းအမ်ား ရလိုက္ေလသည္။မင္းရဲေက်ာ္စြာ သိႏၷီသို႔ ခ်ီသည္ၾကားေသာ္ ရာဇာဓိရာဇ္ လည္း ျပည္ၿမိဳ႕ကို ဝန္းရံလုပ္ႀကံလာသည္။

သို႔ရာတြင္ ၿမိဳ႕ကို ေပါက္ေအာင္ မတတ္နိုင္ေခ်။ တစ္လခန႔္ၾကာေသာ္ မုတၱမေက်း ေရးၿမိဳ႕ကို ယိုးဒယားတို႔တိုက္လာေၾကာင္းၾကားရာ သားေတာ္ အား ျပည္ၿမိဳ႕ကိုဝန္းရံေစ၍ ရာဇာဓိရာဇ္မွာ မုတၱမသို႔ ခ်ီေလ သည္။ ဘုရင္မင္းေခါင္လည္း သားေတာ္ သိႏၷီမွျပန္ေရာက္လွ်င္ မင္းရဲေက်ာ္စြာကား ၾကည္းေၾကာင္း၊ မင္းေခါင္ကား ေရေၾကာင္းခ်ီရသည္။ ရာဇာဓိရာဇ္လည္း ျပည္ၿမိဳ႕သို႔အေရာက္ ခ်ီလာျပန္သည္။

ဤစစ္တြင္ မြန္တို႔အပ်က္မ်ားသည္။ မြန္သူရဲေကာင္း လဂြန္းအိမ္ကို မင္းရဲေက်ာ္စြာ ဥပါယ္တံမ်ဥ္ျဖင့္ ေသြးေခၚ၍ တိုက္သည္ကို လိုက္မွားသည္ႏွင့္ လက္နက္ထိ၍ လြန္သည္။အင္းဝဘက္ကလည္း မြန္အမႈထမ္း သူရဲ ေကာင္း ျပည္စား လက္ယာပ်ံခ်ီ လက္နက္ထိ၍ က်ဆဳံးသည္။

ရာဇာဓိရာဇ္လည္း အားေလ်ာ့ေသာေၾကာင့္ အျပင္းစုန္ေလရာ မင္းရဲေက်ာ္စြာက ေနာက္ထပ္လိုက္ေလ၏။ အင္းဝတို႔ သန္လ်င္ ကိုရၿပီးေနာက္ အေနာက္ဘက္တစ္လႊားျဖစ္ေသာ ပုသိမ္၊ ေျမာင္းျမ၊ ခဲေပါင္ၿမိဳ႕မ်ားမွ သုံ႕ပန္းတို႔ကို အင္းဝသို႔ခ်ည္း ပို႔ေလ၏။ ေနာင္ အင္းဝသို႔ သိႏၷီက စစ္ေရာက္သည္ၾကား၍ အင္းဝတပ္တို႔ ျပန္ၾကသည္။

 

ေမာ္တုံေမာ္ကယ္စား ရွမ္းတို႔သည္ နိုင္ငံေတာ္ျဖစ္ေသာ ေျမဒူးၿမိဳ႕ကို ထိပါးလာသျဖင့္ မင္းရဲေက်ာ္စြာသည္ သကၠရာဇ္ ၇၇၅ ခုႏွစ္တြင္ ခ်ီတက္ တိုက္ခိုက္ ေအာင္ျမင္ၿပီးေနာက္ သကၠရာဇ္ ၇၇၆ ခုႏွစ္တြင္ မြန္တို႔ျပည္သို႔ ခ်ီျပန္၏။ ေရာက္ေသာ္ ခဲေပါင္ၿမိဳ႕ကို တပ္သားမ်ားအား အသက္စြန႔္ကာ တိုက္ခိုက္ေစၿပီးေနာက္ အင္းဝတို႔မွာ ရိကၡာမေလာက္ ျဖစ္ေလသည္။

ထိုေနာက္ မင္းရဲေက်ာ္စြာသည္ အင္းဝသို႔ ႐ုတ္တရက္ ေခတၱျပန္သြားၿပီးေနာက္ တစ္လအတြင္း ျပန္ေရာက္လာ၏။ စစ္ဦးတြင္ မြန္တို႔ အႀကိမ္ႀကိမ္ရႈံး၍ ရာဇာဓိရာဇ္လည္း ဇာတာေတာ္ မသန႔္ဟုဆိုကာ မုတၱမဘက္သို႔ တိမ္းေရွာင္ေနရသည္။ အေနာက္ဘက္တစ္လႊား ပုသိမ္၊ ေျမာင္းျမစသည္တို႔လည္း အင္းဝမ်ားထံ ဝင္ၾကေလသည္။

မင္းရဲေက်ာ္စြာ မြန္သူရဲေကာင္း သမိန္ဗရမ္းကိုရ၍ ခမည္းေတာ္ထံ ဆက္သသည္။ အင္းဝတို႔လည္း စစ္တပ္တို႔ကို အခြဲခြဲစီစဥ္လ်က္ အႀကီး အက်ယ္ တိုက္ခိုက္ရန္ ျပင္ဆင္ေလသည္။ ဒလတိုက္ပြဲ – မင္းရဲေက်ာ္စြာသည္ ဒလတြင္ တပ္ခ်၍ အၿပီးသတ္တိုက္ခိုက္ရန္ ရာဇာဓိရာဇ္ထံ စာေစ၍ ရာဇာဓိရာဇ္လည္း ဒလသို႔ စစ္သည္ဗိုလ္ပါမ်ားစြာႏွင့္ ခ်ီလာေလသည္။

ရာဇာဓိရာဇ္သည္ အမတ္ဒိန္အား မင္းရဲေက်ာ္စြာကို အ မ်က္ ေဒါသထြက္ေအာင္၊ တပ္က လိုက္၍ထြက္ေအာင္ ျမႇူေခ် ဟု ေစလိုက္၏။ အမတ္ဒိန္လည္း ဆင္ ၅ စီး၊ လူ ၇ဝဝ၊ ၈ဝဝ ခန႔္ႏွင့္ မင္းရဲေက်ာ္စြာတပ္အနီးသို႔ လာေရာက္၍ ေနရာ ျပင္ဆင္ အကြက္ခ်ဟန္ျပဳသည္ကို မင္းရဲေက်ာ္စြာက မြန္တို႔ကို လုပ္ႀကံရန္ ငါတို႔လာသည္။ ယခုသူတို႔က ငါတို႔တပ္ကိုရံမည္ ျပဳသည္။ ထြက္၍တိုက္ေတာ့မည္ဟု မိန႔္ေတာ္မူသည္။

မင္းရဲေက်ာ္စြာသည္ ဆင္ေတာ္ငခ်စ္ခိုင္ကို စီး၍ ထြက္ခ်ီခဲ့၏။ လိုက္လတၱံ့ေသာ ေနာက္ပါတပ္မ်ားတြင္လည္း ေျမဒူးစားသည္ မြန္တို႔ထံမွ ဖမ္းဆီးရမိထားေသာ ဗကမတ္ဆင္ကို စီးရာဆင္ခါ၍ က်ေခ်၏။ ဗကမတ္လည္း ေျမဒူးစားက်လွ်င္ တပ္တြင္းရွိေသာ ဆင္ျမင္းလူသူတို႔ကို လိုက္လံေဝွ႕သတ္သျဖင့္ ပရမ္းပတာ ၿပိဳၿပိဳကြဲကြဲရွိေခ်သည္။

ထိုေၾကာင့္လည္း ရဲမက္ ေတာ္တို႔သည္ မင္းရဲေက်ာ္စြာ ကိုမမီနိုင္ တန႔္လ်က္သာ ရွိေနခဲ့ ရာ၊ မင္းရဲေက်ာ္စြာသည္ ေရွ႕သို႔လြန္လာ၏။ ထိုအခါ ကေလးေက်းေတာင္ညိုသည္ မိမိတပ္သားမ်ားႏွင့္ အမီလိုက္ရန္ႀကိဳးစားရာ၊ သူစီးေသာဆင္ မုန္ျပင္းေန၍ ေနာက္က ျမင္းကေတာင္သံ ကိုၾကားလွ်င္ ေနာက္ကိုျပန္၍ ေဝွ႕ေလသျဖင့္ အေထြးေထြးရွိၾက၍ ေျခသည္ျမင္းသည္ ကြဲေသာေၾကာင့္ မင္းရဲေက်ာ္စြာကို မမီ တပ္ေတာ္ပ်က္ေလသည္။

မြန္တို႔တပ္ ၆ တပ္အနက္ ၄ တပ္ ႏွင္ႏွင္အစဥ္အတိုင္း ပ်က္ ေလသည္။ ေနာက္တစ္တပ္ကို အတိုက္တြင္ ဆင္ေတာ္ ပန္းလွ သည္ႏွင့္ ေနာက္ကဆင္ကူလည္းမမီလာေသာေၾကာင့္ ဆင္ေတာ္ ရပ္ေလသည္။

ဤသို႔ ဆင္ေတာ္ကြဲ၍ ပန္းေနသည္ကိုျမင္ေသာ္၊ ရာဇာ ဓိရာဇ္၏ သားေတာ္ ၃ ပါးႀကီးမႉး၍ ဆင္အစီး ၃ဝ ခန႔္ႏွင့္ အုံညီ၍တိုက္ေလ၏။ ဆင္ေတာ္ကို လွံခ်က္တစ္ရာေလာက္ က်လွ်င္ နာက်င္လွသျဖင့္ ဆင္ေတာ္ခါေသာေၾကာင့္ ဆင္ေတာ္ ထက္က ေလွ်ာက်၍ ေပါင္ကို ဆင္ထိေခ်၏။

ရပ္ေတာ္မမူနိုင္ တြားသြားလ်က္ ေရကန္နား ဥႏွဲပင္ေအာက္သို႔ ဝင္၍ေနရေလသည္။ ဖမ္း၍မိလွ်င္ ရာဇာဓိရာဇ္က မင္းသား သူငယ္ျဖစ္သူကို ငါစိတ္ႏွလုံးအထူးမရွိ။ ေမာင္သည္ အစားအစာ ေဆးဝါး စားပါ။ က်န္းမာလာလွ်င္ သည္တြင္ေနလိုလည္း ငါ့သမီးေတာ္ ႏွင့္ စုံဖက္၍ အိမ္ေရွ႕ေပးပါမည္။ အင္းဝသို႔ ျပန္လိုလွ်င္လည္း ေကာင္းစြာပို႔ေပးမည္။ က်န္းမာေအာင္သာ ေဆးဝါးကုသပါဟု မိန႔္၍ ေဆးဝါးမ်ား ေပးေတာ္မူ၏။

ကြယ္လြန္ျခင္း – မင္းရဲေက်ာ္စြာကား ငါသည္ ဟံသာဝတီ မြန္ျပည္ကို မရဘဲ ငါမျပန္ဟု ဓိ႒ာန္ရင္းရွိသည္။ ယခု ငါ သို႔စင္ျဖစ္ၿပီးမွ သူ႕ကြၽန္မခံၿပီ။ ငါ့အသက္ ရွင္ေသာ္ထက္ ေသေသာ္ျမတ္၏။ ငါေဆးဝါး မစားၿပီ။

ငါ့ကို သတ္ရန္ကိုသာ စီရင္ေတာ့ဟု ဆိုလွ်င္ ရာဇာဓိရာဇ္လည္း မင္းရဲေက်ာ္စြာကို ေသခါနီးတိုင္ ေအာင္မွ စိတ္ကိုမေလွ်ာ့၊ ေနာင္ေသာ္ ငါ့ကိုပင္ ႀကံျပန္ခ်ိမ့္ မည္ဟူ၍ မိုးေသာက္လွ်င္ (မူကြဲ ညဉ့္တြင္ပင္ ) ဆင္ထိ ေတာ္မူေသာ အနာသည္း၍ အနိစၥေရာက္ေလသည္။ အဟန္ ေကာင္းမြန္စြာ သျဂၤိုဟ္ေလသည္။

ဤသို႔လွ်င္ မင္းရဲေက်ာ္စြာ သည္ သကၠရာဇ္ ၇၇၆ ခုႏွစ္ ေႏွာင္းတန္ခူးလဆန္း ၄ ရက္ေန႕ (13 March 1415) ညဉ့္ တြင္ အနိစၥေရာက္သည္။ ဘုရင္မင္းေခါင္သည္ ဒလသို႔ စုန္လာ ၍ သားေတာ္ ၏အရိုးတို႔ကို မြန္တို႔ျမႇုပ္ထားရာမွ ေဖာ္ယူၿပီးလွ်င္ ေ႐ႊအိုးတြင္ထည့္ကာ မထီးအဝ (ယခုပသီဝ) တြင္ ခ်ေလသည္။

ကိုးကား – ေဒါက္တာ နိုင္ပန္းလွ။ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း။ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၉)ဆရာလြန္း။ မွန္နန္းရာဇဝင္ေတာ္သစ္။ ပထမတြဲ။

 

Credit

 

 

 

 

 

 

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.