မြန်မာရာဇဝင်ထဲက ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်လာသူ

မြန်မာရာဇဝင်ထဲက ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်လာသူ

 

 

ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်ခဲ့တဲ့ ငါတပါးမင်းဟာ ငယ်စဉ်က ဆရာရဟန်းတော်ထံမှာ ပိဋကတ် ဗေဒင် စသည့်ပညာရပ်များကို သင်ယူရင်း အလုပ်အကျွေးပြု့ နေခဲ့ပါတယ်။

တစ်နေ့မှာ ဆရာရဟန်း မွေးမြူထားတဲ့ ကြက်ဖဟာ အခါ ခပ်သိမ်း တွန်သမျှမှာ ငါ့ဦးခေါင်းစား ငါတပါးမင်း ဖြစ်လတ္တံ့ဟု တွန်စမတ်ပြု့ သဖြင့် ဆရာရဟန်းသည် တွေးတောတော်မူလျှက် ယင်းတိရစ္ဆာန်ဖြစ်လျှက်

ဤအခြင်းအရာကို တွန်သည်ဟူ၍ နှလုံးသွင်းထားပြီး မောင်ရှင်ငယ်( ငါတပါးမင်းအား) ခေါ်ယူ၍ ဤကြက်သည် အထူးအဆန်းသော အခြင်းအရာကို တွန်သည်ဖြစ်သော ကြောင့် ဤကြက်ကို ချက်ပြုတ်၍ ငါ့ကို ကပ်လော့ဟု မိန့်တော်မူပါတယ်။

မောင်ရှင်ငယ်သည် ဆရာပြောသည့်အတိုင်း ချက်ပြုတ်ပြီးသော အခါ ကြက်သားဟင်းကို ဆယ်ယူရာတွင် ကြက်ဦးခေါင်းသည် မီးဖို၌ ပြုတ်ကျလေသည်။ရှင်သူငယ်သည် ကြက်ဦးခေါင်း မသန့်ပြီဆိုကာ မကပ်တော့ဘဲ ဆေးကြောပြီး စားလိုက်လေသည်။

ဆရာတော်လည်း ၎င်းကြက်ဖတွန်သည်ကို မှန် မမှန် သိလိုတဲ့အတွက် တပည့် ရှင်သူငယ်အား ဓမ္မဝတ် ရာဇဝတ် စသည်တို့ကို သင်ကြားပေးပြီး စစ်သူကြီးထံ အပ်နှံလိုက်လေသည်။စစ်သူကြီးခေါ်ဆောင်လာသော ရှင်သူငယ်သည် လက်ရုံးရည် ကြံအင် လက္ခဏာပြည့်စုံတော်မူသည်ကို မင်းကြီး သီရိရာဇ်မှ တွေ့မြင်ပြီး အိမ်ရှေ့စံအဖြစ် လျှာထားလေတယ်။

နောင်အခါ ဘုရင်ဖြစ်လေသောအခါ ရာဇဝင်ဆရာတို့က ဒွတ္တပေါင်မင်းဆက်၏ အမျိုးအနွယ်မဟုတ်ဘဲ တစ်ပါးက မင်းဖြစ်သောကြောင့် ငတပါးမင်းဟု့ ခေါ်တွင်ခဲ့ကြပါတယ်။

သရေခေတ္တရာမင်း ဆက် ၂၇ ဆက်မြောက်ဖြစ်သော ငါတပါးမင်းသည် သာသနာတော် သက္ကရာဇ် ၄၃၃ ခုနှစ်တွင် ထီးနန်းစိုးစံခိုက် ပြည်မြို့ အနီးဝန်းကျင်တစ် ဝိုက်မှာ စေတီတော် ၁၂ ဆူ တည်ထားခဲ့သည့်အနက်

ရှေးဦးစွာ တည်ထားသော စေတီတော်ကြီးကို ကြက်ခေါင်းစားစေတီတော်ကြီးဟု ခေါ်တွင်စေခဲ့ပြီး၂၀၀၆ ခုနှစ်မှာတော့ ကြက်ခေါင်းစားစေတီမှ မဟာအတုလ အောင်တံခွန် ဘွဲ့အမည် ဖြစ်လာခဲ့ပြီး ဉာဏ်တော် ၁၀၄ ပေအထိ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရပေသည်။

 

Credit

 

Zawgyi

 

ျမန္မာရာဇဝင္ထဲက ၾကက္ေခါင္းစားလို႔ ဘုရင္ျဖစ္လာသူ

 

 

ၾကက္ေခါင္းစားလို႔ ဘုရင္ျဖစ္ခဲ့တဲ့ ငါတပါးမင္းဟာ ငယ္စဥ္က ဆရာရဟန္းေတာ္ထံမွာ ပိဋကတ္ ေဗဒင္ စသည့္ပညာရပ္မ်ားကို သင္ယူရင္း အလုပ္အေကြၽးျပဳ႕ ေနခဲ့ပါတယ္။

တစ္ေန႕မွာ ဆရာရဟန္း ေမြးျမဴထားတဲ့ ၾကက္ဖဟာ အခါ ခပ္သိမ္း တြန္သမွ်မွာ ငါ့ဦးေခါင္းစား ငါတပါးမင္း ျဖစ္လတၱံ့ဟု တြန္စမတ္ျပဳ႕ သျဖင့္ ဆရာရဟန္းသည္ ေတြးေတာေတာ္မူလွ်က္ ယင္းတိရစာၦန္ျဖစ္လွ်က္

ဤအျခင္းအရာကို တြန္သည္ဟူ၍ ႏွလုံးသြင္းထားၿပီး ေမာင္ရွင္ငယ္( ငါတပါးမင္းအား) ေခၚယူ၍ ဤၾကက္သည္ အထူးအဆန္းေသာ အျခင္းအရာကို တြန္သည္ျဖစ္ေသာ ေၾကာင့္ ဤၾကက္ကို ခ်က္ျပဳတ္၍ ငါ့ကို ကပ္ေလာ့ဟု မိန႔္ေတာ္မူပါတယ္။

ေမာင္ရွင္ငယ္သည္ ဆရာေျပာသည့္အတိုင္း ခ်က္ျပဳတ္ၿပီးေသာ အခါ ၾကက္သားဟင္းကို ဆယ္ယူရာတြင္ ၾကက္ဦးေခါင္းသည္ မီးဖို၌ ျပဳတ္က်ေလသည္။ရွင္သူငယ္သည္ ၾကက္ဦးေခါင္း မသန႔္ၿပီဆိုကာ မကပ္ေတာ့ဘဲ ေဆးေၾကာၿပီး စားလိုက္ေလသည္။

ဆရာေတာ္လည္း ၎ၾကက္ဖတြန္သည္ကို မွန္ မမွန္ သိလိုတဲ့အတြက္ တပည့္ ရွင္သူငယ္အား ဓမၼဝတ္ ရာဇဝတ္ စသည္တို႔ကို သင္ၾကားေပးၿပီး စစ္သူႀကီးထံ အပ္ႏွံလိုက္ေလသည္။စစ္သူႀကီးေခၚေဆာင္လာေသာ ရွင္သူငယ္သည္ လက္႐ုံးရည္ ႀကံအင္ လကၡဏာျပည့္စုံေတာ္မူသည္ကို မင္းႀကီး သီရိရာဇ္မွ ေတြ႕ျမင္ၿပီး အိမ္ေရွ႕စံအျဖစ္ လွ်ာထားေလတယ္။

ေနာင္အခါ ဘုရင္ျဖစ္ေလေသာအခါ ရာဇဝင္ဆရာတို႔က ဒြတၱေပါင္မင္းဆက္၏ အမ်ိဳးအႏြယ္မဟုတ္ဘဲ တစ္ပါးက မင္းျဖစ္ေသာေၾကာင့္ ငတပါးမင္းဟု႔ ေခၚတြင္ခဲ့ၾကပါတယ္။

သေရေခတၱရာမင္း ဆက္ ၂၇ ဆက္ေျမာက္ျဖစ္ေသာ ငါတပါးမင္းသည္ သာသနာေတာ္ သကၠရာဇ္ ၄၃၃ ခုႏွစ္တြင္ ထီးနန္းစိုးစံခိုက္ ျပည္ၿမိဳ႕ အနီးဝန္းက်င္တစ္ ဝိုက္မွာ ေစတီေတာ္ ၁၂ ဆူ တည္ထားခဲ့သည့္အနက္

ေရွးဦးစြာ တည္ထားေသာ ေစတီေတာ္ႀကီးကို ၾကက္ေခါင္းစားေစတီေတာ္ႀကီးဟု ေခၚတြင္ေစခဲ့ၿပီး၂၀၀၆ ခုႏွစ္မွာေတာ့ ၾကက္ေခါင္းစားေစတီမွ မဟာအတုလ ေအာင္တံခြန္ ဘြဲ႕အမည္ ျဖစ္လာခဲ့ၿပီး ဉာဏ္ေတာ္ ၁၀၄ ေပအထိ တည္ထားကိုးကြယ္ခဲ့ေၾကာင္း သိရေပသည္။

 

Credit

 

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.