ခမာလူမျိုးတို့အကြောင်း သိကောင်းစရာ

ခမာလူမျိုးတို့အကြောင်း သိကောင်းစရာ

 

 

ခရစ် ၁၃ ရာစုနှစ်များ မတိုင်မီကာလက အာရှတိုက်အရှေ့ တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ယဉ်ကျေးမှု ဖက်၌လည်းကောင်း၊ နိုင်ငံအင်အားဖက်၌လည်းကောင်း၊ ပြိုင်ဖက်ကင်းလောက်အောင် တိုးတက်ထွန်းပြောင်ခဲ့သော နိုင်ငံမှာ ခမာဘာသာစကားကို ပြောဆိုကြသော သူတို့၏ နိုင်ငံဖြစ်ခဲ့၏။

ထိုနိုင်ငံမှာ ၉ ရာစုနှစ်များ အစလောက်မှစ၍ ကမ္ဗောဇဟု တွင်ခဲ့သည်။ ခမာမှာ ဒေသန္တရအရ ခေါ်ဝေါ်သော အမည်တစ်ခုဖြစ်သည်။

အာရှတိုက် အရှေ့တောင်ပိုင်းဒေသနှင့် ယင်းဒေသများ၏ တောင်ဖက်ရှိကျွန်းများတွင် အများဆုံးပြောဆိုကြသည့် ဘာသာစကားတို့မှာ ဩစတြစ်ခေါ် တောင်ပိုင်း ဘာသာစကားစုကြီးတွင် ပါဝင်သော ဘာသာစကားများဖြစ်ရာ၊ ကုန်းဩစတြစ်အစုဟု ခေါ်အပ်သော ဩစတြိုအေရှီ အက်တစ် အစုဝင် မွန်-ခမာအစုခွဲ၏ ဘာသာစကားတစ်ရပ်ဖြစ်ပေသည်။

ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။

ထိုဒေသ၏ အနောက်ဖက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။

ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်တို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။

ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပအိုဝ်းများ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။

လူမျိုးအလိုက်အနွယ်

မွန်ခမာအစုခွဲဝင် ဘာသာစကားများကို ပြောဆိုကြသော လူမျိုးတို့အနက်အချို့မှာ မူလတိုင်းဦးသားများ ဖြစ်ကြ၍ အချို့မှာ နောက်ကာလများမှ ရွေ့ပြောင်းဝင်ရောက်လာကြသော တောင်ပိုင်းမွန်လူမျိုးစုများ ဖြစ်ကြရာ လူမျိုးရေးအရဆိုသော် ခမာတို့မှာ မွန်မြန်မာတို့ကဲ့သို့ များသောအားဖြင့် တောင်ပိုင်း မွန်ဂိုလူမျိုးစုဝင်များ ဖြစ်ကြသည်။

လွတ်လပ်သော လူမျိုးအဖြစ် အချုပ်အခြာအာဏာပိုင် နိုင်ငံနှင့် နေထိုင်လျက်ရှိသော ယခုခေတ်ခမာတို့မှာ ကမ္ဗောဇပြည်သားများ ဖြစ်ကြပေသည်။
သမိုင်းအကျဉ်း

တချိန်က တန်ခိုးထွားခဲ့သော ခမာတို့သမိုင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရှေးဟောင်းသမိုင်း ကျောက်ခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀၀ က အာရှအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဟိန်းဂဲလဒန်ခေါ် အရှေ့တိုင်း သမိုင်းပါရဂူ တစ်ဦးက ယူဆခဲ့သည်။

ထိုခေတ်က လူမျိုး၏ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု အချက်အလက်တို့သည် ခရစ်နှစ်အစလောက်တွင် ဤဒေသတွင် ကြေးဝါခေတ် ပေါ်ပေါက်လာသည့်တိုင်အောင် အစဉ်အဆက်ပါလာခဲ့လေသည်။ ထိုခေတ်က ဤဒေသတွင် နေထိုင်သူတို့မှာ အင်ဒိုနီးရှင်းများ ဖြစ်ကြ၏။

ထိုအချိန်လောက်မှစ၍ အိန္ဒိယပြည်မှ ကုန်သည်များ ရောက်ရှိခဲ့ကာ အိန္ဒိယယဉ်ကျေးမှု များ လွှမ်းမိုးလာခဲ့လေသည်။ ထိုလွှမ်းမိုးမှုမှာ မလ္လာယုကျွန်းဆွယ်နှင့် ယိုးဒယားပြည်တို့တည်ရာ အနောက်ပိုင်းတွင် ပိုမိုများပြား လေးနက်သလောက် ကမ္ဗောဇ၊ အာနမ်၊ စမ္ပာ စသည့် အရှေ့တိုင်းဒေသများတွင် လေးနက်မှု မရှိပေ။

ထိုဒေသတို့၌ အထူးသဖြင့် ကမ္ဗောဇပြည်၌ မူရင်း ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ဗီဇအရည်အချင်းများက ယဉ်ကျေးမှုကို အသွင်ပြောင်းနိုင်စေခဲ့၏။

 

တရုတ်ပြည် ဟန်မင်းဆက် ကုန်ဆုံးပြီးနောက် (ခရစ် ၂၂၁ ခုနှစ်နောက်) ပေါ်ပေါက်ခဲ့သော သုံးပြည်ထောင်ခေတ်တွင် တောင်ဘက်ပြည်ဖြစ်သော ဝုပြည်မှ အာရှအရှေ့တောင်ပိုင်းသို့ စေလွှတ်သော သံတမန်တို့၏ မှတ်တမ်းများအရ ယခုကမ္ဗောဇပြည်ဒေသတွင် ဖူနန်ပြည် ရှိခဲ့ကြောင်းနှင့် ဖူနန်ပြည် တန်ခိုးကြီးပုံကို ဖော်ပြထားလေသည်။

၅ ရာစုနှစ် ၆ ရာစုနှစ်များလောက်တွင် ဖူနန်နိုင်ငံ တန်ခိုးမှိန်ခဲ့၍ မဲခေါင်မြစ်ဝှမ်းတွင် ချန်လပြည်သစ် ပေါ်ပေါက်လာခဲ့သည်။ ထိုပြည်သစ်မှာ ခမာတို့၏ ပြည်ဖြစ်၍ ခမာတို့ရောက်ရှိ တန်ခိုးကြီးလာခြင်း၏ အစပင် ဖြစ်သည်။

ခမာတို့အလျင် ဖြစ်ခဲ့သော သမိုင်းအကျဉ်းကို ဖော်ပြရခြင်းမှာ အိန္ဒိယပြည်မှ ယဉ်ကျေးမှုများ ရောက်ရှိလွှမ်းမိုးလင့်ကစား၊ ခမာယဉ်ကျေးမှုမှာ ကျောက်ခေတ်သစ်၊ ကြေးဝါခေတ်တို့မှ ဆက်လက်ရရှိခဲ့သော အချက်အလက်များတို့ကို အခြေခံထားသောကြောင့် ဖြစ်သည်။

ခမာတို့၏ ပထမပြည်ဖြစ်သော ချန်လအကြောင်းကို ရွှန်ဆန်၏ မှတ်တမ်းများနှင့် ထိုခေတ်ကျောက်စာတို့မှ သိရသည်။ ချန်လမှာ ဖူနန်၏ မြောင်ဖက် မဲခေါင်မြစ်ပေါ်၌ တည်ရှိ၍ ယခု ဗဆက်ဒေသလောက်တွင် ရှိသည်ဟု သိရသည်။ မြို့တော်မှာ ဣသျှာနပုရ ဖြစ်၏။ ခရစ် ၆၇၀ ပြည်နှစ်လောက်တွင် ချန်လမှာ ရေချန်လ၊ ကုန်းချန်လဟု တောင်ပိုင်း မြောက်ပိုင်း ၂ ပိုင်းကွဲခဲ့၏။ မြောက်ပိုင်းကုန်းချန်လမှာ ယခုကမ္ဘောဒီးယားနိုင်ငံပင် ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခဲ့သဖြင့် အင်အား နည်းကာ ဆူမတြားကျွန်းနှင့် ဂျားဗားကျွန်းတို့ အခြေပြု၍ တန်ခိုးကြီးလာသော သီရိဝိဇယနိုင်ငံ၏ လွှမ်းမိုးမှုကို ခေတ္တအားဖြင့် ခံခဲရလေသည်။ ထိုနိုင်ငံနှင့် အဆက်အသွယ်ရှိသော ဒုတိယမြောက် ဇဝရမန်သည် ၈၀၂ ခုနှစ်တွင် ကွဲပြားနေသော ချန်လပြည်တို့ကို စုစည်း၍ ကမ္ဗုဇာ (ကမ္ဗု၏သားများ) အမည်ဖြင့် ကမ္ဗောဇနိုင်ငံကို စတင်ထူထောင်ခဲ့သည်။

ကမ္ဗောဇတန်ခိုးထွားသည့်ခေတ်

စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အနောက်မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။

ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။

အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုက်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။

ယိမ်းယိုင်ပြိုပျက်လာခြင်း

၁၃ ရာစုနှစ်များ၏ နောက်ပိုင်းလောက်တွင် မွန်ဂိုတို့ အာရှအရှေ့တောင်ပိုင်း ဒေသအချို့တို့သို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ထိုင်ရှမ်းလူမျိုးများ ရွေ့ပြောင်းနေထိုင်လာရာ ၁၃၅၀ ပြည့်နှစ်လောက်ရောက်သောအခါ အယုဒ္ဓပြည်ကို မေနမ်မြစ်ဝှမ်းအတွင်း ခိုင်မြဲစွာ တည်ထောင်မိကြလေသည်။ ထိုသို့ ပြည်သစ်တည်ထောင်ကြရာတွင် ထိုင်ရှမ်းတို့သည် ခမာတို့အား တိုက်ခိုက်နှိမ်နင်းကြ၏။ ၁၃၅၀ မှ ၁၄၆၀ ပြည်နှစ်အတွင်း ထိုင်ရှမ်းတို့သည် ခမာတို့ကို ၄ ကြိမ် ၅ ကြိမ်မျှ တိုက်ခိုက် အောင်မြင်ခဲ့ကြ၏။

ဤသို့အားဖြင့် ယခု ယိုးဒယား၊ လာအိုနယ်၊ ကမ္ဗောဒီးယားနယ်၊ ကိုချင်ချိုင်းနားနယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော ကမ္ဗောဇပြည်သည် ရွေ့ပြောင်းနေထိုင်လာကြ ကုန်သော ထိုင်ရှမ်းတို့၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်နှင့် မြောက်ဘက်မှ အဆက်မပြတ် ဆုတ်ခွာလာခဲ့ကြသည်။

အရှေ့ဖက်တွင်လည်း မြောက်ဘက်မှဆင်းလာသော အာနမ်လူမျို့းတို့၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ကြရာ အာနမ်တို့သည် ၁၇ ရာစုလောက်မှစ၍ ကိုချင်ချိုင်းနားနယ်တွင် အခြေစိုက်မိကြလေသည်ဟု သမိုင်းဆရာကျော် ဟင်နရီမတ်စပါရိုးက မှတ်ချက်ချထားလေသည်။

ထိုင်ရှမ်းတို့အဆက်မပြတ် တိုက်ခိုက်သည့်အပြင် မြို့တဝိုက်ကို ရေလွှမ်းမိုးသောကြောင့် ခမာတို့မှာ ၁၅ ရာစုလောက်တွင် ခမ်းနားကြီးကျယ်လှသော အင်းကောမြို့ကို စွန့်လွှတ်ထွက်ခွာရွေ့ပြောင်းခဲ့ကြသဖြင့် ကာလကြာမြင့်သော် မြို့ကြီးမှာ ထူထပ်သော သစ်ပင်တို့အတွင်း၌ ပျက်စီးခြင်းသို့တိုင်ခဲ့ရလေသည်။

ဤသည်ကား ခမာတို့၏ တန်ခိုးအာဏာ လုံးဝပျက်စီးခြင်း ဖြစ်သည်သာမက လွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရသော အချက်ဖြစ်သည်။ နောင်နှစ်ပေါင်း ၄၀၀ မျှ ခမာတို့မှာ မဲခေါင်မြစ်ဝတွင် ပြည်ငယ်ပြည်သိမ် အဖြစ်ဖြင့် အာနမ်နှင့် ယိုးဒယားသို့ တလှည့်စီ အခွန်ပဏ္ဏာ ဆက်၍ နေလာခဲ့ရသည်။ ၁၈၄၄ မှ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၁၈၆၇ ခုမှစ၍ ပြင်သစ်တို့၏ အုပ်ထိန်းခံ နယ်အဖြစ်ဖြင့် တည်တံ့ခဲ့၏။

သမိုင်းတစ်လျောက်လုံးပင် မိမိတို့ ဘုရင်နှင့် နေလာခဲ့သော်လည်း အုပ်ချုပ်မှု အာဏာမှာမူ ကာကွယ်ပေးသည်ဆိုသော ယိုးဒယားနှင့် ပြင်သစ်ကိုယ်စားလှယ် အရာရှိတို့၏ လက်တွင်း၌ ရှိခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ၁၉၅၄ ခုနှစ်ရောက်မှ ခမာတို့သည် လွတ်လပ်ရေးကို ရရှိကာ ကမ္ဗောဇနိုင်ငံမှာလည်း တကယ်လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ခမာယဉ်ကျေးမှု

ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။

ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။

ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။

ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။

 

မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။

ယခုခမာများ

လက်ရှိအချိန်တွင် ခမာလူမျိုး ၁၇သန်းခန့်ရှိသေးသည်။ အများဆုံးနေထိုင်သည့်နိုင်ငံများမှာ ကမ္ဘောဒီးယားတွင် ၁၃.၂သန်းခန့် ၊ ဗီယက်နမ်တွင် ၁.၄သန်းခန့် ၊ ထိုင်းတွင် ၁.၂သန်းခန့် နှင့် အမေရိကန်တွင် ၃သိန်းနီးပါးနေထိုင်ကြသည်။

ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ထေရဝါဒဗုဒ္ဓအယူဝါဒကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။

များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။

သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။

Credit

Zawgyi

 

ခမာလူမ်ိဳးတို႔အေၾကာင္း သိေကာင္းစရာ

 

 

ခရစ္ ၁၃ ရာစုႏွစ္မ်ား မတိုင္မီကာလက အာရွတိုက္အေရွ႕ ေတာင္ပိုင္း အင္ဒိုခ်ိဳင္းနား ကြၽန္းဆြယ္တြင္ ယဥ္ေက်းမႈ ဖက္၌လည္းေကာင္း၊ နိုင္ငံအင္အားဖက္၌လည္းေကာင္း၊ ၿပိဳင္ဖက္ကင္းေလာက္ေအာင္ တိုးတက္ထြန္းေျပာင္ခဲ့ေသာ နိုင္ငံမွာ ခမာဘာသာစကားကို ေျပာဆိုၾကေသာ သူတို႔၏ နိုင္ငံျဖစ္ခဲ့၏။

ထိုနိုင္ငံမွာ ၉ ရာစုႏွစ္မ်ား အစေလာက္မွစ၍ ကေမၺာဇဟု တြင္ခဲ့သည္။ ခမာမွာ ေဒသႏၲရအရ ေခၚေဝၚေသာ အမည္တစ္ခုျဖစ္သည္။

အာရွတိုက္ အေရွ႕ေတာင္ပိုင္းေဒသႏွင့္ ယင္းေဒသမ်ား၏ ေတာင္ဖက္ရွိကြၽန္းမ်ားတြင္ အမ်ားဆုံးေျပာဆိုၾကသည့္ ဘာသာစကားတို႔မွာ ဩစၾတစ္ေခၚ ေတာင္ပိုင္း ဘာသာစကားစုႀကီးတြင္ ပါဝင္ေသာ ဘာသာစကားမ်ားျဖစ္ရာ၊ ကုန္းဩစၾတစ္အစုဟု ေခၚအပ္ေသာ ဩစႀတိဳေအရွီ အက္တစ္ အစုဝင္ မြန္-ခမာအစုခြဲ၏ ဘာသာစကားတစ္ရပ္ျဖစ္ေပသည္။

ယင္းဘာသာစကားကို ေျပာဆိုေသာ သူတို႔မွာ ယခင္က ျပင္သစ္ပိုင္ အင္ဒိုခ်ိဳင္းနားနိုင္ငံမ်ားတြင္ အာနမ္ျပည္မွအပ နိုင္ငံေရးအရ လည္းေကာင္း၊ ယဥ္ေက်းမႈအရလည္းေကာင္း အေရးႀကီးဆုံးျဖစ္သည့္ မဲေခါင္ျမစ္ဝွမ္းေတာင္ဖက္ပိုင္းရွိ ကေမၺာဇနိုင္ငံတြင္ အမ်ားဆုံး ေနထိုင္ၾကသည္။

ထိုေဒသ၏ အေနာက္ဖက္ ယိုးဒယားနိုင္ငံႏွင့္ အေရွ႕ဖက္ ကိုခ်င္ခ်ိဳင္းနား နိုင္ငံတို႔တြင္လည္း ခမာစကားေျပာဆိုသူ အခ်ိဳ႕တို႔ကို ေတြ႕နိုင္ ေပေသးသည္။

ယင္းတို႔ႏွင့္ ဘာသာစကားတူျဖစ္ေသာ အျခားမြန္ခမာ အစုခြဲတြင္ ပါဝင္သည့္ ဘာသာစကားတို႔ကို ေျပာဆိုသူမ်ားကို ယခု ဗီယက္နမ္နိုင္ငံတြင္ ပါဝင္ေသာ ေျမာက္ဘက္ တုံကင္းနယ္မွ အာနမ္ေတာင္ရိုးတစ္ေလ်ာက္ ေတာင္ဘက္ မဲေခါင္ျမစ္ဝကြၽန္းေပၚေဒသမ်ားရွိ ကိုခ်င္ခ်ိဳင္းနားျပည္အထိလည္းေကာင္း၊ ေရွ႕ဘက္ တုံကင္းနယ္မွ လာအိုနယ္ ယိုးဒယား ေျမာက္ပိုင္တို႔ကို ျဖတ္၍ အေနာက္ဖက္ျမန္မာျပည္ က်ိဳင္းတုံနယ္အထိ ျဖစ္ေသာ ေဒသထိလည္းေကာင္း ေတြ႕ရသည္။

ထိုမွတစ္ပါး ျမန္မာနိုင္ငံအတြင္းရွိ မြန္မ်ား၊ ပအိုဝ္းမ်ား၊ ပေလာင္မ်ား၊ ဝ မ်ားသည္လည္း ယင္းတို႔ႏွင့္ အႏြယ္တူ ျဖစ္ရာ ကေမၺာဒီးယားေန ခမာတို႔မွာ ျမန္မာနိုင္ငံ တိုင္းရင္းသားအခ်ိဳ႕ႏွင့္ အႏြယ္တူေနၾကသူမ်ားလည္း ျဖစ္ေပသည္။ အျခားအႏြယ္တူ လူမ်ိဳးမ်ားမွာ အာသံျပည္ရွိ ခါစီလူမ်ိဳးမ်ား၊ အိႏၵိယျပည္ အလယ္ပိုင္းရွိ မု႑ာလူမ်ိဳးမ်ားႏွင့္ နကဗရီကြၽန္းသားမ်ား ျဖစ္သည္။

လူမ်ိဳးအလိုက္အႏြယ္

မြန္ခမာအစုခြဲဝင္ ဘာသာစကားမ်ားကို ေျပာဆိုၾကေသာ လူမ်ိဳးတို႔အနက္အခ်ိဳ႕မွာ မူလတိုင္းဦးသားမ်ား ျဖစ္ၾက၍ အခ်ိဳ႕မွာ ေနာက္ကာလမ်ားမွ ေ႐ြ႕ေျပာင္းဝင္ေရာက္လာၾကေသာ ေတာင္ပိုင္းမြန္လူမ်ိဳးစုမ်ား ျဖစ္ၾကရာ လူမ်ိဳးေရးအရဆိုေသာ္ ခမာတို႔မွာ မြန္ျမန္မာတို႔ကဲ့သို႔ မ်ားေသာအားျဖင့္ ေတာင္ပိုင္း မြန္ဂိုလူမ်ိဳးစုဝင္မ်ား ျဖစ္ၾကသည္။

လြတ္လပ္ေသာ လူမ်ိဳးအျဖစ္ အခ်ဳပ္အျခာအာဏာပိုင္ နိုင္ငံႏွင့္ ေနထိုင္လ်က္ရွိေသာ ယခုေခတ္ခမာတို႔မွာ ကေမၺာဇျပည္သားမ်ား ျဖစ္ၾကေပသည္။
သမိုင္းအက်ဥ္း

တခ်ိန္က တန္ခိုးထြားခဲ့ေသာ ခမာတို႔သမိုင္းမွာ စိတ္ဝင္စားဖြယ္ ေကာင္းလွသည္။ ေရွးေဟာင္းသမိုင္း ေက်ာက္ေခတ္ယဥ္ေက်းမႈသည္ ဘီစီ ၁၅၀၀ က အာရွအေရွ႕ေတာင္ပိုင္းသို႔ ေရာက္ရွိခဲ့ေၾကာင္းႏွင့္ ဟိန္းဂဲလဒန္ေခၚ အေရွ႕တိုင္း သမိုင္းပါရဂူ တစ္ဦးက ယူဆခဲ့သည္။

ထိုေခတ္က လူမ်ိဳး၏ ယုံၾကည္ကိုးကြယ္မႈႏွင့္ ယဥ္ေက်းမႈ အခ်က္အလက္တို႔သည္ ခရစ္ႏွစ္အစေလာက္တြင္ ဤေဒသတြင္ ေၾကးဝါေခတ္ ေပၚေပါက္လာသည့္တိုင္ေအာင္ အစဥ္အဆက္ပါလာခဲ့ေလသည္။ ထိုေခတ္က ဤေဒသတြင္ ေနထိုင္သူတို႔မွာ အင္ဒိုနီးရွင္းမ်ား ျဖစ္ၾက၏။

ထိုအခ်ိန္ေလာက္မွစ၍ အိႏၵိယျပည္မွ ကုန္သည္မ်ား ေရာက္ရွိခဲ့ကာ အိႏၵိယယဥ္ေက်းမႈ မ်ား လႊမ္းမိုးလာခဲ့ေလသည္။ ထိုလႊမ္းမိုးမႈမွာ မလႅာယုကြၽန္းဆြယ္ႏွင့္ ယိုးဒယားျပည္တို႔တည္ရာ အေနာက္ပိုင္းတြင္ ပိုမိုမ်ားျပား ေလးနက္သေလာက္ ကေမၺာဇ၊ အာနမ္၊ စမၸာ စသည့္ အေရွ႕တိုင္းေဒသမ်ားတြင္ ေလးနက္မႈ မရွိေပ။

ထိုေဒသတို႔၌ အထူးသျဖင့္ ကေမၺာဇျပည္၌ မူရင္း ယဥ္ေက်းမႈႏွင့္ တိုင္းရင္းသားတို႔၏ ဗီဇအရည္အခ်င္းမ်ားက ယဥ္ေက်းမႈကို အသြင္ေျပာင္းနိုင္ေစခဲ့၏။

 

တ႐ုတ္ျပည္ ဟန္မင္းဆက္ ကုန္ဆုံးၿပီးေနာက္ (ခရစ္ ၂၂၁ ခုႏွစ္ေနာက္) ေပၚေပါက္ခဲ့ေသာ သုံးျပည္ေထာင္ေခတ္တြင္ ေတာင္ဘက္ျပည္ျဖစ္ေသာ ဝုျပည္မွ အာရွအေရွ႕ေတာင္ပိုင္းသို႔ ေစလႊတ္ေသာ သံတမန္တို႔၏ မွတ္တမ္းမ်ားအရ ယခုကေမၺာဇျပည္ေဒသတြင္ ဖူနန္ျပည္ ရွိခဲ့ေၾကာင္းႏွင့္ ဖူနန္ျပည္ တန္ခိုးႀကီးပုံကို ေဖာ္ျပထားေလသည္။

၅ ရာစုႏွစ္ ၆ ရာစုႏွစ္မ်ားေလာက္တြင္ ဖူနန္နိုင္ငံ တန္ခိုးမွိန္ခဲ့၍ မဲေခါင္ျမစ္ဝွမ္းတြင္ ခ်န္လျပည္သစ္ ေပၚေပါက္လာခဲ့သည္။ ထိုျပည္သစ္မွာ ခမာတို႔၏ ျပည္ျဖစ္၍ ခမာတို႔ေရာက္ရွိ တန္ခိုးႀကီးလာျခင္း၏ အစပင္ ျဖစ္သည္။

ခမာတို႔အလ်င္ ျဖစ္ခဲ့ေသာ သမိုင္းအက်ဥ္းကို ေဖာ္ျပရျခင္းမွာ အိႏၵိယျပည္မွ ယဥ္ေက်းမႈမ်ား ေရာက္ရွိလႊမ္းမိုးလင့္ကစား၊ ခမာယဥ္ေက်းမႈမွာ ေက်ာက္ေခတ္သစ္၊ ေၾကးဝါေခတ္တို႔မွ ဆက္လက္ရရွိခဲ့ေသာ အခ်က္အလက္မ်ားတို႔ကို အေျခခံထားေသာေၾကာင့္ ျဖစ္သည္။

ခမာတို႔၏ ပထမျပည္ျဖစ္ေသာ ခ်န္လအေၾကာင္းကို ႐ႊန္ဆန္၏ မွတ္တမ္းမ်ားႏွင့္ ထိုေခတ္ေက်ာက္စာတို႔မွ သိရသည္။ ခ်န္လမွာ ဖူနန္၏ ေျမာင္ဖက္ မဲေခါင္ျမစ္ေပၚ၌ တည္ရွိ၍ ယခု ဗဆက္ေဒသေလာက္တြင္ ရွိသည္ဟု သိရသည္။ ၿမိဳ႕ေတာ္မွာ ဣသွ်ာနပုရ ျဖစ္၏။ ခရစ္ ၆၇၀ ျပည္ႏွစ္ေလာက္တြင္ ခ်န္လမွာ ေရခ်န္လ၊ ကုန္းခ်န္လဟု ေတာင္ပိုင္း ေျမာက္ပိုင္း ၂ ပိုင္းကြဲခဲ့၏။ ေျမာက္ပိုင္းကုန္းခ်န္လမွာ ယခုကေမာၻဒီးယားနိုင္ငံပင္ ျဖစ္သည္။

ဤကဲ့သို႔ ကြဲျပားခဲ့သျဖင့္ အင္အား နည္းကာ ဆူမၾတားကြၽန္းႏွင့္ ဂ်ားဗားကြၽန္းတို႔ အေျချပဳ၍ တန္ခိုးႀကီးလာေသာ သီရိဝိဇယနိုင္ငံ၏ လႊမ္းမိုးမႈကို ေခတၱအားျဖင့္ ခံခဲရေလသည္။ ထိုနိုင္ငံႏွင့္ အဆက္အသြယ္ရွိေသာ ဒုတိယေျမာက္ ဇဝရမန္သည္ ၈၀၂ ခုႏွစ္တြင္ ကြဲျပားေနေသာ ခ်န္လျပည္တို႔ကို စုစည္း၍ ကမၺဳဇာ (ကမၺဳ၏သားမ်ား) အမည္ျဖင့္ ကေမၺာဇနိုင္ငံကို စတင္ထူေထာင္ခဲ့သည္။

ကေမၺာဇတန္ခိုးထြားသည့္ေခတ္

စီးပြားေရး ေကာင္းစြာတိုးတက္၍ တန္ခိုးႀကီးခ်က္ရွိေသာ သီရိဝိဇယနိုင္ငံႏွင့္ မဟာမိတ္ျဖစ္ေသာ ကေမၺာဇနိုင္ငံကို အုပ္ခ်ဳပ္လာခဲ့ေသာ ထိုမင္းဆက္၏ မင္းမ်ားသည္ ႏွစ္ေပါင္း ၇၅ ႏွစ္မွ် ဆက္လက္အုပ္ခ်ဳပ္ခဲ့ၾက၏။ ၉ ရာစုႏွစ္မ်ား ကုန္ေသာအခါတြင္ ခမာတို႔၏နိုင္ငံမွာ ေျမာက္ဖက္ တ႐ုတ္ျပည္၊ အေနာက္ေျမာက္ဘက္ နန္ခ်ိဳ၊ အေနာက္ဖက္ ျမန္မာျပည္ရွိ ပ်ဴနိုင္ငံတို႔အထိ ဩဇာလႊမ္းမိုးက်ယ္ျပန႔္ခဲ့သည္။

ဇယဝရမန္မင္းဆက္ကို ဣႏၵဝါရမန္မင္းဆက္က ဆက္ခံခဲ့၏။ ပထမေျမာက္ ဣႏၵဝါရမန္မင္းသည္ ကမာၻေပၚ၌ ထင္ေပၚေသာ အင္းေကာ(အန္ေကာ ဟုလည္း ေခၚသည္)ၿမိဳ႕ေတာ္ကို စတင္တည္ေထာင္ခဲ့သည္။ ထိုမင္းဆက္မွာ ၁၂၅ ႏွစ္မွ်တန္ခိုးႀကီးခဲ့ၾက၍ ဘုရားေက်ာင္းကန္မ်ား မ်ားျပားလွေသာ အင္းေကာၿမိဳ႕ႀကီးကို အင္ဒိုခ်ိဳင္းနား ကြၽန္းဆြယ္တြင္ အခမ္းနားအႀကီးက်ယ္ဆုံးျဖစ္ေအာင္ ဖန္တီးခဲ့ၾကေလသည္။

အင္းေကာဝတ္ေက်ာင္းကိုမူ ထိုမင္းဆက္ကို ဆက္ခံေသာ မင္းဆက္၏ ဒုတိယေျမာက္ မင္းလက္ထက္ ၁၁၁၅ ခုတြင္ တည္ေဆာက္ခဲ့သည္။ အင္းေကာတြင္ ေတြ႕ရသည့္ ဆန္းၾကယ္လွေသာ ဗိသုကာပညာ ေက်ာ္ဆစ္လက္ရာ ပန္းပုပညာ စသည္တို႔တြင္ ျဗာဟၼဏအယူဝါဒ ဗုဒၶအယူဝါဒတို႔ႏွင့္ သက္ဆိုင္သည့္ အခ်က္အလက္တို႔ကို ေတြ႕ရေပသည္။ ကေမၺာဇျပည္မွာ ၁၃ ရာစုႏွစ္ အလယ္ေလာက္ထိေအာင္ အင္ဒိုခ်ိဳင္းနားတြင္ ၿပိဳက္ဖက္မရွိ ႀကီးက်ယ္တန္းခိုး ထြားခဲ့ေလသည္။

ယိမ္းယိုင္ၿပိဳပ်က္လာျခင္း

၁၃ ရာစုႏွစ္မ်ား၏ ေနာက္ပိုင္းေလာက္တြင္ မြန္ဂိုတို႔ အာရွအေရွ႕ေတာင္ပိုင္း ေဒသအခ်ိဳ႕တို႔သို႔ ဝင္ေရာက္တိုက္ခိုက္သျဖင့္ ထိုင္ရွမ္းလူမ်ိဳးမ်ား ေ႐ြ႕ေျပာင္းေနထိုင္လာရာ ၁၃၅၀ ျပည့္ႏွစ္ေလာက္ေရာက္ေသာအခါ အယုဒၶျပည္ကို ေမနမ္ျမစ္ဝွမ္းအတြင္း ခိုင္ၿမဲစြာ တည္ေထာင္မိၾကေလသည္။ ထိုသို႔ ျပည္သစ္တည္ေထာင္ၾကရာတြင္ ထိုင္ရွမ္းတို႔သည္ ခမာတို႔အား တိုက္ခိုက္ႏွိမ္နင္းၾက၏။ ၁၃၅၀ မွ ၁၄၆၀ ျပည္ႏွစ္အတြင္း ထိုင္ရွမ္းတို႔သည္ ခမာတို႔ကို ၄ ႀကိမ္ ၅ ႀကိမ္မွ် တိုက္ခိုက္ ေအာင္ျမင္ခဲ့ၾက၏။

ဤသို႔အားျဖင့္ ယခု ယိုးဒယား၊ လာအိုနယ္၊ ကေမၺာဒီးယားနယ္၊ ကိုခ်င္ခ်ိဳင္းနားနယ္အားလုံးကို လႊမ္းမိုးအုပ္ခ်ဳပ္ခဲ့ေသာ ကေမၺာဇျပည္သည္ ေ႐ြ႕ေျပာင္းေနထိုင္လာၾက ကုန္ေသာ ထိုင္ရွမ္းတို႔၏ တိုက္ခိုက္မႈေၾကာင့္ အေနာက္ဘက္ႏွင့္ ေျမာက္ဘက္မွ အဆက္မျပတ္ ဆုတ္ခြာလာခဲ့ၾကသည္။

အေရွ႕ဖက္တြင္လည္း ေျမာက္ဘက္မွဆင္းလာေသာ အာနမ္လူမ်ိဳ႕းတို႔၏ တိုက္ခိုက္မႈေၾကာင့္ ဆုတ္ခြာေပးခဲ့ၾကရာ အာနမ္တို႔သည္ ၁၇ ရာစုေလာက္မွစ၍ ကိုခ်င္ခ်ိဳင္းနားနယ္တြင္ အေျခစိုက္မိၾကေလသည္ဟု သမိုင္းဆရာေက်ာ္ ဟင္နရီမတ္စပါရိုးက မွတ္ခ်က္ခ်ထားေလသည္။

ထိုင္ရွမ္းတို႔အဆက္မျပတ္ တိုက္ခိုက္သည့္အျပင္ ၿမိဳ႕တဝိုက္ကို ေရလႊမ္းမိုးေသာေၾကာင့္ ခမာတို႔မွာ ၁၅ ရာစုေလာက္တြင္ ခမ္းနားႀကီးက်ယ္လွေသာ အင္းေကာၿမိဳ႕ကို စြန႔္လႊတ္ထြက္ခြာေ႐ြ႕ေျပာင္းခဲ့ၾကသျဖင့္ ကာလၾကာျမင့္ေသာ္ ၿမိဳ႕ႀကီးမွာ ထူထပ္ေသာ သစ္ပင္တို႔အတြင္း၌ ပ်က္စီးျခင္းသို႔တိုင္ခဲ့ရေလသည္။

ဤသည္ကား ခမာတို႔၏ တန္ခိုးအာဏာ လုံးဝပ်က္စီးျခင္း ျဖစ္သည္သာမက လြတ္လပ္ေရးလည္း ဆုံးရႈံးခဲ့ရေသာ အခ်က္ျဖစ္သည္။ ေနာင္ႏွစ္ေပါင္း ၄၀၀ မွ် ခမာတို႔မွာ မဲေခါင္ျမစ္ဝတြင္ ျပည္ငယ္ျပည္သိမ္ အျဖစ္ျဖင့္ အာနမ္ႏွင့္ ယိုးဒယားသို႔ တလွည့္စီ အခြန္ပဏၰာ ဆက္၍ ေနလာခဲ့ရသည္။ ၁၈၄၄ မွ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက္ေအာက္ခံ ျဖစ္ခဲ့ရသည္။ ၁၈၆၇ ခုမွစ၍ ျပင္သစ္တို႔၏ အုပ္ထိန္းခံ နယ္အျဖစ္ျဖင့္ တည္တံ့ခဲ့၏။

သမိုင္းတစ္ေလ်ာက္လုံးပင္ မိမိတို႔ ဘုရင္ႏွင့္ ေနလာခဲ့ေသာ္လည္း အုပ္ခ်ဳပ္မႈ အာဏာမွာမူ ကာကြယ္ေပးသည္ဆိုေသာ ယိုးဒယားႏွင့္ ျပင္သစ္ကိုယ္စားလွယ္ အရာရွိတို႔၏ လက္တြင္း၌ ရွိခဲ့ေပသည္။ ဒုတိယကမာၻစစ္ ျဖစ္ၿပီးေနာက္ ၁၉၅၄ ခုႏွစ္ေရာက္မွ ခမာတို႔သည္ လြတ္လပ္ေရးကို ရရွိကာ ကေမၺာဇနိုင္ငံမွာလည္း တကယ္လြတ္လပ္ေသာ အခ်ဳပ္အခ်ာ အာဏာပိုင္ နိုင္ငံအျဖစ္သို႔ ေရာက္ရွိခဲ့ေလသည္။

ခမာယဥ္ေက်းမႈ

ကမာၻ႔အေရွ႕ဖ်ားတြင္ တစ္ႀကိမ္က အထက္တန္းက်လွေသာ ခမာတို႔၏ ယဥ္ေက်းမႈ ေပၚေပါက္ေျပာင္းလဲလာပုံမွာ သီးျခား ေဖာ္ျပသင့္ေသာ အေၾကာင္းရပ္ တစ္ခုျဖစ္ေပသည္။ ပထမေသာ္ ေက်ာက္ေခတ္သစ္ႏွင့္ ေၾကးဝါေခတ္တို႔မွ ယဥ္ေက်းမႈ အနည္းငယ္မွ်သာ ရရွိခဲ့သည္။ ထို႔ေနာက္ အိႏၵိယျပည္ေတာင္ပိုင္းမွ ပလႅဝါယဥ္ေက်းမႈ ေရာက္ရွိ၍ မိမိတို႔အ ေမြခံရရွိထားေသာ အခ်က္အလက္တို႔ကို မတိမ္ျမဳပ္ေစဘဲ ျပဳျပင္၍ ျပင္ပယဥ္ေက်းမႈကို လက္ခံခဲ့ၾကသည္။

ပုံစံအားျဖင့္ ေက်ာက္ေခတ္က ျမင္မားေသာ ေက်ာက္တိုင္ႀကီးမ်ားကို စိုက္ထူေသာ အားျဖင့္ ဘုရားႏွင့္ ဆက္သြယ္နိုင္သည္ဟု ယုံၾကည္သကဲ့သို႔ ျဗဟၼဏ အယူဝါဒကို လက္ခံလာေသာအခါ လိဂၤကိုးကြယ္မႈကို ေက်ာက္တိုင္ႏွင့္ ကိုယ္စားျပဳၾက၏။

ထို႔ေနာက္ သိဝကိုးကြယ္မႈကို လက္ခံရာတြင္ သိဝရဂီရိဟု သိဝေတာင္အျဖစ္ ေကာင္းကင္ရွိ ဘုရားႏွင့္ ဆက္သြယ္မိရန္ ျပဳျပင္ကိုးကြယ္ၾကသည္။ အလားတူပင္ ေဒဝရာဇာ ကိုးကြယ္မႈမွာလည္း ယခင္က လိဂၤကို ကိုယ္စားျပဳျခင္းျဖစ္သည္။ ပိႆနိုး ကိုးကြယ္မႈကို လက္ခံလာျပန္ရာ ပိႆနိုးသည္ ေဒဝရာဖာကို ကိုယ္စားျပဳရျပန္သည္။

ခမာစကားတြင္ ပႏြမ္းမွာ ေတာင္ဟုအဓိပၸါယ္ရ၍ ယင္းစကားကို ယူကာ ထိုေဒသ၏ ပထမျပည္ကို တ႐ုတ္တို႔ ဖူနန္ဟု ေခၚေၾကာင္း၊ ေနာက္ေခတ္တို႔တြင္ ထိုေဒသ၏ဘုရင္မ်ားကို ခမာစကားျဖင့္ ကု႐ြန္းဗနမ္ဟုေခၚေၾကာင္း၊ အဓိပၸါယ္မွာ ေတာင္ဘုရင္ (ဂီရိရာဇာ) ရေၾကာင္းႏွင့္ ျပင္သစ္ပညာရွင္ စီေဒက ဆိုထားေပသည္။

 

မဟာယနဗုဒၶအယူဝါဒ ေရာက္ရွိလာေသာ အခါတြင္လည္း ေဒဝရာဇာမွာ ေလာကီေတသြာျဖစ္လာ၍ ပုံထုလုပ္ရာတြင္ အုပ္ခ်ဳပ္သူဘုရင္၏ မ်က္ႏွာပုံႏွင့္ တူေစေလသည္။ ဤကဲ့သို႔ ေက်ာက္ေခတ္ သစ္ေၾကးဝါေခတ္ ယုံၾကည္မႈမ်ားတြင္ အိႏၵိယယဥ္ေက်းမႈ ေရာေႏွာလာေသာ အခါ၌ မိမိတို႔၏ ပင္ကိုယ္ဗီဇ အရည္အခ်င္းျဖင့္ မြမ္းမံ၍ ျပဳျပင္ကာ ထူးျခားေသာ ယဥ္ေက်းမႈတစ္ရပ္မႈ တစ္ရပ္ကို ဖန္တီးခဲ့ၾကေပသည္။ တ႐ုတ္ျပည္ႏွင့္ ဆက္သြယ္မႈမ်ား ရွိခဲ့သည့္အတိုင္း တ႐ုတ္ယဥ္ေက်းမႈ အခ်က္အလက္တို႔လည္း ေရာႁပြမ္းလ်က္ရွိေပသည္။

ယခုခမာမ်ား

လက္ရွိအခ်ိန္တြင္ ခမာလူမ်ိဳး ၁၇သန္းခန႔္ရွိေသးသည္။ အမ်ားဆုံးေနထိုင္သည့္နိုင္ငံမ်ားမွာ ကေမာၻဒီးယားတြင္ ၁၃.၂သန္းခန႔္ ၊ ဗီယက္နမ္တြင္ ၁.၄သန္းခန႔္ ၊ ထိုင္းတြင္ ၁.၂သန္းခန႔္ ႏွင့္ အေမရိကန္တြင္ ၃သိန္းနီးပါးေနထိုင္ၾကသည္။

ယခုေခတ္ ခမာတို႔မွာ ျမန္မာတို႔နည္းတူ ေထရဝါဒဗုဒၶအယူဝါဒကို လက္ခံကိုးကြယ္ၾက၍ ဘုရားတရားကို မ်ားစြာ ေလးစား ၾကည္ညိုသူမ်ား ျဖစ္သည္။ ပြင့္လင္းစြာ ဆက္ဆံတတ္၍ ခ်စ္ခင္ ပ်ဴငွာတတ္သူမ်ား ျဖစ္ၾကသည္။ ယဥ္ေက်းသိမ္ေမြ႕ျခင္း၊ ဧည့္ဝတ္ေက်ျခင္းတို႔မွာ သူတို႔၏ ထူးျခားခ်က္မ်ားပင္တည္း။

မ်ားေသာအားျဖင့္ အရပ္အေမာင္း ေကာင္း၍ သန္စြမ္းႀကံ့ခိုင္ၾကသည္။ အသားညို၊ အသားလတ္ ေရာင္အေသြးရွိကာ၊ မြန္ျမန္မာတို႔ႏွင့္ သြင္ျပင္လကၡဏာဆင္ေသာ သူမ်ားျဖစ္ၾကသည္။ ခမာတို႔သည္ မ်ားေသာအားျဖင့္ ဆံတို ညွပ္ၾကသည္။ လယ္ယာလုပ္ျခင္း၊ ငါးဖမ္းျခင္းတို႔ျဖင့္ လူမ်ားစုသည္ ခက္ခဲစြာ အသက္ေမြးဝမ္းေက်ာင္းၾကရသည္။

သမာရိုးက် ဝတ္စားဆင္ယင္မႈမွာ လွပေပသည္။ ေတာက္ေျပာင္၍ အေရာင္စုံေသာ စမ္းေပါ့ ေခၚ ခါးဝတ္ကို လွပစြာ ခါးေတာင္းက်ိဳက္ ဝတ္ဆင္တတ္ၾကသည္။ အမ်ိဳးသားတို႔မွာ ကိုယ္က်ပ္လက္ရွည္ အကၤ်ီတို႔ကို ဆင္ျမန္းၾက၍ အမ်ိဳးသမီးတို႔မွာ လွပေသာ ပုဝါရွည္မ်ားကို ၿခဳံၾကေလသည္။

ဗုဒၶအယူဝါဒကို သက္ဝင္ယုံၾကည္သူမ်ား ျဖစ္သည့္အတိုင္း ျမန္မာနိုင္ငံမွာ ကဲ့သို႔ပင္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွာ ခမာတို႔၏ လူမႈေရး ဗဟိုဌာနမ်ား ျဖစ္ၾကသည္။ အာရွအေရွ႕ေတာင္ပိုင္းရွိ အျခားနိုင္ငံသားတို႔ ကဲ့သို႔ပင္ စစ္ၿပီးေနာက္ တစ္ေခတ္အတြင္း ခမာတို႔မွ အဖက္ဖက္မွ ႀကိဳးစား၍ တိုးတက္လွ်က္ ရွိၾကေပသည္။

Credit

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.