ကုန်းဘေ ာင်ခေတ် က မင်းတုန်းမင်းနဲ့ရုပ်ချင်းဆင်သည့် စားတော်ဝန် ဦးခဲ အကြောင်း

ကုန်းဘောင်ခေတ်က မင်းတုန်းမင်းနဲ့ရုပ်ချင်းဆင်သည့် စားတော်ဝန် ဦးခဲ အကြောင်း

 

 

စားတော်ဝန်ဦခဲသည် ကုန်းဘောင်ခေတ်၊မင်းတုန်းမင်းလက်ထက် စားတော်ဝန် ဖြစ်သည်။ သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက် စားတော်ဝန်၏ အမည်ကို မသိရှိရပေ။

မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်တွင်မူ စားတော်ဝန်ဦးခဲမှာ အမည်ထင်ရှားခဲ့သည်။ ဦးခဲသည် မဟာမင်းလှရွှေတောင်ဘွဲ့ခံ စားတော်ဝန်ဖြစ်ပြီး မင်းတုန်းမင်း၊ မိဖုရားကြီး စကြာဒေဝီ နှင့် သားတော် သမီးတော်များအတွက် အစား အသောက်များကို စီမံချက်ပြုတ်ရသူဖြစ်သည်။

စားတော်ဝန်ဦးခဲ၏ လက်အောက်တွင် အစ္စလာမ်ဘာသာဝင် မုန့်တော်ခေါင်း မင်းဦးရွက်ဆိုသူက အမှုထမ်းခဲ့ရ၏။ စားတော်ဝန် ဦးခဲမှာ မင်းတုန်းမင်းနှင့် ရုပ်ချင်းအတော်ဆင်သူ ဖြစ်သည်။

၁၈၅၅ ခုနှစ်က အသာဖယ်ရာ ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အမရပူရနေပြေည်တော်သို့ လာရောက်စဉ် စားတော်ဝန်ဦးခဲအား မင်းတုန်းမင်းအမှတ်ဖြင့် မှားယွင်းအရိုအသေပြုခဲ့ဖူးသည်။

နန်းတွင်းသူ နန်းတွင်းသားများကလည်း ဦးခဲအား မင်းတုန်းမင်းနှင့် မကြာခဏ မှားယွင်းတတ်ကြသည်။ သို့ဖြင့် ကင်းဝန်မင်းကြီးက စားတော်ကဲ ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေး တစ်ချောင်းကိုင်ထားရန် အမိန့်တော်ချမှတ်ခဲ့၏။

ဦးခဲသည် ရေစကြိုနယ်သားဖြစ်ပြီး ရေစကြိုခုံတော် ဦးမှိုင်းက နန်းတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဦးခဲသည် မင်းတုန်းမင်း နန်းတက်စကပင်အမှုထမ်းခဲ့သည်။

မင်းတုန်းမင်းက သူ့အား ရေစကြိုလေးရွာစား အဖြစ်ချီးမြှင်ခဲ့ပြီး မဟာမင်းလှရွှေတောင်ဘွဲ့ကို ပေးအပ်ခဲ့သည်။ ၁၆ ဇန်နဝါရီ ၁၈၇၃ ရက်စွဲပါ အမိန့်တော်တွင် စားတော်ဝန်ဦးခဲအား ယခင်မင်းတုန်း တောင်စဉ်ခုနှစ်ရိုင်ဝန်ကို ပေးအပ်ထားသည့် တောင်ဘက်ကိုးခရိုင် ဆည်ရေသောက်လယ်များကို ထပ်မံပေးသနားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဘုရင့်ပွဲတော်အုပ်များ အတွက် တာဝန်ယူ စီမံ ချက်ပြုတ်ရသည်။ ဦးခဲသည် မင်းတုန်းမင်းထက် အသက် အနည်းငယ် ကြီးသော်လည်း အဂါင်္ရုပ်မှ စ၍ အသံနေ အသံထား ကိုယ်လုံးကိုယ်ထည်သွားပုံလာပုံ စသည်တို့မှာ ဘုရင်မင်းတရားကြီးနှင့်ခွဲမရအောင် တူသည်ဟု ဆိုသည်။

ဦးခဲအား ဘုရင်နှင့် တူလွန်း၍ နန်းတော်သူများပင် အမှတ်မှား တတ်ကြသည်။ ဘုရင်နှင့် အဝေးမှ ကြည့်ခွဲရသည် ရှိသော် ဦးခဲ ဝတ်ဆင်သော အဝတ်တန်ဆာကို ကြည့်၍သာ ခွဲခြားနိုင်သည်။

 

ကင်းဝန်မင်းကြီးက ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေးတစ်ချောင်း ကိုင်ထားရန် အမိန့်ချခဲ့သည်။ အင်္ဂလိပ် သံအမတ် မေဂျ ာဖယ်ယာသည်AD 1855 ခုက မင်းတုန်းမင်းအား အမရပူရမြို့ တွင် ဖူးမြှော်ခွင့်ရသဖြင့်ရွှေ မျက်နှာတော်ကို မှတ်မိနေသည်။

ရတနာပုံရွှေမြို့ တော်သို့ ပြောင်းလာပြီးနောက်AD 1863 လောက်တွင် မေဂျာဖယ်ရာနှင့်သံအဖွဲ့ ရောက်ရှိလာပြီး မင်းတရားကြီးကို ဖူမြော်ရန် ဇေတဝန်ဆောင်တွင် စောင့်စိုင်း နေကြရာ ဦးခဲသည် ရုတ်တရက် ရောက်လာပြီး ဇေတဝန်ဆောင်ဘက်သို့ ကွေ့ချိုးလိုက်ရာတွင် ဖယ်ယာတို့လူစုသည် ဘုရင်မင်းမြတ် ကြွလာသည် အထင်နှင့် အားလုံးတစ်ပြိုင်နက်အရိုအသေပြုကြသည်။

 

ထို့နောက်မှ ဧည့်ခံနေသော ဝန်ထောက်တော်က ဦးခဲအားပြုံးရယ်ပြီး နုတ်ဆက်သည်တွင် ဖယ်ယာတို့လူစု လူမှားမှန်း သိလာကြသည်။ ဦးခဲသည် AD 1869 ခုတွင် ရေစကြိုမြို့ အောင်မြေသာယာကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

Credit

Zawgyi

 

ကုန္းေဘာင္ေခတ္က မင္းတုန္းမင္းနဲ႕႐ုပ္ခ်င္းဆင္သည့္ စားေတာ္ဝန္ ဦးခဲ အေၾကာင္း

 

 

စားေတာ္ဝန္ဦခဲသည္ ကုန္းေဘာင္ေခတ္၊မင္းတုန္းမင္းလက္ထက္ စားေတာ္ဝန္ ျဖစ္သည္။ သာယာဝတီမင္းႏွင့္ ပုဂံမင္းတို႔လက္ထက္ စားေတာ္ဝန္၏ အမည္ကို မသိရွိရေပ။

မင္းတုန္းမင္း (၁၈၅၃-၁၈၇၈) လက္ထက္တြင္မူ စားေတာ္ဝန္ဦးခဲမွာ အမည္ထင္ရွားခဲ့သည္။ ဦးခဲသည္ မဟာမင္းလွေ႐ႊေတာင္ဘြဲ႕ခံ စားေတာ္ဝန္ျဖစ္ၿပီး မင္းတုန္းမင္း၊ မိဖုရားႀကီး စၾကာေဒဝီ ႏွင့္ သားေတာ္ သမီးေတာ္မ်ားအတြက္ အစား အေသာက္မ်ားကို စီမံခ်က္ျပဳတ္ရသူျဖစ္သည္။

စားေတာ္ဝန္ဦးခဲ၏ လက္ေအာက္တြင္ အစၥလာမ္ဘာသာဝင္ မုန႔္ေတာ္ေခါင္း မင္းဦး႐ြက္ဆိုသူက အမႈထမ္းခဲ့ရ၏။ စားေတာ္ဝန္ ဦးခဲမွာ မင္းတုန္းမင္းႏွင့္ ႐ုပ္ခ်င္းအေတာ္ဆင္သူ ျဖစ္သည္။

၁၈၅၅ ခုႏွစ္က အသာဖယ္ရာ ဦးေဆာင္ေသာ ၿဗိတိသွ်သံအဖြဲ႕ အမရပူရေနေျပည္ေတာ္သို႔ လာေရာက္စဥ္ စားေတာ္ဝန္ဦးခဲအား မင္းတုန္းမင္းအမွတ္ျဖင့္ မွားယြင္းအရိုအေသျပဳခဲ့ဖူးသည္။

နန္းတြင္းသူ နန္းတြင္းသားမ်ားကလည္း ဦးခဲအား မင္းတုန္းမင္းႏွင့္ မၾကာခဏ မွားယြင္းတတ္ၾကသည္။ သို႔ျဖင့္ ကင္းဝန္မင္းႀကီးက စားေတာ္ကဲ ဦးခဲအား မုတ္ဆိတ္က်င္စြယ္ မထားရန္ႏွင့္ လမ္းသြားလွ်င္ ေတာင္ေဝွး တစ္ေခ်ာင္းကိုင္ထားရန္ အမိန႔္ေတာ္ခ်မွတ္ခဲ့၏။

ဦးခဲသည္ ေရစႀကိဳနယ္သားျဖစ္ၿပီး ေရစႀကိဳခုံေတာ္ ဦးမွိုင္းက နန္းတြင္းသို႔ ေခၚေဆာင္လာခဲ့ျခင္း ျဖစ္သည္။ ဦးခဲသည္ မင္းတုန္းမင္း နန္းတက္စကပင္အမႈထမ္းခဲ့သည္။

မင္းတုန္းမင္းက သူ႕အား ေရစႀကိဳေလး႐ြာစား အျဖစ္ခ်ီးျမႇင္ခဲ့ၿပီး မဟာမင္းလွေ႐ႊေတာင္ဘြဲ႕ကို ေပးအပ္ခဲ့သည္။ ၁၆ ဇန္နဝါရီ ၁၈၇၃ ရက္စြဲပါ အမိန႔္ေတာ္တြင္ စားေတာ္ဝန္ဦးခဲအား ယခင္မင္းတုန္း ေတာင္စဥ္ခုႏွစ္ရိုင္ဝန္ကို ေပးအပ္ထားသည့္ ေတာင္ဘက္ကိုးခရိုင္ ဆည္ေရေသာက္လယ္မ်ားကို ထပ္မံေပးသနားခဲ့ေၾကာင္း ေဖာ္ျပပါရွိပါသည္။

ဘုရင့္ပြဲေတာ္အုပ္မ်ား အတြက္ တာဝန္ယူ စီမံ ခ်က္ျပဳတ္ရသည္။ ဦးခဲသည္ မင္းတုန္းမင္းထက္ အသက္ အနည္းငယ္ ႀကီးေသာ္လည္း အဂါရၤုပ္မွ စ၍ အသံေန အသံထား ကိုယ္လုံးကိုယ္ထည္သြားပုံလာပုံ စသည္တို႔မွာ ဘုရင္မင္းတရားႀကီးႏွင့္ခြဲမရေအာင္ တူသည္ဟု ဆိုသည္။

ဦးခဲအား ဘုရင္ႏွင့္ တူလြန္း၍ နန္းေတာ္သူမ်ားပင္ အမွတ္မွား တတ္ၾကသည္။ ဘုရင္ႏွင့္ အေဝးမွ ၾကည့္ခြဲရသည္ ရွိေသာ္ ဦးခဲ ဝတ္ဆင္ေသာ အဝတ္တန္ဆာကို ၾကည့္၍သာ ခြဲျခားနိုင္သည္။

 

ကင္းဝန္မင္းႀကီးက ဦးခဲအား မုတ္ဆိတ္က်င္စြယ္ မထားရန္ႏွင့္ လမ္းသြားလွ်င္ ေတာင္ေဝွးတစ္ေခ်ာင္း ကိုင္ထားရန္ အမိန႔္ခ်ခဲ့သည္။ အဂၤလိပ္ သံအမတ္ ေမဂ် ာဖယ္ယာသည္AD 1855 ခုက မင္းတုန္းမင္းအား အမရပူရၿမိဳ႕ တြင္ ဖူးျမႇော္ခြင့္ရသျဖင့္ေ႐ႊ မ်က္ႏွာေတာ္ကို မွတ္မိေနသည္။

ရတနာပုံေ႐ႊၿမိဳ႕ ေတာ္သို႔ ေျပာင္းလာၿပီးေနာက္AD 1863 ေလာက္တြင္ ေမဂ်ာဖယ္ရာႏွင့္သံအဖြဲ႕ ေရာက္ရွိလာၿပီး မင္းတရားႀကီးကို ဖူေျမာ္ရန္ ေဇတဝန္ေဆာင္တြင္ ေစာင့္စိုင္း ေနၾကရာ ဦးခဲသည္ ႐ုတ္တရက္ ေရာက္လာၿပီး ေဇတဝန္ေဆာင္ဘက္သို႔ ေကြ႕ခ်ိဳးလိုက္ရာတြင္ ဖယ္ယာတို႔လူစုသည္ ဘုရင္မင္းျမတ္ ႂကြလာသည္ အထင္ႏွင့္ အားလုံးတစ္ၿပိဳင္နက္အရိုအေသျပဳၾကသည္။

 

ထို႔ေနာက္မွ ဧည့္ခံေနေသာ ဝန္ေထာက္ေတာ္က ဦးခဲအားၿပဳံးရယ္ၿပီး ႏုတ္ဆက္သည္တြင္ ဖယ္ယာတို႔လူစု လူမွားမွန္း သိလာၾကသည္။ ဦးခဲသည္ AD 1869 ခုတြင္ ေရစႀကိဳၿမိဳ႕ ေအာင္ေျမသာယာေက်ာင္းတိုက္ကို ေဆာက္လုပ္လႉဒါန္းခဲ့သည္။

Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.