ချစ်သူရွေးမယ် ချစ်ဝဲလယ်

 


" ချစ်သူရွေးမယ် ချစ်ဝဲလယ် "

wwwwwwwwwwwwwwwwwwwwww
ချစ်သူရွေးမယ် ချစ်ဝဲလယ်ဟာ ၁၉၇၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ မြန်မာရုပ်ရှင် ဇာတ်ကားပါ ။ ပြည်သူ့မေတ္တာရုပ်ရှင်က ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ ဝင်းဦး ၊ စန္ဒာ ၊ စမ်းစမ်းအေး ၊ မြင့်မြင့်ခင် ၊ ချိုပြုံး ၊ တင်တင်နွဲ့ ၊ မြင့်မြင့်ခိုင် နဲ့ နွဲ့နွဲ့မူ တို့ဖြစ်ပါတယ် ။ ၁၉၇၅ ခုနှစ် စက်တင်ဘာလမှာ ရိုက်ကူးရေး ပြီးစီးခဲ့ပါတယ် ။
ဒီရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ဝင်းဦးကိုယ်တိုင်ရိုက်ကူးပြီး သူဟာ ဒီရုပ်ရှင်မှာ ရှစ်ကိုယ်ခွဲအဖြစ် သရုပ်ဆောင်ထားပါတယ် ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံး ရှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ။



ဇာတ်လမ်းကတော့ ညီအစ်ကို ခုနှစ်ယောက်မှာ အငယ်ဆုံးဖြစ်သူ ဝင်ဦးဟာ ကွယ်လွန်းသူဖခင်ကြီးရဲ့ဆန္ဒအရ သူမင်္ဂလာမဆောင်ခင်မှာ အစ်ကိုဖြစ်သူတွေရဲ့ ဇနီးမယားတွေကို လေ့လာရတဲ့အကြောင်းပါ ။
အစ်ကိုတွေရဲ့ မိန်းမ (မရီး) တွေဟာ သူ့နေရာနဲ့သူမှာ တော်ကြပါတယ် ။ ဒါပေမဲ့ တမျိုးစီချို့ယွင်းချက်တွေရှိပါတယ် ။ မရီးတွေအကုန်လုံးကို လေ့လာပြီးတဲ့နောက် ဝင်းဦးဟာ သူ့ချစ်သူ စန္ဒာဆီကိုပြန်လာပါတယ် ။ သူ့ချစ်သူကတော့ ချို့ယွင်းချက်ကလေးတွေအတော်များပါတယ် ။



ဒီတော့ ဝင်းဦးဟာ သူ့ချစ်သူနဲ့လက်ထပ်ဖို့ရွေးလား ၊ မရွေးဘူးလားဆိုတာကို ‌စောင့်ကြည့်ရမှာပါ ။ ဇာတ်လမ်းအဆုံးမှာ မိန်းကလေးတွေ နဲ့ပတ်သတ်ပြီး ဝင်းဦးမှတ်ချက်ချပုံကို အတော်သဘောကြမိပါတယ်။
ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ။ သီချင်းတွေ ၊ ဟာသတွေနဲ့ကြည့်ရတာ မပျင်းရပါဘူး ။ ဝင်းဦးဟာ နိုင်ငံခြားခရီးသွားတိုင်း အဲဒီခေတ်က ထူးထူးဆန်းဆန်းပစ္စည်းကလေးတွေ ဝယ်ယူစုဆောင်းလေ့ရှိပါတယ် ။ ( အဲဒီစကားကို သုမောင် ပြောခဲ့တာလား ၊ နတ်နွယ်ပြောခဲ့တာလား မမှတ်မိတော့ပါ ) ဒီဇာတ်ကား မတူညီတဲ့ဇာတ်ကောင်တွေရဲ့ အိမ်တွင်အပြင်အဆင်မှာ ဝင်းဦးဟာ အဲဒီပစ္စည်းကလေးတွေကို သုံးထားတာကို သတိပြုမိခဲ့ပါတယ် ။ ဆိုရရင်တော့ အချိန်ပေးကြည့်ရကျိုး နပ်န်ိင်လောက်တဲ့ဇာတ်ကားတကားပါ ။ အရမ်းကြီး ထူးချိန်ကောင်းမွန်နေတာမျိုးမဟုတ်ပေမဲ့ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံး ရှစ်ကိုယ်ခွဲဇာတ်ကား ၊ ပေါ့ပေါ့ပါးပါး musical rom-com လို့ဆိုလို့ရနိုင်ပါတယ် ။
ဦးဝင်းဖေကတော့ ဒီရုပ်ရှင်ဟာ အီတလီဒါရိုက်တာကြီး ဗစ်တိုရီယိုဒက်(စ)စီးကား ( Vittorio De Sica ) ရဲ့ ဝီးမင်းတိုင်း(စ်)ဆဲဗင်း ( La Dolce Vita ) ကို ဗမာတွေ အတော်ကြိုက်ကြတဲ့အတွက် ဝင်းဦးက မြန်မာမှုပြုပြီးတော့ " ချစ်သူရွေးမယ် ချစ်ဝဲလယ် " အဖြစ်ရိုက်တယ်လို့ဆိုပါတယ် ။
crd#MSR

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.