ဂရင်းနစ်စံချိန်တင်ထားကြတဲ့ ကမ္ဘာကျော် ဆယ်လီများ

 




ဂရင်းနစ်စံချိန်တင်ထားကြတဲ့ ကမ္ဘာကျော် ဆယ်လီများ

ကမ္ဘာ့ဂရင်းနစ်စံချိန်မှတ်တမ်းတည်ရှိခဲ့တာ ဆိုလျှင် နှစ်ပေါင်း၆၀ကျော်ပြီဖြစ်ပါတယ်။ နှစ်စဉ် ဂရင်းနစ်စံချိန်တင်နိုင်ဖို့အတွက် တင်သွင်းတဲ့စာလွှာပေါင်း ၅၀,၀၀၀ကျော်လောက်ရှိတဲ့အထဲကမှ ၆၀၀၀‌ လောက်ကိုလက်ခံကာ‌ရွေးချယ်အတည်ပြုကြပါတယ်။အချို့ မှတ်တမ်းများဟာဆိုရင်ကမ္ဘာအနှံအပြားရှိသူတို့ရဲ့ကျွမ်းကျင်မှုအောင်မြင်မှုကို လူသိများသောကြောင့် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဂရင်းနစ်စံချိန်ချိုးခဲ့ကြတဲ့ နာမည်ကြီးဆယ်လီများရဲ့ စံချိန်ချိုးဖောက်မှုအကြောင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)Shakira

Shakira ဟာ အထင်ကြီးစရာကောင်းလှတဲ့ ဂရင်းနစ်စံချိန်မှတ်တမ်းများကိုရရှိထားပါတယ်။ ပြီးတော့ သူမဟာ ဂရင်းနစ်စံချိန်ကို သုံးကြိမ်တိတိရယူထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး သူမဟာ စပိန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးအယ်ဘမ် နဲ့ ရောင်းအားအမြင့်ဆုံးတစ်ကိုယ်တော် အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ထို့အပြင် Facebookတွင် likes သန်း၁၀၀ကိုပထမဆုံးရရှိထားသူတစ်ယောက်လည်းဖြစ်ပြန်ပါတယ်။

(၂)Robert Downey Jr.

Robert Downey Jr. ဟာသူကိုယ်တိုင် ဂရင်းနစ်စံချိန်ကို ချိူးဖောက်ထားခြင်း မရှိခဲ့သော်လည်း သူ့ရဲ့မွေးနေ့ကတ်က တော့ချိူးဖောက်နိုင်ခဲ့ပါတယ်။သူဟာသူရဲ့ မွေးနေ့မှာတရုတ်နိုင်ငံသို့ အလည်ပတ်ခရီးသွားခဲ့စဉ် ပရိသတ်တွေအတွက် သူ့ရဲ့လက်မှတ်ပါသော ကဒ်ပြားပေါင်း ၅၃၃၉ခုကိုပေးနိုင်ခဲ့ပြီးထိုအရာကဘဲသူ့ကိုဂရင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

(၃)Ozzy Osbourne

2010ခုနစ်တွင် Dodgerအားကစားကွင်း၌ လူပေါင်း ၅,၂၀၀၀ ကျော်သော လူအုပ်ကြီးဟာ အကျယ်ဆုံးအော်ဟစ်မှုပြုလုပ်ပြီး ဂရင်းနစ်စံချိန်၀င်နိုင်ခဲ့ပါတယ်။ Metal Bandတစ်ခုဖြစ်တဲ့Ozzy Osbourne နဲ့ Black Sabathတို့က အော်ဟစ်ခြင်းကို ဦးဆောင်ခဲ့ကြပြီး metal အဆိုတော် က စံချိန်ချိူးအော်ဟစ်ခြင်းရဲ့ ခေါင်းဆောင်အဖြစ် ဂရင်းနစ်စံချိန်မှတ်တမ်းလက်မှတ်ကိုရရှိခဲ့ပါတယ်။

(၄)Dwayne Johnson (The Rock)

(WWE)ခေါ် Wrestlerက ဆရာကျတဲ့ နပန်းသမားနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ Dawyne Johnson "The Rock"ဟာ ကမ္ဘာစံချိန်များစွာကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။ထိုစံချိန်များစွာထဲကမှအံ့သြစရာကောင်းတာတစ်ခုကဆယ်ဖီနဲ့ပက်သက်ပြီးစံချိန်ချိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Johnsonဟာ ၃မိနစ်အတွင်း ဆယ်ဖီပုံ၁၀၅ပုံကိုရိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

(၅)Metallica

Metallicaဟာ ကမ္ဘာ့တိုက်ကြီး၇တိုက်ကို ပထမဆုံးလှည့်လည်ပြီးပွဲကျင်းပနိုင်တဲ့ အဖွဲ့တစ်ခုအဖြစ် ဂရင်းနစ်စံချိန်၀င်နိုင်ခဲ့ပါတယ်။ အန္တာတိက တိုက်မှာတော့ The Carlini Argentine ဆိုတဲ့နေရာမှာ ဖျော်ဖြေခဲ့ပြီးနောက်ပိုင်းမှာတော့ သူတို့ရဲ့အောင်မြင်မှုကြီးဟာ မှတ်တမ်း၀င်နိုင်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာအန္တာတိကတိုက်တွင်ပွဲကျင်းပခဲ့တဲ့ ဒုတိယ metal အဖွဲ့တစ်ခုဖြစ်ပြီး သူတို့အဖွဲ့ထဲတွင် အဖွဲ့၀င် ၇ယောက်ပါ၀င်ပါတယ်။

(၆)Ellen DeGeneres

အော်စကာဆု‌ပေးပွဲကျင်းပတဲ့အချိန်၌ ရိုက်ကူးပြီးလွှင့်တင်ခဲ့သော TVစတား Ellen DeGeneresရဲ့ ဆယ်ဖီပုံကို အားလုံးမြင်တွေ့ရင်းနှီးကြပါလိမ့်မယ်။ အဲ့ဒီပုံကို ပြန်လည်ရှယ်ကြတဲ့အရေအတွက်မှာ 3.3millonsထိရှိသောကြောင့် ကမ္ဘာ့မှတ်တမ်း၀င်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

(၇)Regis Philbin
Regis Philbin သည်ကျော်ကြားသောပြပွဲနှင့်ဟောပြောပွဲကျင်းပသူတစ်ဦးဖြစ်ပါတယ်။ ရုပ်မြင်သံကြား ကင်မရာရှေ့တွင် နာရီပေါင်း ၁၅၁၈၈နာရီကြာပါ၀င်ခဲ့ပြီး ၂၀၀၄ခုနစ်တွင်ဂရင်းနစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ရောက်တဲ့အခါမှာလည်း သူ့ရဲ့စံချိန်ကို ၁၆,၇၄၆နာရီနဲ့ စံချိန်ကိုဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။

(၈) Eminem

၂၀၁၃ခုနစ်မှာတော့Eminemဟာ Rap Godသီချင်းဖြင့် စာလုံးရေအများဆုံး Rap သီချင်းအဖြစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ ၆မိနစ်နဲ့လေးစက္ကန့်အတွင်း Rapစာလုံးပေါင်း ၁,၅၆၀လုံး နှင့်ပျှမ်းမျအားဖြင့် တစ်စက္ကန့်တွင် 4.28လုံး အထိ ရွတ်ဆို ခဲ့ပါတယ်။ သီချင်းရဲ့အမြန်ဆုံးအပိုင်းတွင် တစ်စက္ကန့်ကို 6.46အထိ ရွတ်ဆိုနိုင်ခဲ့ပါတယ်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.