ကမ္ဘာပေါ်ရှိ ခွန်အားအကြီးမားဆုံး သတ္တဝါများ စုစည်းမှု
ပုံသဏ္ဍာန်မျိုးစုံ အရွယ်အစားမျိုးစုံ ရှိကြတဲ့ တိရိစ္ဆာန်တွေအားလုံးဟာ ခွန်အားနေရာမှာလည်း မတူညီပဲ ကွဲပြားခြားနားတတ်ကြပါတယ် ။ ဘယ်တိရိစ္ဆာန်က အသန်မာဆုံးလဲလို့ သတ်မှတ်တဲ့နေရာမှာတော့ ခွန်အားဆိုတာကို သင်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲ အပေါ်ပဲ မူတည်ပါတယ် ။
သင့်အနေနဲ့ သူ့တို့ သယ်ဆောင်နိုင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး သတ်မှတ်တာလား တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို မူတည်ပြီး သတ်မှတ်မှာလား ....
ဒီနှစ်မျိုးထဲမှာ ဘယ်သူက ခွန်အားအကြီးဆုံးသတ္တဝါလဲ ဆိုတာတော့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေကို ဆက်လက်ဖတ်ရှုလေ့လာသွားလိုက်ပါဦးနော်
၁။ နွားချေးပိုးထိုးကောင်
နွားချေးပိုးထိုးကောင်တွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံး အင်းဆက်တွေဖြစ်ပါတယ် ။ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၁၀၀ ဆ ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ် ။
၂။Rhinoceros Beetle
ဒီအင်းဆက်တော့ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၈၅၀ ဆထိလေးသော အရာများကို မနိုင်ပါတယ်။
၃။ပုရွက်နီ ကောင်
ဒီသေးငယ်တဲ့ ပုရွက်နီကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၅၀လေးသော အရာတွေကို ပါးစပ်မှာကိုက်ပြီး သယ်ဆောင်နိုင်ပါတယ် ။ ဒါဟာ လူတစ်ယောက် ထရပ်ကားတစ်စီးကို ပါးစပ်နဲ့ ကိုက်ပြီး သယ်သလိုပါပဲ
၄။ဂေါ်ရီလာ
ဂေါ်ရီလာတစ်ကောင်ဟာ သူ့ခန္ဓာကိုယ်အလေးချိန် ပေါင် ၈၀၀ ထက် ဆယ်ဆလေးသောအရာတွေကို သယ်ဆောင်နိုင်ပါတယ် ။ ဒါဟာ လူအယောက် ၃၀ ရဲ့ အလေးချိန်နဲ့ ညီမျှနေပါတယ် ။
၅။လင်းယုန်ငှက်
လင်းယုန်ငှက်တွေဟာ ပျံသန်းနေရင်းနဲ့တင် သူ့ခန္ဓာကိုယ်အလေးချိန်ထက် လေးဆလောက်လေးတဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားနိုင်ပါတယ် ။ ကမ္ဘာကြီးပေါ်က အသန်မာဆုံး ငှက်တစ်ကောင်ပေါ့
၆။ကျား
ကြောင်မျိုးနွယ်စုရဲ့ အကြီးမားဆုံး အနွယ်ဝင်ဖြစ်တဲ့ ကျားတစ်ကောင်ဟာ ပေါင် ၁၀၀၀ ရှိတဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ နှစ်ဆ သယ်ဆောင်နိုင်ပြီး ၄၅ ပေါင် အလေးချိန်ရှိတဲ့ အစာကို တစ်ညထဲနဲ့ စားသုံးနိုင်ပါတယ် ။
၇။အာဖရိက ဆင်
ဆင်တွေဟာ လူပေါင်း အယောက် ၁၃၀ကို မနိုင်တဲ့ အရည်အချင်းရှိသော အသန်မာဆုံး နို့တိုက်သတ္တဝါဖြစ်ပါတယ် ။ ခန့်မှန်းချေ ဆင်တစ်ကောင်ကို ပေါင် ၁၄၀၀၀ လေးပါတယ်
၈။အပြာရောင်ဝေလငါး
အပြာရောင် ဝေလငါးတွေဟာ သူတို့ရဲ့ ကြီးမားသန်မာလှတဲ့ ကြါက်သားတွေကြောင့် အသန်မာဆုံး သတ္တဝါတွေထဲက တစ်ကောင်အဖြစ် သိထားကြတာပါ ။ တန် ၂၀၀ လောက်ထိ လေးပြီး ဒီလိုကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီး သွားလာနိုင်ဖို့ အတွက် အတော်လေး အားစိုက်ထုတ်ရပါတယ်
၉။နွားထီး
နွားထီးတွေဟာ သူ့ခန္ဓာကိုယ်ထက် တစ်ဆခွဲလောက် လေးတဲ့ အရာတွေကို အေးအေးဆေးဆေး ဆွဲနိုင်ပါတယ်
၁၀။မြောက်အမေရိကတိုက် ဝက်ဝံ
ဒီဝက်ဝံတွေဟာ ပေါင် ၁၁၀၀ ကျော်လောက်ကို မနိုင်ပြီး ဘိုးလင်းဘောလုံးကို ချေမွှပစ်လိုက်နိုင်တဲ့အထိ အင်အားကြီးပါတယ်
၁၁။ရေငံမိကျောင်း
ရေငံမိကျောင်းတွေဟာ တစ်လက်မကို ပေါင် ၃၇၀၀ အားနဲ့ ကိုက်နိုင်ပြီး သူ့ရဲ့ မေးရိုးတွေဟာ သန်မာလှတာကြောင့် T rex ထက်တေင် ပိုပြီး ကိုက်နိုင်တဲ့နေရာမှာ အားကြီးတယ်လို့ ဆိုရပါမယ်
၁၂။ကျားသစ်
ကျားသစ်တွေဟာလည်း တစ်လက်မပတ်လည်ကို ပေါင် ၂၀၀၀ နှုန်းနဲ့ ကိုက်ဖြတ်နိုင်ပြီး ခြင်္သေ့တစ်ကောင် ကိုက်အားထက်ကို ပိုပြီး သန်မာပါတယ်
၁၃။ရေမြင်း
ရေမြင်းတွေဟာ တစ်လက်မပတ်လည်ကို ၁၈၂၁ပေါင်အားနဲ့ကိုက်ဖြတ်နိုင်ပြီး အရွက်စားသတ္တဝါတွေထဲမှာတော့ အသန်မာဆုံးလို့ ပြောရပါမယ်
၁၄။ပိုလာဝက်ဝံ
ပေါင် ၁၂၀၀ အားနဲ့ ကိုက်နိုင်တဲ့ ဝက်ဝံတွေဟာ သန်မာလွန်းလှတဲ့အပြင် သူတို့ လက်သည်းနဲ့ တစ်ချက်လောက် ကုတ်လိုက်တာနဲ့တင် တိရိစ္ဆာန်တစ်ကောင် အသာလေး သေသွားနိုင်ပါတယ်
၁၅။အမေရိကန် ဝက်ဝံမဲ
လက်တုတ်တုတ်ကြီးတွေ ကြီးမားတဲ့ ပခုံးကြီးတွေပိုင်ဆိုင်ထားတဲ့ ဒီ အမေရိကန် ဝက်ဝံမဲဟာ ဆိုရင် ခွန်အားကြီးတဲ့ သတ္တဝါတစ်ကောင်လို့ပြောဖို့ သံသယဖြစ်စရာကို မလိုပါဘူး .
ဝက်ဝံအပေါက်လေးတောင်မှာ ပေါင် ၃၀၀ ရှိတဲ့ ကျောက်တုံးကို လှန်ပစ်နိုင်ပါတယ်တဲ့
၁၆။ခွေးအ
ခွေးအတွေဟာ တစ်လက်မကို ပေါင် ၁၁၀၀ လောက်ကိုက်ဖြတ်နိုင်ပြီး ပိုလာဝက်ဝံရဲ့ကိုက်အားနဲ့ ညီမျှပါတယ်
၁၇။အန်နာကွန်ဒါ
အန်နာကွန်ဒါမြွေတွေဟာ သူတို့ခန္ဓာကိုယ်နဲ့ ညီမျှတဲ့ တိရိစ္ဆာန်တစ်ကောင်ကို ညှစ်သတ်နိုင်ပြီး အန်နာကွန်ဒါ မြွေစိမ်းတွေဟာ အရှည် ၂၉ပေထိ ရှည်လျားပြီး ပေါင် ၅၅၀ ထိလေးပါတယ် ။ သူဟာ ဂေါ်ရီလာ တစ်ကောင်ကို ညှစ်သတ်နိုင်တဲ့ အနေအထားဆိုလည်း မမှားပါဘူး ။
၁၈။ခြင်္သေ့
တောအုပ်ထဲမှာ အသန်မာဆုံးသတ္တဝါမဟုတ်ပေမယ့်လည်း ခြင်္သေးဟာ တောဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တော့ ထိုက်တန်ပါတယ် ။ ခြင်္သေ့ရဲ့ မေးရိုးတွေက သန်မာလှပြီး တစ်လက်မပတ်လည်ကို ပေါင် ၆၀၀ အားနဲ့ ကိုက်ဖြတ်နိုင်ပါတယ် ။
၁၉။ခွေးတူဝက်တူ
တော်တော်လေး အားသန်ပြီး သူတို့ကို ခြိမ်းခြောက်ခံရတယ်လို့ ခံစားမိတယ်ဆိုတာနဲ့ သူ့ထက် ခန္ဓာကိုယ် အရွယ်အစား ကြီးမားတဲ့ သတ္တဝါနောက်လည်း လိုက်ဖို့ ဝန်မလေးတဲ့
တိရိစ္ဆာန်တစ်မျိုးပါ
၂၀။ကျားသစ်
ကြောင်ကြီး မျိုးနွယ်တွေအားလုံးထဲမှာ အသန်မာဆုံးဖြစ်ပြီး သစ်ပင်တက်ကျွမ်းကျင်ကာ သူ့ခန္ဓာကိုယ်ထက် နှစ်ဆလေးတဲ့ သားကောင်တွေကိုတောင် ကိုက်ချီနိုင်ပါတယ်