အခုလက်ရှိမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထက် ပိုပြီးချမ်းသာကြွယ်ဝခဲ့တဲ့ ဘုရင်တစ်ပါး

 


စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်ကြတဲ့ Elon Musk နှင့် Jeff Bezos တို့ဟာ “ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်” ဘွဲ့အတွက် လွန်ဆွဲနေကြဆဲ ဖြစ်ပါတယ်။ အချင်းချင်း သာလွန်တာတွေ ကြွားဝါဖို့အတွက် ကြိုးစားမှုတွေဟာလည်း ရယ်စရာကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လူသားတို့ရဲ့ သမိုင်းကို ပြန်လှန်ကြည့်မယ် ဆိုရင်တော့ ဒီနှစ်ယောက်ဟာ မန်ဆာမူဆာလို့ခေါ်တဲ့ အာဖရိက ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်ရင် ဘာမှမဟုတ်သေးတာကို တွေ့ရပါလိမ့်မယ်။

Mansa Musa ဟာ အနောက်အာဖရိကမှာရှိတဲ့ မာလီအင်ပါယာရဲ့ အုပ်ချုပ်သူဟောင်းတစ်ဦး ဖြစ်ပါတယ်။ 1280 ခုနှစ်မှာ Musa I အဖြစ်မွေးဖွားခဲ့ပြီး 1312 ခုနှစ်မှာ သူဟာ ထီးနန်းကို ရယူပြီးတဲ့နောက် Mansa (မန်ဒင်ကာဘာသာစကားဖြင့် "sultan" သို့မဟုတ် "emperor") လို့အဓိပ္ပာယ်ရတဲ့ "Mansa" ဘွဲ့ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။



သူ့ရဲ့ နောင်တော်နှင့်ညီဖြစ်သူ Mansa Abu-Bakr ဟာ အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ပြီး လေ့လာရေးခရီးထွက်ဖို့ ထီးနန်းကို စွန့်ပြီးခဲ့တာကြောင့် Mansa Musa ဟာ အာဏာရ လာခဲ့ပါတယ်။

မာလီနိုင်ငံဟာ မန်ဆာမူဆာရဲ့ အုပ်ချုပ်မှုအောက်မှာ အာဏာကြီးထွားလာပြီး အတ္တလန်တိတ် သမုဒ္ဒရာကနေ နိုင်ဂျာနိုင်ငံအထိ မိုင်ပေါင်း ၂၀၀၀ ကျော် အာဏာသက်ရောက်ခဲ့ပါတယ်။ ဆီနီဂေါ၊ မော်ရီတေးနီးယား၊ ဘာကီနာဖာဆို၊ ဂမ်ဘီယာ၊ ဂီနီဘစ်ဆော၊ ဂီနီနှင့် အိုင်ဗရီကို့စ်တို့ရဲ့ နယ်နမိတ်တွေကိုလည်း လွှမ်းခြုံထားပါသေးတယ်။

မာလီနိုင်ငံဟာ မန်ဆာမူဆာရဲ့ အုပ်ချုပ်မှုအောက်မှာ အာဏာကြီးထွားလာပြီး အတ္တလန်တိတ် သမုဒ္ဒရာကနေ နိုင်ဂျာနိုင်ငံအထိ မိုင်ပေါင်း ၂၀၀၀ ကျော် အာဏာသက်ရောက်ခဲ့ပါတယ်။ ဆီနီဂေါ၊ မော်ရီတေးနီးယား၊ ဘာကီနာဖာဆို၊ ဂမ်ဘီယာ၊ ဂီနီဘစ်ဆော၊ ဂီနီနှင့် အိုင်ဗရီကို့စ်တို့ရဲ့ နယ်နမိတ်တွေကိုလည်း လွှမ်းခြုံထားပါသေးတယ်။



အသားတင်တန်ဖိုးက အဆက်မပြတ် အတက်အကျ ရှိပေမယ့်လည်း Bezos နှင့် Musk နှစ်ယောက်လုံးကတော့ $200 ဘီလီယံမှာပဲ ရှိနေပါတယ်။ ကျွမ်းကျင်သူကတော့ Mansa Musa ရဲ့ တွက်ချက်ထားတဲ့ ဒေါ်လာ ၄၀၀ ဘီလီယံ ပမာဏရဲ့ နောက်ကွယ်မှာ ရာနှင့်ချီတဲ့ ငွေကြေးဖောင်းပွမှုတွေ ရှိနေပါသေးတယ်လို့ ဆိုပါတယ်။

ပါမောက္ခတစ်ဦးကတော့ "မူဆာရဲ့ စည်းစိမ်ဥစ္စာတွေဟာ အရမ်းကို များပြားလွန်းတာကြောင့် ဘဝတစ်သက်တာလုံး ရေတွက်ရင်တောင် မကုန်ခမ်းနိုင်ဘူးလို့ ပြောပါတယ်။ သူဟာ မက္ကာကို ဘုရားဖူးခရီးစဉ် သွားတဲ့အခါမှာလည်း တစ်လမ်းလုံးရဲ့ မှတ်တမ်းအပြည့်အစုံကို အသေးစိတ် ရေးသားခဲ့ပါတယ်။



Mansa Musa ဟာ 1324 မှာ ဘုရားဖူးခရီး စတင်ထွက်ခွါခဲ့ပါတယ်။ သွားတဲ့အခါမှာလည်း သူဟာ လူပေါင်း 60,000 ကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူရဲ့ ခရီးစဉ် အသေးစိတ်မှာ သူရဲ့ တော်ဝင်အရာရှိတွေ၊ စစ်သည်တွေ၊ ကုန်သည်တွေ၊ ကျွန်တွေ၊ စားစရာအတွက် ဆိတ်၊ သိုးအချို့နှင့် ကုလားအုတ် တစ်ရာခန့်တို့ ပါဝင်ပါတယ်။

အများစုက ရွှေနှင့် ပါရှန်းပိုးချောတွေ ၀တ်ဆင်ထားကြတာကြောင့် စတိုင်လ်ကျကျ ခရီးသွားကြခြင်းပဲ ဖြစ်ပါတယ်။

Mansa Musa ဟာ ပရဟိတသမားလည်း ဖြစ်ပါတယ်။



သမိုင်းမှတ်တမ်းတွေအရ Mansa Musa ဟာ သူခရီးတလျှောက်တွေ့ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ရွှေတွေပေးခဲ့ပြီး ကိုင်ရိုနဲ့ Medina ကို ဖြတ်သွားတဲ့အခါ အမှတ်တရအဖြစ် ရွှေတွေ ပေးခဲ့ပါတယ်။

ရှေးဟောင်းသမိုင်းပညာရှင် Al-Umari ဟာ Mansa Musa နှင့် တွေ့ဆုံခဲ့ပါတယ်။ ဒါကြောင့် Cairo ကနေ Emir နှင့် သူ၏စကားပြောဆိုမှုအကြောင်းဆိုပြီး စာအုပ်ရေးသားခဲ့ပါတယ်။ အာဖရိကဘုရင်ဟာ အာရဗီဘာသာစကားကို ကျွမ်းကျင်ပေမယ့်လည်း စကားပြန်ကနေ တစ်ဆင့် စကားပြန်ပြောတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဘဏ္ဍာတိုက်မှာရှိတဲ့ ရွှေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေကိုလည်း အများကြီး ပေးခဲ့ပါသေးတယ်။

Emir ရဲ့ အဆိုအရ Mansa Musa ဟာ Cairo ကို သူရဲ့စည်းစိမ်ဥစ္စာတွေနဲ့ လွှမ်းမိုးခဲ့ပါတယ်။ ရွှေတွေအများကြီး ရှိနေခဲ့တာကြောင့် ရွှေတန်ဖိုး ကျဆင်းစေခဲ့ပြီး အရှေ့အလယ်ပိုင်းတစ်ဝှမ်းမှာ ဒေါ်လာ ၁.၅ ဘီလီယံခန့် စီးပွားရေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။



“သူဟာ အင်ပါယာပြင်ပက အရင်းအမြစ်တွေကို အလဟသ ဖြုန်းတီးတယ်လို့ ထင်တဲ့အတွက် jelis တွေဟာ သူတို့သီချင်းတွေမှာ Mansa Musaကို မချီးမွမ်းကြောင်းတွေ ရေးသားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ လမ်းတစ်လျှောက်မှာ တွေ့တဲ့လူတိုင်းကို မာလီရွှေတွေ အများကြီး ပေးခဲ့လို့ပါ” လို့ ပညာရှင်တစ်ဦးက ဆိုပါတယ်။

အာဖရိကဘုရင်က အလွန်အင်အားကြီးတာကြောင့် သူရဲ့ ခရီးစဉ်အတွင်းမှာ နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Mansa Musa အတွက် ရိုးရှင်းတဲ့ ခရီးသွားအမှတ်တရ ပစ္စည်း​ကြောင့်လည်း နယ်မြေတွေကို အလွယ်တကူနဲ့ သိမ်းပိုက်နိုင်ခဲ့တာပါ။ သူက Songhai ဘုရင့်နိုင်ငံအတွင်းက Gao နယ်မြေကို သိမ်းပိုက်ပြီး အင်ပါယာကို ဆာဟာရသဲကန္တာရ၏ တောင်ဘက်စွန်းအထိ ချဲ့ထွင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း သူဟာသူ့ရဲ့ ကြီးမားလှသော စည်းစိမ်ဥစ္စာတွေကို ကောင်းမှုအတွက်သာ အသုံးပြုခဲ့ပါတယ်။ သူနန်းတွင်းမှာနေတဲ့ ကာလတစ်လျှောက်လုံး တက္ကသိုလ်တွေ၊ စာကြည့်တိုက်တွေနှင့် အခြားသော အဆောက်အဦတွေကို တည်ဆောက်ခဲ့ပါတယ်။ တချို့အဆောက်အအုံတွေဆိုရင် ဒီနေ့ခေတ်အထိ တည်ရှိနေဆဲပဲဖြစ်ပါတယ်။

Mansa Musa သူ့ကိုယ်သူ နှင့် သူ့အင်ပါယာကို အရှိအတိုင်း မြေပုံပေါ်မှာ ရေးမှတ်ခဲ့ပါတယ်။



1375 ခုနှစ်မှာ Catalan Atlas မြေပုံတစ်ခုရဲ့၊ Timbuktu (မာလီအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာ) ထိပ်မှာ ပလ္လင်ပေါ်မှာထိုင်ပြီး အဖိုးတန် သတ္တုတစ်ပိုင်းကို လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ အာဖရိက ဘုရင်တစ်ပါးရဲ့ ပုံတူပန်းချီကားတစ်ချပ် ရှိခဲ့ဖူးပါတယ်။ 19 ရာစုအတွင်းမှာ Timbuktuဟာ "ပျောက်ဆုံးရွှေမြို့တော်" အဖြစ် ဒဏ္ဍာရီဆန်ဆန် နာမည်တွေရရှိခဲ့ပြီး ရတနာမုဆိုးတွေနှင့် စူးစမ်းရှာဖွေသူတွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Mansa Musa ကွယ်လွန်ပြီးတဲ့နောက် မာလီအင်ပါယာဟာ ပြိုလဲသွားခဲ့ပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ အုပ်စိုးရှင်ဟာ အနောက်အာဖရိကမှာ ပညာရေးကို စတင်ခဲ့ခြင်းအတွက် ဂုဏ်ပြုခံရပါတယ်။ သူဟာ တော်တော်ချမ်းသာပြီး လေးစားအားကျသင့်တယ်ဆိုပေမယ့် လူအများစုက သူ့အကြောင်းကို မကြားဖူးကြပါဘူး။



ဘာလို့လဲ ဆိုတော့ Mansa Musa ကွယ်လွန်ပြီးတဲ့နောက် 1330 ခုနှစ်ဝန်းကျင်ခန့်မှာ သူ့ရဲ့ သားတွေဟာ ထီးနန်းကို အမွေဆက်ခံခဲ့ကြပါတယ်။ စိတ်မကောင်းစရာတစ်ခုက သူတို့ဟာ အင်ပါယာကို အတူတကွ မထိန်းသိမ်းနိုင်ခဲ့ဘဲ နိုင်ငံငယ်တွေ တစ်ခုပြီးတစ်ခု ကွဲထွက်သွားခဲ့ပါတယ်။

ဥရောပသားတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ နိုင်ငံတော်ဟာ လုံးဝကို ပြီးဆုံးသွားခဲ့ပါတယ်။ ကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ “အလယ်ခေတ်ကာလရဲ့ သမိုင်းကို အနောက်နိုင်ငံ သမိုင်းတစ်ခုအဖြစ်သာ အများစု မြင်တွေ့နေရဆဲ ဖြစ်တယ်” လို့ပြောထားပါတယ်။ Mansa Musa ဟာ အရမ်းကို ကြီးကြယ်ခမ်းနားခဲ့ပေမယ့် သူ့ရဲ့ဇာတ်လမ်းကို လူအတော်များက မသိကြပါဘူး။

crd: lovemedia

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.