မျက်ရည်ယိုဗုံးထိခဲ့ရင် အမြန်သက်သာစေမယ့်နည်းလမ်း

မီးခိုးငွေ့တွေ၊ မီးသွေးမွှေးလို့ မီးခိုးရင်တောင် မျက်ရည်က အလိုလို ကျလာတယ်။ဒီ မီးခိုးတွေက လည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။

ဒါဆို နိုင်ငံတကာ သတင်းတွေထဲမှာ တွေ့နေရတဲ့ ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ရှိတဲ့ အရာတွေ ထဲက တစ်ခုဖြစ်တဲ့ မျက်ရည်ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင် လုပ်ရမ လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ ဘာလဲ။မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့ မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။နာကျင်တဲ့ ခံစားမှုကို ခံစားရစေ နိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။

ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

မျက်ရည်ယိုဗုံးတွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ် ထားတာပါ။

ဒီဓာတ်ငွေ့တွေက အသက်သေစေဖို့ ထုတ်ထားတာ မဟုတ်ပေမယ့် အပြင်းအထန် နာကျင် စေတာနဲ့ ထိခိုက်နာကျင်စေ တာမျိုး ဖြစ်စေနိုင်ပါတယ်။ အလုံပိတ်နေရာတွေ မှာဆိုရင် ထိခိုက် နိုင်ခြေက ပိုများပါတယ်။

အဆိုးဆုံးအနေနဲ့ မျက်စိကွယ်တာ၊ ရေတိမ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေ နိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့ ရှူရှိုုက်မိမယ် ဆိုရင် လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင် ပါတယ်။

မျက်ရည်ယိုဗုံး ထိခဲ့ရင် ဘာတွေခံစားရနိုင်လဲ။မျက်ရည်ယိုဗုံး ထိခဲ့ရင်မျက်လုံး – မျက်ရည် ကျမယ်။ ပူစပ်ပူလောင် ဖြစ်မယ်။ နီမြန်းမယ်။ အမြင်အာရုံ ဝေဝါးမယ်။နှာခေါင်း – နှာရည် ကျမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ရောင်ရမ်းမယ်။ပါးစပ် – ပူစပ်ပူလောင်ဖြစ်မယ်။ မအီမ သာဖြစ်မယ်။ မျိုချရခက်မယ်။ သွားရည်တွေကျမယ်။

အဆုတ် – ရင်ဘတ်ထဲက တင်းကျပ်လာမယ်။ ချောင်းဆိုးမယ်။ မွန်းမယ်။ အသက်ရှူရင် အသံကျယ်လာမယ်။ အသက်ရှူတာ ပြတတေင်းပြတ်တောင်းဖြစ်လာမယ်။

အရေပြား – လောင်မယ်။ အဖုအပိမ့်ထမယ်။အခြား ပြဿနာတွေ – အော့အန်မယ်။ မအီမ သာဖြစ်မယ်။မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ မျက်ရည် ယိုဓာတ်ငွေ့ ထိတွေ့ခဲ့ရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင် ကြည့်ပါ။

ဓာတ်ငွေ့ရှိတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပါ။မျက်ရည်ယိုဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ဓာတ်ငွေ့တွေ ရှိတဲ့နေရကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာပါ။

ဒီဓာတ်ငွေ့တွေကို ကြာကြာရှည်ရှည် ထိတွေ့တာက မျက်ရည်၊ သလိပ်တွေကို ထွက်စေပြီး အသက်ရှူ ကြပ်တာ၊ လှုပ်ရှားဖို့ ခက်ခဲတာတွေ ဖြစ်လာစေနိင်ပါတယ်။

ဒါကြောင့် မျက်ရည်ယို ဓာတ်ငွေ့ရှိတဲ့နေရာကနေ ခပ်မြင့်မြင့်ကို တက်ပါ၊ လို့ CDCက အကြံ ပြုထားပါတယ်။ လေတင်အရပ်မှာ နေလို့လည်း ရပါတယ်။

မျက်လုံး နဲ့ မျက်နှာကို ရေနဲ့ သေချာ ဆေးချပါ။လေဝဝရှူလို့ရမယ့် နေရာကို ရောက်ပြီဆိုတာနဲ့ မျက်လုံး နဲ့ မျက်နှာကို ရေသန့်သန့်နဲ့ ဆေးချပါ။နဖူးကနေ အောက်ဘက်ကို သစ်ချပစ်ပါ။ မျက်နှာကိုရေမသုတ်ပါနဲ့။ တတ်နိုင်သမျှ ရေများများနဲ့ ဆက်တိုက်ဆေးချပါ။

မျက်နှာကို လေတိုက်ခံလို့လည်း ရပါတယ်။ ဒါကလည်း သက်သာစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။အဝတ်အစားတွေကို ချက်ချင်း လဲပါ။ဓာတ်ငွေ့တွေက အဝတ်အစားတွေမှာ ကပ်နေပြီး ထိခိုက်စေနိုင်တာကြောင့် အပြင်ကနေ ထပ်ဝတ်ထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ပါ။

ဒီဓာတ်ငွေ့တွေက အရေပြားကို လောင်ကျွမ်းတာမျိုး ဖြစ်စေနိုင်တာကြောင့် အရေပြးကို သန့်စင်အောင်ထားပါ။ ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ချွတ်ပစ်ပါ။ ချွတ်လိုက်တဲ့ အဝတ်မစားတွေကို ပလပ်စတစ်အိတ် တစ်ခုထဲထည့်ပြီး လုံနေအောင် ပိတ် ထားပါ။ အချိန်အတော်ကြာ ထားပြီးမှ လျှော်ဖွတ်တာမျိုး လုပ်ပါ။

မျက်မှန်တပ်တတ်သူဖြစ်မယ်ဆိုရင် ဓာတ်ငွေ့ထိပြီးတဲ့အခါ မျက်မှန်ကို ချက်ချင်း ဆေးကြော သန့်စင်ပါ။ ရေချိုးချပါ

ေ​ရေချိုးဖို့က အရေးအကြီးဆုံး အဆင့် တစ်ရပ်ပါ။ မျက်ရည်ယိုဓာတ်ငွေ့ ထိထားပြီဆိုရင် ရေနဲ့ ဆပ်ပြာ ခပ်များများ သုံးပြီး ရေချိုးချလိုက်ပါ။

ဒါမှ မျက်ရည်ယို ဓာတ်ငွေ့ကြောင့် ထိခိုက်မှု နည်းသွားမှာပါ။ခေါင်းလျှော်ချဖို့ မမေ့ပါနဲ့။ ခေါင်း လျှော်တဲ့အခါ ခေါင်းကို အရှေ့ဘက်ကို ကိုင်းပြီး လျှော်ချပေးပါ။ဒီနည်းလမ်းတွေက မျက်ရည် ယိုဓာတ်ငွေ့ထိမိတဲ့အခါ အမြန်ဆုံး သက်သာစေမှာပါ

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.