ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံတွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း မမျှော်လင့်ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေ ရာနဲ့ချီရှိနေပါပြီ။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း သူရဲကောင်းတွေအတွက် ယူကြုံးမရအောင် ဝမ်းနည်းနေကြပြီး ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။
ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေတစ်ချို့ဟာ သူတို့ရဲ့မိသားစုဝင်များကို စိတ်မချဖြစ်တဲ့အတွက် အခြားလူတစ်ယောက်အား ဝိညာဉ် အဖြစ် ဝင်ပူးခဲ့တဲ့ ဖြစ်ရပ်များစွာလည်း လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေတာလည်း ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကလည်း ဝိညာဉ်ပူးတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ပြီး မျက်ရည်ကျရတဲ့စိတ်မကောင်းဖြစ်နေကြောင်းကိုလည်း သူမရဲ့ FacebookPage တွင် အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” အခုတလော ကျဆုံးသွားသောသူရဲကောင်းအချို့ ဝိညာဉ်အဖြစ် ဝင်ပူးလာတဲ့ video တွေအများကြီးတက်လာပါတယ်။
ကြည့်ရင်းကြည့်ရင်းနဲ့ ကြောက်တဲ့စိတ်မဖြစ်ပဲရင်တစ်ခုလုံးဆို့ပြီး မျက်ရည်ကျရလောက်အောင် အရမ်းသနားဖို့ကောင်းပါတယ်။ဝင်ပူးသမျှ video တိုင်းမှာလဲ သူတို့အနေနဲ့ ဘဝကူးသွားတာတောင်ဒီတိုက်ပွဲကြီးနိုင်တဲ့အထိဆက်တိုက်သွားဖို့၊အားလုံးကိုလဲဆက်တိုက်ပေးဖို့ စည်းရုံးနေကြတာပါ။

အဲ့တော့ သူတို့ပေးဆပ်လိုက်ရတဲ့ သွေးတွေ အသက်တွေအချည်းနှီးမဖြစ်အောင် တို့ကျန်တဲ့သူတွေက အားမလျော့ဇွဲမလျော့ပဲဆက်တိုက်ကြရအောင်။ အရေးတော်ပုံအောင်ကိုအောင်ရမည်။ အရေးတော်ပုံအောင်ရမည် “ ဆိုပြီး ဝမ်းနည်းစွာနဲ့ရေးသားထားတဲ့ သူမရဲ့ခံစားချက်တွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Yunwaddy Lwin Moe’s Facebook Page