ရှမ်းပြည်နယ်က ပြင်သစ်ဦးဆောင်တဲ့ ရေကာတာစီမံကိန်း ရပ်ဆိုင်း
စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာစီမံကိန်းတစ်ခုကို ဆိုင်းငံ့လိုက်တယ်လို့ ပြင်သစ်လျှပ်စစ်လုပ်ငန်း EDF က မနေ့ကပဲပြောတဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
ရွှေလီ အမှတ်သုံးလို့ခေါ်တဲ့ မီဂါဝပ် ခြောက်ရာခုနစ်ဆယ်ကျော် ထုတ်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို ပြင်သစ်နိုင်ငံက အဓိကဦးဆောင်ပြီး ဂျပန်နိုင်ငံက မာရူဘီနီကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ဧရာဟင်္သာကုမ္ပဏီတို့ပေါင်းစပ် လုပ်ကိုင်ကြတာပါ။
ရှမ်းပြည်နယ်ထဲမှာရှိတဲ့ အဲဒီရွှေလီအမှတ်သုံး ရေအားလျှပ်စစ်လုပ်ငန်းစီမံချက် အခုလို ဆိုင်းငံ့ဖို့ဆုံးဖြတ်တာကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြပြီး ဒီစီမံကိန်းကြောင့် ပဋိပက္ခတွေ ဖြစ်နေရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်က ပြင်သစ်ဦးဆောင်တဲ့ ရေကာတာစီမံကိန်း ရပ်ဆိုင်း
စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာစီမံကိန်းတစ်ခုကို ဆိုင်းငံ့လိုက်တယ်လို့ ပြင်သစ်လျှပ်စစ်လုပ်ငန်း EDF က မနေ့ကပဲပြောတဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။

ရွှေလီ အမှတ်သုံးလို့ခေါ်တဲ့ မီဂါဝပ် ခြောက်ရာခုနစ်ဆယ်ကျော် ထုတ်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို ပြင်သစ်နိုင်ငံက အဓိကဦးဆောင်ပြီး ဂျပန်နိုင်ငံက မာရူဘီနီကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ဧရာဟင်္သာကုမ္ပဏီတို့ပေါင်းစပ် လုပ်ကိုင်ကြတာပါ။
ရှမ်းပြည်နယ်ထဲမှာရှိတဲ့ အဲဒီရွှေလီအမှတ်သုံး ရေအားလျှပ်စစ်လုပ်ငန်းစီမံချက် အခုလို ဆိုင်းငံ့ဖို့ဆုံးဖြတ်တာကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြပြီး ဒီစီမံကိန်းကြောင့် ပဋိပက္ခတွေ ဖြစ်နေရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့
Justice for Myanmar အဖွဲ့က ပြောပါတယ်။