တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်

တရုတ်နိုင်ငံက Alibaba ကုမ္ပဏီကြီးကိုဈေးကွက်ဝေစု လက်ဝါးကြီအုပ်မှုကြောင့် စံချိန်တင်အမြင့်ဆုံးဒဏ်ကြေးငွေကို ချမှတ်လိုက်ပါတယ်။ တရုတ်အစိုးရစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နည်းပညာကုမ္ပဏီကြီးကိုတရုတ်ယွမ်ငွေ ၁၈ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၈ ဘီလီယံ) ပေးဆောင်ဖို့သတ်မှတ်လိုက်တာပါ။

၁၉၉၉ ခုနှစ်မှာ Jack Ma စတင်တည်ထောင်ထားခဲ့တဲ့ Alibaba ဟာ တရုတ်နိုင်ငံ E-commerce နယ်ပယ်ရဲ့ ထိပ်တန်း ကုမ္ပဏီတခုဖြစ်သလို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီစာရင်းဝင်လည်း ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကလည်း ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို လက်ခံကြောင်းနဲ့ လိုက်နာ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို ချပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စာသုံးသူ အခွင့်အရေး အလွဲသုံးစားလုပ်မှုကို ကာကွယ်ရန်နဲ့ အပြိုင်အဆိုင်ယှဉ်ပြိုင်မှုမရှိဘဲလက်ဝါးကြီးအုပ်ထားတဲ့ အပြုအမူတွေကြောင့် တရုတ်ရဲ့ နည်းပညာပလက်ဖောင်း အထူးသဖြင့် Alibaba အပေါ် အစိုးရက စစ်ဆေးဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ဒီဇင်ဘာလကစတင်ပြီး Alibaba ကို စတင်စုံစမ်း စစ်ဆေးမှုတွေကို ကောက်ချက်ချပြီး စံချိန်တင် ဒဏ်ကြေးငွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“၂၀၁၅ ခုနှစ်ကတည်းက Alibaba လုပ်ငန်းစုကြီးဟာစည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်ပြီးဈေးကွက်ဝေစုကို မတရားသဖြင့် နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်သိမ်းပိုက်လာခဲ့တာဖြစ်တယ်” လို့အဖွဲ့ကဆိုပါတယ်။

၂၀၁၅ ခုနှစ်ကစလို့ ဈေးကွက်တွင်း ယှဉ်ပြိုင်မှု၊ တီထွင်ဖန်တီးမှု၊ စားသုံးသူနဲ့ ကုန်သည်တွေရဲ့ အကျိုးစီးပွား ထိခိုက်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Alibaba လုပ်ငန်းစုကြီးကို ဒဏ်ကြေးချမှတ်ခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့ကဆိုပါတယ်။၂၀၁၉ ခုနှစ် Alibaba ကုမ္ပဏီ နှစ်စဉ်ဝင်ငွေရဲ့ ၄ရာခိုင်နှုန်းခန့် ရှိပါတယ်။

Alibaba ရဲ့ ပိုင်ရှင် ဘီလီယံနာသူဌေးကြီး Jack Ma ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်းနိုင်ငံရဲ့ စည်းမျဉ်း ဥပဒေတွေကို အများပြည်သူရှေ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကြောင့်အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေထဲရောက်လာခဲ့တာပါ။

ဒီဇင်ဘာလကုန်ပိုင်းမှာပဲတရုတ်ဈေးကွက်လေ့လာစောင့်ကြည့်ရေးစီမံအဖွဲ့ (SAMR) ကနေဈေးကွက်ဝေစုလက်ဝါးကြီးအုပ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးနောက်မှာပဲ Alibaba ရဲ့ အင်တာနက်ဘဏ္ဍာရေးလက်နက်တခုဖြစ်တဲ့ Ant Group ရဲ့ အမေရိကန်ဒေါ်လာ ၃၇ သန်း IPO ရောင်းချမယ့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်

credit

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.