မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံဘက်ကို ထွက် ပြေးလာသူတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေပါလာ မှာစိုးတဲ့အတွက် ဒုက္ခသည်တွေ အများအပြားဝင်ရောက်လာနေတဲ့ Sop Moei ခရိုင်၊ မဲ့ဆရီးယန်းက..
ကျန်းမာရေးဝန်ထမ်းတွေကို ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကာကွယ်ဆေး အရှိန်မြှင့် ထိုးပေးနေပါတယ်။မြန်မာဘက်က ထွက်ပြေးလာ ကြတဲ့ ဒုက္ခသည်တွေ ထိုင်း နိုင်ငံအတွင်း ခိုလှုံ နေထိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်းကျန်း မာရေးဝန်ထမ်းတွေအတွက် ကိုဗစ် ကာကွယ်ဆေး..

ထိုးပေးတဲ့အစီအစဉ်ကို သွားရောက် ကြည့်ရှုခဲ့တဲ့ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်“ကရင်ဒုက္ခသည် တွေအတွက် ကျနော် စိတ်မ ကောင်းဖြစ်ရပါတယ်။ သူတို့ ဘေးကင်းကြစေချင်ပါတယ်။ သူတို့ကို လူသားချင်းစာနာမှုဆိုင်ရာ..ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့အညီ ဆက်ဆံတာကိုလည်း လိုလားပါတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ငံထဲကို ဝင်လာခွင့်မပြုနိုင်ပါ ဘူး။ လတ်တလော ကြုံတွေ့ နေရတဲ့ အခက်အခဲက ရှောင်နိုင်ဖို့အတွက် ရောက်လာတယ်ဆိုရင်တော့ ကျနော်တို့ ကူညီ ထောက်ပံ့ပေးနိုင်ပါတယ်၊..ဒါပေမယ့် ကျနော်တို့နိုင်ငံထဲမှာ ခိုလှုံခွင့် လုံး၀ မပြုနိုင်ပါဘူး” လို့ ထိုင်းကျန်းမာရေးဝန်ကြီး ပြောသွားတာပါ။

လေကြောင်း တို က် ခို က်မှု အပါအ ဝင် ကရင်ပြည်နယ် အတွင်း ထိုး စ စ်ဆ င်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေက စလို့ မြန်မာစစ်တပ်က အရှိန်မြှင့် လုပ်ဆောင်..လာနေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ကရင်ဒုက္ခသည်တွေ ထောင်နဲ့ချီ ထွက်ပြေးလာနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။

တချိန်ထဲ မှာပဲ ထွက် ပြေးလာ တဲ့ ဒုက္ခ သည် တွေကို ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ ပြန်မောင်းထုတ်တယ်၊ နယ်စပ်မှာရောက်နေတဲ့..ဒုက္ခသည်တွေအတွက်ပေးမယ့် အကူအညီတွေကိုထိုင်း အစိုးရက အကန့်အသတ်နဲ့သာ ခွင့်ပြုနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။..