သရုပ်ဆောင် မင်းမော်ကွန်း ကတော့လူထုလှုပ်ရှားမှုတွေမှာ ပြည်သူ တွေ နဲ့ တစ်သွေးတည်းတစ်သားတည်း ပါဝင် လှုပ်ရှားနေ တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာပါဝင်နေသူတိုင်းကိုလည်း ဂရုတစိုက်နဲ့နေထိုင်ကြဖို့ကို လည်းအမြဲမှာကြားနေသူပါ ။
အခြေအနေအရပ်ရပ် ကြောင့်မိသားစု နဲ့ ခွဲခွာနေရပေမယ့်လည်း အရေးတော်ပုံကြီးအောင်မြင်ဖို့စိတ်အားထက်သန်နေသူ ဖြစ်တာကြောင့် ပရိသတ် တွေကလေးစားနေကြတာပါ။

မနေ့ညက မင်းမော်ကွန်း အား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထားကြောင်း ကြေငြာခဲ့ တာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း မင်းမော်ကွန်း ရဲ့ လူမှုကွန်ယက်စာမျက်နှာ တွင်ကိုယ်တိုင်ကဝရမ်းထုတ်ခံ ထားရပေမယ့်လည်းပြည်သူ့ ဝန်ထမ်းတွေ အတွက် ပိုစိတ်ပူနေပြီးသတိနဲ့နေဖို့ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

သူက လည်း ” ပြည်သူ့ဝန်ထမ်းတွေ Supporter တွေပိုသတိထား ကြ ပါခင်မျ။ာ (၃၁) ရက်နေ့ကတည်းက ပြည်သူ့ဝန်ထမ်းတွေ ကိုပို ငြိုးမယ်လို့ တွေးမိ စိတ်ပူမိပါတယ်။ခုကျွန်တော်တို့ သတင်းတွေကသူတို့လက်ရှိလုပ်နေတဲ့ပုံစံနဲ့ တော်တော်ကွဲလွဲနေတာတွေရှိပါတယ်။

တကယ်ဆို ဖမ်းဝရမ်း ထုတ်စရာမလိုဘဲ ကျွန်တော်တို့အနုပညာရှင်တွေ Cele တွေကိုအချိန်မရွေးဖမ်းလို့ရပါတယ်။

အာရုံ လွှဲသလို ခံစားရလို့ပါသတိထား ကြပါခင်ဗျာ ” ဆိုပြီး သတိပေး စကားတွေရေးသား ထားတာပဲဖြစ်ပြီးပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account