ကမ္ဘာပေါ်က စေတနာအကောင်းဆုံး သူဌေးကြီး

သူကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းကအိန္ဒိယလူမျိုးစိန်သူဌေးကြီး  Savji Dholakia ပဲ ဖြစ်ပါတယ်။ သူ့ကို စိန်သူဌေးဆိုတာထက် ဝန်ထမ်းတွေအပေါ်မှာကောင်းလွန်းတဲ့အတွက်စေတနာအကောင်းဆုံးသူဌေးကြီး လို့ ပိုပြီးလူသိများတယ်။

Savji Dholakia ဟာ အိန္ဒိယဂူဂျာရတ်ပြည်နယ် Dudhala ရွာက လယ်သမားတစ်ယောက်ရဲ့သားဖြစ်ပါတယ်။ အသက်၁၃နှစ်မှာ ကျောင်းထွက်ခဲ့ပြီးတဲ့နောက်မိသားစုရဲ့ လယ်အလုပ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ဆူရတ်မြို့ကစိန်အရောင်းအဝယ်လုပ်နေတဲ့ ဦးလေးဖြစ်သူထံမှာသွားရောက်အလုပ်လုပ်ခဲ့ပါတယ်။

စိန်အကြောင်းကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ခဲ့ပြီး အသက် ၂၂နှစ်အရွယ် ၁၉၈၄ခုနှစ်မှာတော့ သူ့ညီနှစ်ယောက်နဲ့အတူကိုယ်ပိုင် စိန်အရောင်းအဝယ်လုပ်ငန်းကိုစတင်ခဲ့ပါတယ်။ ၁၀နှစ်ကြာပြီးတဲ့နောက်မှာတော့ Hari Krishna Exports ဆိုတဲ့ စိန် Export ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်ရောင်းရတယ်ဆိုတာမရှိသလောက်ပါပဲ။

ဒါပေမယ့် ဇွဲမလျှော့ပဲဆယ်စုနှစ် ၂ခုနီးပါးကိုဖြတ်ကျော်အပြီး ၂၀၁၄ခုနှစ်မှာတော့သူတို့ကုမ္ပဏီဟာအမေရိကန်ဒေါ်လာသန်း ၆၅၀ဖိုးအထိ စိန်တွေတင်ပို့ရောင်းချနိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ကမ္ဘာ့ထိပ်တန်း စိန် Export ကုမ္ပဏီထဲဝင်ရောက်ခဲ့ပြီဖြစ်တဲ့ HK ကုမ္ပဏီဟာနိုင်ငံပေါင်း ၅၀ကျော်ကို စိန်တွေတင် ပို့ရောင်းချလျှက်ရှိပြီး အမေရိကန် ၊ ဘယ်လ်ဂျီယံ ၊ ယူအေအီး ၊ ဟောင်ကောင် နဲ့ တရုတ်တို့မှာကုမ္ပဏီခွဲတွေဖွင့်ထားနိုင်ခဲ့ပါတယ်။ ကုမ္ပဏီခွဲပေါင်း ၄၈၀ကျော်ရှိပြီး ဝန်ထမ်းပေါင်း ၆၀၀၀ကျော်ကို ခန့်ထားလျှက်ရှိပါတယ်။

အခုလို သူ့ရဲ့ကုမ္ပဏီ ဆက်တိုက်အောင်မြင်လာရခြင်းဟာ သူ့ရဲ့ဝန်ထမ်းတွေရဲ့ကြိုးစားမှုကြောင့်လို့ သူဌေးကြီးကဆိုပါတယ်။ ဒါကြောင့် လည်း သူဟာဘယ်သူဌေးမှ ဝန်ထမ်းတွေကိုမပေးဖူးတဲ့ အရာတွေကို ရက်ရက်ရောရောပေးခဲ့တာဖြစ်ပါတယ်။ သူဟာသူ့ရဲ့ဝန်ထမ်း တွေအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈သန်းကျော် တန်ဖိုးရှိတဲ့ အိမ် ၊ ကား ၊ လက်ဝတ်ရတနာတွေကိုချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီနောက်တော့ ၂၀၁၄မှာ  ကား အစီး ၄၉၁စီး ၊ စိန်လက်ဝတ်ရတနာ ၅၂၅ခု နဲ့ အဆင့်မြင့်တိုက်ခန်း ၂၀၀ ကို ဘောနပ်အနေနဲ့ထပ်ပေး ပြန်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့သူ့ဆီမှာ အလုပ်လုပ်တဲ့ဝန်ထမ်းအားလုံးလူတန်းစေ့နေနိုင်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့် လည်း ၂၀၁၅ခုနှစ်အောက်တိုဘာလမှာဝန်ထမ်း ၁၂၆၈ယောက်အတွက် လိုအပ်နေသေးတဲ့အဆင့်မြင့်တိုက်ခန်း ၄၀၀ နဲ့ ကားအစီးပေါင်း ၁၂၆၀ ကို ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

” ကျွန်တော့်ဝန်ထမ်းတွေဟာငါးနှစ်အတွင်းမှာတိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီးတော့ပိုင်ဆိုင်သင့်ပါတယ်။ ငါးနှစ်ဆက်တိုက်ကြိုးကြိုး စားစားလုပ်ခဲ့တဲ့ဘယ်ဝန်ထမ်းမဆိုအခုလိုမျိုးပေးမယ်လို့စဉ်းစားပြီး ဒါကိုအကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ပိုပြီးကြိုးစား တဲ့သူတွေအတွက်ဒီထက်ပိုများတဲ့လက်ဆောင်တွေကိုထပ်ပေးနေဦးမှာပါ” လို့သူဌေးကြီးကဆိုပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေကြောင့်လည်းစေတနာအကောင်းဆုံး သူဌေးကြီးရယ်လု့ိ သူ့ကို ခေါ်ကြခြင်းဖြစ်ပါတယ်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.