အန္တရာယ်ကင်းအောင်ဆိုပြီး ကားထဲမှာနွယ်ပင်တွေထည့်ထားခဲ့တဲ့ တက္ကစီကားဆရာရဲ့အဖြစ်

ထိုင်းနိုင်ငံက တက္ကစီကားတစ်စီးဟာနွယ်ပင်တွေကိုအတွင်းပိုင်းမှာကြီးထွားစေလျက်သားဖြင့် ထည့်ထားခဲ့လို့ လိုက်ပါစီး နင်ခဲ့တဲ့ခရီးသည်တစ်ဦးဟာ အတော်လေးကိုကြောက်ရွံ့မိကြောင်း facebook စာမျက်နှာပေါ်မှာဝေမျှခဲ့ပါတယ် ။

သို့ပေမဲ့ကားဆရာဟာ ကံဆိုးစွာနဲ့ သယ်ယူပို့ဆောက်ရေးဌာနကို ဒဏ်ငွေ ထိုင်းဘတ် 1,000 ပေးဆောင်ခဲ့ရပါတယ် ။ Wichai Chinwong အမည်ရှိတဲ့ ကားဆရာကတော့ ကားထဲမှာ နွယ်ပင်တွေကိုကြီးထွားစေတဲ့အကြောင်းကတော့ ချမ်းသာကြွယ်ဝစေရန် နှင့် ယာဉ်မတော်တဆမှုတွေမဖြစ်အောင် ဆုတောင်းပေးတဲ့အဓိပ္ပါယ်အနေနဲ့ ထားရှိတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

Wichai ဟာ ဒဏ်ကြေးငွေဆောင်ရုံသာမကပဲ 3နာရီကြာမြင့်တဲ့ တက္ကစီ driver သင်တန်းကိုတက်ရောက်ခဲ့ရပါသေးတယ် ။

စိုးရိမ်မှုကြောင့် ကားထဲမှာနွယ်ပင်ထားရှိတာကိုနားလည်နိုင်ပေမဲ့လည်း အဆိုပါနွယ်ပင်ကပဲ ခရီးသည်တွေကိုပိုပြီး အန္တရာယ်ဖြစ် စေပါလိမ့်မယ် ။ Wichai ဟာ အယုံအကြည်လွန်ကဲတဲ့အဖြစ်ကနေ သတိဝီရိယပိုရှိတဲ့တက္ကစီမောင်းသမားသာဖြစ်ဖို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.