ပုံထဲမှာ ဆင်ကြီးကို ချည်ထားတဲ့ ကြိုးနဲ့ ချည်တိုင်ဟာ ယိုင်နဲ့နဲ့လေးပါ။ ဆင်ကြီးသာ အားကုန်သုံးပြီး ရုန်းလိုက်ရင် ဆင်ကြီး လွတ်မြောက်သွားမှာပါ။ ဒါပေမယ့် ဆင်ကြီးဟာ ကြိုးကို ဖြတ်ပြီး ရုန်းထွက်ဖို့ မကြိုးစားဘူး။ .ဘာ့ကြောင့်လဲ။ .
ဆင်ကြီးဟာ အရွယ်ငယ်ငယ် ဆင်သေးသေးလေးဘဝမှာလည်း ဒီချည်တိုင်လေးနဲ့ပဲ အချည်ခံထားခဲ့ရတာ။ အဲဒီအချိန်တုန်းကတော့ ဆင်လေးဟာ လွတ်မြောက်ချင်လို့ ကြိုးစားပြီး ရုန်းကန်ခဲ့တယ်။ . ဒါပေမယ့် အဲဒီအချိန်က ဆင်လေးဟာ အကောင်ငယ်တယ်။

သူ့အင်အားနဲ့ လွတ်အောင် မရုန်းနိုင်ခဲ့ရှာဘူး။ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ် လက်လျှော့အရှုံးပေးခဲ့ရတယ်။ .ဒီလိုနဲ့ ဆင်ကြီးဟာ အရွယ်ရောက်လို့ အင်အား ပိုကြီးမားလာတယ်။
ဒါပေမယ့် “ရုန်းလည်း မလွတ်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်က အရိုးစွဲနေပြီ။ ဆင်ရဲ့ စိတ်ကို နားလည်တဲ့ ဆင်ထိန်းတွေဟာ ဆင်ကြီး ကြီးလာပေမယ့် ချည်တိုင်နဲ့ ကြိုးကိုတော့ အရင်ကအတိုင်း ခပ်သေးသေးပဲ ဆက်သုံးတယ်။
အရွယ်ရောက်လာတဲ့ ဆင်ကြီးဟာ အားကုန်သုံးပြီး ရုန်းလိုက်ရင် လွတ်နိုင်ပါရဲ့နဲ့ “ရုန်းလည်း လွတ်မှာမဟုတ်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်ကြောင့် မရုန်းဖြစ်တော့ဘူး။.
အမရာတို့ မြန်မာပြည်သူတွေအနေနဲ့လည်း ဆင်ကြီးလို ဖြစ်မသွားဖို့ လိုပါတယ်။ ပြိုင်တူရုန်းရင် စစ်အာဏာရှင်လက်အောက်ကနေ လွတ်နိုင်ပါတယ်။ မလွတ်နိုင်ဘူးလို့ ထင်ပြီး မရုန်းမိရင်တော့ ဆင်ကြီးလို တစ်သက်လုံး အကျဥ်းကျနေပြီး သူများခိုင်းတာ အနိုင်ကျင့် တာကို ခံနေရတော့မှာပါ။ . အားလုံး ပြိုင်တူ ရုန်းထွက်ကြစို့။ အရေးတော်ပုံ အောင်ရမည်။
crd-