သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေ ပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက် တဲ့ ကို ရီး ယားအဆိုတော်ကြီးများ
လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် ကိုရီးယားလူမျိုးတွေကပါ မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူရပ်တည်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့

ကျောင်းသူ၊ကျောင်းသားတွေနဲ့အလုပ်လုပ်ကိုင်တဲ့သူတွေကလည်း လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။
ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေကတော့အားတက်သရောကူညီပေးနေကြတဲ့ ကိုရီးယားလူမျိုးတွေကို လေးစားပြီးကျေးဇူးတင်နေကြတာဖြစ်ပါတယ်။(18.4.2021)ရက်နေ့ကဆိုရင်လည်း

တောင်ကိုရီးယားနိုင်ငံ၊ဘူဆန် ချန်ဝမ်မြို့မှာ မြန်မာကျောင်းသူ၊ကျောင်းသားများ အလုပ်လုပ်ကိုင်နေကြတဲ့သူများအပါအဝင် တောင်ကိုရီးယားပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာဆိုရင် “သွေးသစ္စာ”သီချင်းကို ကိုရီးယားအဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြားအစီအစဉ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ကိုရီးယားအဆိုတော်ကြီးတွေကတော့ “သွေးသစ္စာ”သီချင်းကို မြန်မာလိုပီပီသသသီဆိုနေပုံက


မြန်မာပြည်သူတွေရဲ့ရင်ထဲထိမှန်ပြီး ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကလည်း ကိုရီးယားအဆိုတော်ကြီးတွေနဲ့အတူ “သွေးသစ္စာ”သီချင်းကို လိုက်ဆိုကြပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

(၂)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ မြန်မာ့အရေးကို ကိုရီးယားပြည်သူ၊ပြည်သားတွေကပါ တစ်တပ်တစ်အားကူညီပေးနေကြတာကြောင့် ကျေးဇူးတင်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကို ပါဝင်အားဖြည့်ပေးရင်း

“သွေးသစ္စာ”သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြတဲ့ ကိုရီးယားအဆိုတော်ကြီးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Crd