အားလုံး စိတ်ညစ်ပြီး Emotionally drain ဖြစါနေတဲ့အချိန်၊ newsfeed ကြည့်လိုက်လဲ ငိုနေတဲ့ emoji တွေနဲ့ ဘယ်သူက အသက်ပေးလိုက်ရပြန်ပြီ၊ ကလေးလေးသေပြန်ဘင်ပြီ၊ ဘယ်နားမှာပစ်နေပြီ၊ ဟိုကောင်တွေ ဘယ်လိုယုတ်မာနေပြီနဲ့ စိတ်ညစ်စရာတွေကြီးပဲ တွေ့တာများလာတဲ့အခါမှာ လူတွေက အားမလိုအားမရ ဖြစ်လာသလို ကိုယ့်ဟာကိုလဲ အပြစ်ရှိသလို၊ မျှော်လင့်ချက်မဲ့သလိုဖြစ်လာကြတာသဘာဝပဲ။
ဒီလိုအချိန်မျိုးမှာ တစ်ယောက်ကို တစ်ယောက် အပြစ်မတင်ကြပါနဲ့။ သတင်းအမှား ရှယ်လို့၊ ရှယ်တာ Source မပါလို့၊ CRPH က ဘာမှမလုပ်လို့၊ UN US R2P က ဘာမှအရာမရောက်လို့၊ false hope တွေရေးလို့အစရှိသည်ဖြင့် Blame မလုပ်ကြပါနဲ့။
တကယ်တော့ အဲ့လိုသတင်းနဲ့ Information တွေကိုရှယ်မိတဲ့သူတွေကလဲသူတို့ဘာမှမလုပ်နိုင်ဘူးလို့ ထင်မိကြတဲ့အခါမှာ အထောက်အကူဖြစ်လို့ဖြစ်ငြား ရှယ်မိတင်မိကြတာနေမှာပါ။
Fake သတင်းကိုတမင်ရှယ်တဲ့သူနဲ့မသိလို့ ရှယ်မိတဲ့သူဟာလဲ သိသာပါတယ်။ နောက်ပြီးတော့အခုချိန်မှာ ဘယ်သူကမှကိုယ်က ဘာမှမလုပ်နိုင်ဘူး၊ လူတွေသေကုန်ကြပြီ၊ ငါတို့က တအားအပြစ်ရှိတာပဲလို့မတွေးမိကြပါစေနဲ့။ အဲ့လိုကိုယ်ကိုတိုင်ဟာ အသုံးမကျဖြစ်နေတာ လုံးဝမဟုတ်ပါဘူး။
အများသိရအောင် သတင်းမှန်လေးတွေ ရှယ်ပေးတယ်၊ အသက်ပေးခဲ့ရတဲ့သူတွေအတွက် ဆုတောင်းပြီး ကုသိုလ်ကောင်းမှုလုပ်ပေးတယ်၊ CRPH အပါအဝင် အကြမ်းဖက်ဒဏ်ခံနေရတဲ့ နေရာတွေကို တတ်အားသလောက်လှူဒါန်းပေးတယ်၊ အပြင်ထွက်နေတဲ့သူတွေကို သတိထားရအောင်ကို ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီ သတိထားကြပါဆိုပြီး ရှယ်ပေးကြတယ်။
ဒါတွေကိုက ကိုယ့်အနေနဲ့ အပြင်မထွက်နိုင်ပေမဲ့လဲ တော်လှန်ရေးမှာ တစ်တပ်တအား ပါဝင်ပေးနေခြင်းပါပဲ၊ ယုတ်စွအဆုံး အကြမ်းဖက်သမားတွေကို ဆဲကျိန်နေရင်ကို အကြမ်းဖက်ကောင်တွေကို ထိနိုင်ပါသေးတယ်၊ သံဗ္ဓုဒေ အခေါက်တစ်ထောင်ရွတ် ပေးနေရင်ကို အပြင်ထွင် ဆန္ဒပြနေသူတွေကို ဘေးကင်းအောင်ဆုတောင်းပေးရာရောက်ပါသေးတယ်။
အပြင်မှာဆိုလဲ သပိတ်တွေထွက်ပြီး ဆန္ဒထုတ်ဖော်ကြတယ်၊ တတ်အားသလောက် ခုခံကြတယ်၊ ပတ်ဝန်းကျင်ကလူတွေအိမ်တွေကလဲ ကာကွယ်ပေးကြတယ်၊ ဒါကိုက ကူညီပေးနေတာပဲ။ စိတ်မညစ်ကြပါနဲ့၊သူတို့နဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့မှာမျှော်လင့်ချက်လေးတွေ အများကြီးရှိသေးတယ်။

သူတို့မရှိတော့ရင် ကျွန်တော်တို့ကောင်းတာတွေ ဘာတွေဖြစ်လာလိမ့်မလဲလို့ အများကြီးတွေးလို့ရသေးတယ်။ ကျွန်တော်တို့ဖက်မှာ တစ်နိုင်ငံလုံးကလူတွေနဲ့ တကမ္ဘာလုံးရှိနေပါသေးတယ်။ ဒီကောင်တွေ၊ဇာတ်ဘယ်လိုသိမ်းမလဲသာ မသိသေးပေမယ့် ရှေ့တိုးလေနစ်လေ၊ နောက်ဆုတ်လေ ရှူံးလေ ဖြစ်နေတာ အသိသာကြီးပါ၊
ကိုယ့်ဖက်က စတေးခံရတဲ့သူတွေ အာဇာနည်တွေများလေလေ သူတို့အတွက် အကျဉ်းအကြပ်ထဲကျလေပါပဲ။ တကယ်လဲ ဒုက္ခရောက်နေကြပါပြီ။ အခါကြီးရက်ကြီးမှာ လူသတ်ပြီး အကုသိုလ်လုပ်ခဲ့တဲ့အကျိုးဟာလဲ မနည်းမနော ခံရမှာ သေချာပါတယ်။ ကျွန်တော်တို့ အချင်းချင်းအားပေးရအောင်၊ အပြစ်မတင်ဘဲ နေရအောင်၊ တစ်ယောက်မှားနေရင် တစ်ယောက်က ထောက်ပြတာမျိုးလုပ်ရအောင်။
လူတိုင်းက တော်လှန်ရေးမှာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ပါဝင်နေပြီးသားပါ။ ဘယ်သူမှအသုံးမကျတဲ့သူတွေမဟုတ်ပါဘူး။ သူတို့ကိုယ်တွေကို ဖြုတ်ခဲ့သလို ကျွန်တော်တို့လဲသူတို့ကိုမေးမေးပြီးဖြုတ်ရမည့်အချိန်ရောက်လာမယ်ဆိုတာ ယုံကိုယုံကြည်တယ်။ နွေဦးမှာ ရွက်ဟောင်းတွေကြွေခဲ့ရတယ်ဆိုတာရွက်သစ်ဝေဖို့ပါပဲ။
Credit – Dr.ZweArtist – Nyan Ag Mon