မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံ တွေဖြစ်လာပါ တယ်။

အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ အခုလို ကာလာသွင်းလိုက်တဲ့အခါမှာတော့ ပြတ်ပြတ်သားသား မြင်ရမှာဖြစ်ပြီး ပုံရိပ်တွေဟာ အသက်ဝင်နေသယောင် ထင်မိမှာပါ။ ဖန်တီးသူပေါင်းများစွာ ကာလာသွင်းထားတဲ့ကမ္ဘာအရပ်ရပ်ကခေတ်ဟောင်း ဓာတ်ပုံတွေ ကို ကြည့်လိုက်ကြပါဦး။

၁။ အမေရိကန် နယူးယောက်စီးတီး ၊ ၁၉၀၀ ပြည့်နှစ်

၂။ ဘရော့ဝေးလမ်း ၊ နယူးယောက်စီးတီး ၊ ၁၉၀၀ ပြည့်နှစ်

၃။ ဂျပန်မှ မိသားစုတစု ၊ ၁၉၀၂ ခုနှစ်

၄။ ပြင်သစ်နိုင်ငံ ပါရီမြို့မှ မိသားစု တစု ၊ ၁၉၁၄ ခုနှစ်

၅။ ၁၈၉၉ ခုနှစ် အမေရိကန် ရေတပ်သင်္ဘောတစီးပေါ်မှ ဘောက်ဆင်ပွဲ

၆။ နာမည်ကျော် ဘရွတ်ကလင်းတံတား ၊ ၁၉၀၄ ခုနှစ်

၇။ နာမည်ကျော် စပိုင်မယ် ကချေသည် မာတာဟာရီ ၊ ၁၉၀၀ ပြည့်နှစ်

၈။ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ ၁၉၀၀ ပြည့်နှစ် မြင်ကွင်းတခု

၉။ ပြင်သစ်နိုင်ငံ ပါရီမြို့ Auteuil ဘူတာရုံ ၊ ၁၉၀၀ ခုနှစ်

၁၀။ ရှီကာဂိုက ရထားလမ်း ၊ ၁၉၀၀ ခုနှစ်

၁၁။ ဒုတိယကမ္ဘာစစ်အတွင်း ဘာလင်မြို့မှာ မြင်ရတဲ့ ဆိုဗီယက်အလံ ၊ ၁၉၄၅ ခုနှစ်

၁၂။ ဆောက်လုပ်နေဆဲ အီဖယ်တာဝါကြီး ၊ ၁၈၈၈ ခုနှစ်

၁၃။ ဂျာမနီနိုင်ငံ Wernigerode မြို့ ၊ ၁၉၀၁ ခုနှစ်

၁၄။ ရုရှားမိသားစုတစု ၊ ၁၉၀၃ ခုနှစ်

၁၅။ ဖိလစ်ပိုင်မိသားစုတစု ၊ ၁၉၄၅ ခုနှစ်

၁၆။ တိုက်ပွဲအတွင်း မဝင်ခင် မြင်တွေ့ရတဲ့ ရုရှားစစ်သည်များ ၊ ၁၉၁၆ ခုနှစ်

၁၇။ ရုရှားနိုင်ငံ စိန့်ပီတာဘတ်စ်မြို့က ဂျာမနီသံရုံး ၊ ၁၉၁၃ ခုနှစ်

၁၈။ USS Alabama စစ်သင်္ဘော ၊ ၁၉၀၄ ခုနှစ်

၁၉။ အမေရိကန် မူရင်းဒေသခံ အကြီးအကဲတဦး (ယခု မွန်တားနားပြည်နယ်) ၊ ၁၉၂၇ ခုနှစ်

၂၀။ အင်္ဂလန် ၊ မြို့တော် လန်ဒန် မြင်ကွင်းတခု ၊ ၁၉၁၉ ခုနှစ်

၂၁။ ပြင်သစ်ပန်းချီဆရာတဦးနဲ့ ဖိလစ်ပိုင်ကလေး ၂ဦး ၊ မနီလာမြို့ ၁၉၃၀ ခုနှစ်

၂၂။ ကန်တော်မင်ပန်းခြံ ၊ ၁၉၁၀ခုနှစ် ၊ ရန်ကုန်မြို့

၂၃။ မွန်ဂိုလီးယား အမျိုးသားတဦး ၊ ၁၉၁၃ ခုနှစ်

၂၄။ ဂျပန်လူမျိုး ငါးသည်တဦး ၊ ၁၉၂၂ ခုနှစ်

၂၅။ ဓာတ်ငွေ့ကာ မျက်နှာဖုံးနဲ့ သြစတြေးလျစစ်သည်များ ၊ ၁၉၁၅ ခုနှစ်

၂၆။ နော်မန်ဒီကမ်းခြေကို လာနေကြတဲ့ အမေရိကန်စစ်သည်များ ၊ ၁၉၄၄ ခုနှစ်

၂၇။ ပြင်သစ်မြို့တမြို့မှာ မြင်ရတဲ့ ဂျာမန်စစ်သည်များ ၊ ၁၉၄၁ ခုနှစ်

၂၈။ ၁၉၄၃ ခုနှစ် ၊ တူနီးရှားနိုင်ငံ မြင်ကွင်းတခု

၂၉။ ၁၉၁၀ ခုနှစ်တဝိုက်က စင်ကာပူ လှေဆိပ်တခုကို မြင်ရစဉ်

၃၀။ နယူးယောက်စီးတီး ဆိပ်ကမ်းတခု ၊ ၁၈၉၀ ခုနှစ်

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.