လူသားတွေလို ကိုယ်ပိုင်ဝါသနာတစ်ခုရှိနေပြီး တုတ်ချောင်းတွေစုဆောင်းရတာကို ကြိုက်နှစ် သက်တဲ့ခွေးလေး

ကျွန်တော်တို့လူသားအားလုံးတွေမှာ ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ဝါသနာကိုယ်စီရှိနေကြသလို တိရိစ္ဆာန်လေးတွေမှာလဲကိုယ်စီဝါ သနာလေးတွေရှိနေတတ်ပါတယ်။”ကမ္ဘာ့အကောင်းဆုံးကောင်လေး”လို့ လူသိများတဲ့အမေရိကန်နိုင်ငံကအသက် ၄နှစ်အရွယ် Bruceလို့ ခေါ်တဲ့golden retriever ခွေးလေးကတော့ တုတ်ချောင်းတွေစုဆောင်းရတာကို ချစ်မြတ်နိုးနေတာပါ။

သူဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက စုဆောင်းနေခဲ့ပေမဲ့ သခင်ဖြစ်သူ Leo Icenhourက တလောမှ တုတ်ချောင်းတွေနဲ့ထိုင် နေတဲ့သူ့ ဓာတ်ပုံကို social media ပေါ်မှာ မျှဝေခဲ့တာကြောင့် အခုတော့ Bruceဟာ လူအများရဲ့အချစ်တွေကို အပုံကြီးခံနေရပါတယ်။

Bruceဟာ ဆောင်းရာသီ သူ့အိမ်ပတ်လည်ကနှင်း၁၂လက်မလောက်ထူတဲ့နေရာမှရတဲ့ တုတ်ချောင်းတစ်ချောင်းကိုစတင်စုဆောင်းခဲ့တာပါ။ တုတ်ချောင်းကို အပြင်သွားတိုင်းကိုယ်နဲ့မကွာယူသွားတာကြောင့် ညနေခင်းတစ်ညမှာ သူ့တုတ်ချောင်း ပျောက်သွားခဲ့ပြီးနောက် မနက် ရောက် တိုင်း သူ့သခင်နဲ့အပြင်ထွက်ရင်း တုတ်ချောင်းကို အမြဲ မဆုတ်မနစ်ရှာဖွေနေခဲ့ပါတယ်။

နှင်းတွေထူထပ်နေတော့ သူဟာ တုတ်ချောင်းကို ရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့ နေရောင်ခြည်ဒဏ်ကြောင့် နှင်းတွေအရည် ပျော်လာတဲ့ တစ်နေ့ မှာတော့ အိမ်အနီးက မြေနေရာတစ်နေရာမှာ သူ့ရဲ့ရွှေလို အဖိုးတန်တဲ့တုတ်ကို တူးဖော်တွေ့ရှိခဲ့ရပါတယ်တဲ့။

ဒါပေမဲ့ တုတ်ချောင်းနဲ့ကစားရင်း မတော်တဆထိခိုက်ကာဝမ်းဗိုက်ဒဏ်ရာရသွားပြီးနောက်မှာတော့ အချောင်းပေါင်း၅၀ ကျော်ရှိနေပြီ ဖြစ်တဲ့တုတ်ချောင်းတွေနဲ့ မကစားနိုင်တော့ဘဲ အလှသိမ်းထားဖို့အတွက်သာ စုဆောင်းခဲ့ရပါတယ်။အခုတော့ Bruceဟာ သူ့ဝါသနာကို ဧည့်သည်တွေ လာရောက်ကြည့်ရှုနိုင်ဖို့ သူ့အိမ်အပြင်ဘက်ဝရံတာမှာ အမြဲခင်းကျင်းပြသထားနေပါတယ်။

Mia (Mckzone Daily)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.