ရုရှားရောက်ရှိနေသည့် မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံ တွေ့ဆုံရန် အစီအစဉ်မရှိဟု တရားဝင် သတင်းထုတ်ပြန်
ရန်ကုန်၊ ဇွန် ၂၁ ရုရှားနိုင်ငံသို့
လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရန် ရောက်ရှိနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံတွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မင်းအောင်လှိုင်သည် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolai Patrushev နှင့်တွေ့ဆုံခွင့်ရရှိပြီး ရုရှားသမ္မတပူတင်က တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရက ထုတ်ပြန် ကြေညာသည်။

မင်းအောင်လှိုင်သည် ရုရှားတွင် ၃ ရက်ကြာကျင်းပမည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်နေခြင်းဖြစ်ပြီး ရုရှားသို့ ရောက်ရှိစဉ် အစိုးရခေါင်းဆောင်တစ်ဦးကဲ့သို့ ကြိုဆိုခြင်းမခံရပေ။
လေယာဉ်ပေါ်မှ ဆင်းသောအခါ ကောဇော်နီခင်းထားခြင်းမရှိဘဲ သာမန် Vanကားအမျိုးအစားဖြင့်သာ လာရောက်ကြိုသွားခြင်းဖြစ်သည်။ NLD အစိုးရလက်ထက်တွင် ရုရှားသမ္မတ ပူတင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်တို့နှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။
khit thit media