ဒု-ကာချုပ် စိုးဝင်း ထိုင်ခုံ လုတော့မည်လော

ရုရှား သို့ ရောက်ရှိနေသော အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇြန္လ (၂၅)ရက် ယမန်နေ့က လေယာဉ်ဖြင့် ပြန်လာခဲ့ရမည် ဖြစ်သော်လည်း လမ်းတွင် ပြန်လှည့် သွားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အစာအိမ်ရောဂါကြောင့်ဖြစ်သလို ရာသီဥတုကြောင့်ဟု ပြောဆိုမှုများရှိနေပေမယ့် လှည့်ပြန်သွားရခြင်း အကြောင်းစုံကိုတော့ မသိရွိရပေ။ ဒီနေ့မှာ ပြန်ရောက်လာမယ်လို့လည်းသိရှိရပါတယ်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွိမနေချိန် ရန်ကုန်မြို့ အင်းလျားလမ်းရှိ မင်းအောင်လှိုင် နေအိမ်နှင့် ဒုချုပ် စိုးဝင်းတို့ အိမ္မ်ားရွိရာ နေရာဝန်းကျင်တွင် ယမန်နေ့ညက လုံခြုံရေး စစ္ကားမ်ား အမ်ားအျပား ရောက်ရှိနေခဲ့ကြသည်။

အာဏာလု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာရောက်မည်ဟု လည်း သိရသည်။ ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ ကမ္ဘာအေး ဘုရားဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မနေ့ကနှင့် ယနေ့ နံနက်ပိုင်းများတွင် လုံခြုံရေးယူရန် စစ်သားမ်ား ရောက်ရှိနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ဒုကာချုပ် စိုးဝင်းသည် ယမန်နေ့ကလည်း ဦးဝိစာရလမ်း၊ ကန်တော်မင် (ဦးဥတ္တမ ပန်းခြံ) အနီးရွိ စစ်ဆေးရုံ (၂) သို့ လာရောက်ခဲ့သေးသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မရှိချိန် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ လုံ ခြုံရေး အင်အား အပြည့် ဖြင့် ထိုသို့ ခြေရှုပ်နေခြင်း ဖြစ်ပြီး ဝေဖန်သူတချို့ကတော့ တပ်တွင်း ပုန်ကန် အာဏာလုယူမွု ဖြစ်မည်ဟုသုံးသပ်နေကြခြင်းဖြစ်သည်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.