ကယားပြည်နယ် အတွင်းမှာရှိတဲ့ ဒီးမော့ဆို မြို့နယ်မှာ ဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံတွေက လွတ်မြောက်ရာ စစ်ဘေးရှောင် စခန်းတွေဆီကို ထွက်ပြေးခိုလှုံနေရတာပါ။


အာဏာရှင်လူတစ်စုကလည်း မြို့တွေပေါ်အထိ တက်ကာ လက်နက်ကြီးတွေနဲ့ ကျောင်းတွေ ၊ လူနေအိမ်တွေ ၊ ဘုရားကျောင်းတွေထိပါ ပစ်ခတ်လျက်ရှိပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူတွေ ရဲ့ အိုးအိမ်စည်းစိမ်တွေ များစွာပျက်ဆီး ဆုံးရှုံးနေရသလို ခုခံတိုက်ခိုက်ရင်း ကြွေလွင့်သွားရတဲ့ သူရဲကောင်း တွေလည်း များစွာရှိနေပါတယ်။

အခုလည်း ကယားပြည်နယ် ဒီးမော့ဆိုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ပြာကျသည်ထိမီးလောင်ပျက်ဆီးနေတဲ့ပုံရိပ်တွေလူမှုကွန် ယက် စာမျက်နှာထက်မှာ ပြန့်နှံ့ လျက်ရှိပါတယ် ။


ဒီအခြေအနေကြီး ပြီးသွားရင်တောင် နေစရာအိမ်မရှိတော့တဲ့ သူတို့ဘဝလေးတွေကိုကိုယ်ချင်းစာနာမိကာ ထပ်တူစိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။

ပရိသတ်ကြီးအတွက် ဒီးမော့ဆိုက အခြေအနေ ပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ် ။
Credit-Original Uploade