ဥက္ကဋ္ဌခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့်အစည်းအရုံးဝင်အဖြစ်မှနှုတ်ထွက်ခဲ့ကြတဲ့အနုပညာရှင်များမြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးဥက္ကဌ အဖြစ်သရုပ်ဆောင်ခန့်စည်သူကတာဝန်ယူဆောက်ရွက်မယ့်အကြောင်းမြန် မာနိုင်ငံရုပ်ရှင်အစည်းရုံးကဒီကနေ့ ဇွန်လ(၄)ရက်နေ့မှာထုတ် ပြန်ကြေညာခဲ့ပါတယ်

သရုပ်ဆောင်ခန့်စည်သူကိုမြန်မာနိုင်ငံရဲ့ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီးတဲ့နောက်မှာတော့အနုပ ညာရှင်အချို့ဟာအစည်း အရုံးဝင်အဖြစ်မှနှုတ်ထွက်ခဲ့ကြတာတွေ့ရပါတယ်

ပြီးခဲ့တဲ့လပိုင်းကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှုတ်ထွက်ပြီးနောက်ဥက္ကဋ္ဌနေရာမှာလ စ်လပ်နေခဲ့တာဖြစ်ပြီး အဆိုပါဥက္ကဋ္ဌနေရာမှာခန့်စည်သူကတာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်

ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီးသရုပ်ဆောင်ခန့်စည်သူကိုအခုလိုခန့်အပ်လိုက်တာဖြစ်တယ်လို့ ရုပ်ရှင်အစည်း အရုံးကထုတ်ပြန်ထားပါတယ်အဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မှာအနုပညာရှင် အချို့ဟာရုပ်ရှင်အစည်း အရုံးအဖွဲ့ဝင်အဖြစ်ကနေနှုတ် ထွက်ကြောင်းသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေထု တ်ဖော်ပြောကြားလာပါတယ်
သရုပ်ဆောင်တွေအပြင်ဒါရိုက်တာတွေနဲ့အခြားသောအနုပညာရှင်တွေကအသီးသီးထွက်ခဲ့ကြတာဖြစ်ပါတယ်