ထင်ရှားတဲ့ LGBT တစ်ဦးဖြစ်ပြီးတော့ ငယ်ရွယ်လှပပြီး အနုပညာလောကမှာအောင်မြင် မှုတွေရလာသူလေးရဲ့ သတင်းကိုကြားရတာက စိတ်မကောင်းစရာပါပဲပရိသတ်ကြီးရေလေဒီဘွိုင်း တွေထဲက Miss တစ်ဦးဖြစ်သလို ပုရိသပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေကိုရရှိခဲ့တဲ့ မေသစ္စာမောင်ဟာမနေ့ က ဇွန် လ ၇ ရက်နေ့ညမှာကား Accident ဖြစ်ပြီးကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။
မေသစ္စာမောင်ဟာ 2019 စက်တင်ဘာ လ (၁၅)ရက်နေ့မှာတော့လှပတဲ့မိန်းမတစ်ယောက် ဖြစ်ချင်တဲ့ သူမရဲ့အိမ်မက်ကို အကောင်ထည် ဖော်၊လိင်ပြောင်းခွဲစိတ် ပြုပြင်မှုတွေပြုလုပ်ခဲ့တာပါ ။ မေသစ္စာမောင်က Miss International Queen Best Talent 2020 ဆုအတွက် ဆန်ခါတင် (၁၃)ဦးထဲပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အလှမယ် မေသစ္စာမောင်ဟာမနေ့က ဇွန် လ ၇ ရက်နေ့ ညမှာ အမေရိကန် စင်တာ နားတွင် ကား Accident ဖြစ်ပြီး ကွယ်လွန်သွားခဲ့ ကြောင်းသိရပါတယ်ယာဉ်တိုက်မှုဖြစ်စဉ်မှာ မေသစ္စာမောင် တို့သူငယ်ချင်းများ စီးနင်းလာတဲ့ Probox အမျိုးအစား အငှားကားယာဉ်အား တက္ကသိုလ်ရိပ်သာလမ်းနှင့်အင်းယား လမ်းထောင့်၌မီးပွိုင့်မိ နေစဉ်တစ်ဖက်လမ်းကြောကနေလာတဲ့အိမ်စီးကား တစ်စီးမှ ဖြတ်တိုက် လိုက်တာ ဖြစ်ကြောင်း သိရပါတယ်


အငှားယာဉ်ပေါ်တွင်မေသစ္စာမောင်အပါအဝင် အငှားကားမောင်းသူ လင်မယားနှစ်ယာက်နဲ့ မေသစ္စာမောင်တို့သူငယ်ချင်း ၄ ယောက်လိုက်ပါစီးနင်းလာတာပဲဖြစ်ပါတယ်။

အငှားကား မောင်းသူ လင်မယားနဲ့ မေသစ္စာမောင်တို့မှာ ကွယ်လွန်သွားပြီး ကျန်ဒါဏ်ရာရ လူနာ ၃ ယောက်ကိုတော့ မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရှိရပါသည်။

အဆိုပါယာဉ် တိုက်မှုဖြစ်စဉ်ကို ရောင်စဉ်မဲ့လူမှုကူညီရေး အသင်းကကူညီဆောင်ရွက် ပေးလျက် ရှိပါတယ်နေတုန်းမှာ အိမ်ကသူမွေးထားတဲ့ ခွေးမလေးဟာကလေးမွေးနေတာကြောင့် ရရာ Taxi ကိုတောင်းပန်ငှါးပီးအိမ်သို့ပြန်တာဖြစ်ကြောင်း သူရဲ့ သူငယ်ချင်း မိတ်ဆွေပြောကြား ချက်များအရသိရပါတယ်။

မေသစ္စာမောင်တစ်ယာက်ကောင်းရာဘုံဘဝကို ရောက်နိုင်ဖို့ ဆုတောင်း ပေးလိုက်ပါတယ်။