သီချင်းဆိုပြိုင်ပွဲ တစ်ခုတွင်ဝင်ရောက် ယှဉ်ပြိုင်ရာမှ တစ်ဆင့် ဂီတလောကထဲ သို့ စတင်ဝင်ရောက်လာခဲ့ သူကတော့မေမြတ်နိုးပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ ပြည်ပနိုင်ငံတွင် international Model အဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေ နဲ့ အတူအမှန်တရားဘက် မှ ရပ်တည်ကာ မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှု များတွင်တတ်နိုင် သလောက် ပါဝင်ဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်နော် ။

မနေ့ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ရဲ့ယာယီဥက္ကဌအသစ်ကိုခန့်အပ်လိုက်ကြောင်းတရားဝင်ကြေငြာခဲ့တာ ဖြစ်ပါ တယ်။ဒီသတင်းဟာလူမှုကွန်ယက်ပေါ် တွင် အတော်လေးကိုနာမည်ကြီးခဲ့ပြီးပရိသတ်တွေကြားမှာလည်းဝေဖန်မှု တွေရှိခဲ့တာဖြစ်ပါ တယ်။
အနုပညာ ရှင်တစ်ချို့ကလည်း ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် အဖြစ်ကနေနှုတ်ထွက်လိုက်ကြောင်းသူတို့ရဲ့ Facebook အကောင့်များ တွင် အသီးသီး ကြေငြာခဲ့ကြတာဖြစ်ပါတယ်။

မနေ့ ညက မော်ဒယ် မေမြတ်နိုး ရဲ့ လူမှု့ ကွန်ယက် စာမျက်နှာတွင် ပြည်သူတွေ နဲ့ တစ်သားတည်း မရှိသော ဥက္ကဌရဲ့ အစည်းအရုံးတွင် မပါဝင် လိုတာ ကြောင့် အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက် လိုက်ကြောင်း ရေးသား ထားတာ ဖြစ်ပါတယ်။
ပရိသတ်တွေ ကလည်းသူမရဲ့မှန်ကန်တဲ့လုပ်ရက်အပေါ်ချီးကျူးစကားများ ပြောဆို နေကြတာလည်း ဖြစ်ပါတယ်။အနုပညာရှင်တစ်ချို့ ကလည်းရုပ်ရှင်အစည်းအရုံး မှနှုတ်ထွက်ချင် ပေမယ့်လည်းအစကတည်းကအသင်းဝင် မဟုတ်ထားတဲ့အကြောင်းကိုသူတို့ရဲ့ အကောင့်များ တွင်ရေးသားထားတာကိုမြင်တွေ့ရပါတယ်။

ပရိတ်သတ်တွေ လည်း မေမြတ်နိုးအပေါ် ဒီထက်မက ပိုမိုချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။ ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်..။
crd