တလှေတည်းစီး တခရီးတည်းသွားနေကြတာ မို့ အချင်းချင်းမ ခွဲခြားကြဖို့ ပြောပြလာတဲ့ နေတိုး

အားလုံးဟာ တလှေတည်းစီး တခရီးတည်းသွားနေကြတာမို့ အချင်းချင်းမခွဲခြားကြဖို့ ပြောပြလာတဲ့ နေတိုးဖေဖော်ဝါရီလ (၁)ရက်နေ့မှာ အာဏာသိမ်းလိုက်ကြောင်း စတင်ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်မြို့မှာ သပိတ်ကြောင်းတွေအများ အပြားထွက် ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ မတရားမှုကို တော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့

ပြည်သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးကလည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

နေတိုးက အနုပညာရှင်များအဖွဲ့နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ပြည်သူတွေကို

အားပေးစကားပြောခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် Blue Mark ရထားတဲ့ နေတိုးရဲ့ Facebook Page ကပျက်သွားတာကြောင့် သူ့အနေနဲ့ Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေတိုးက အကြံပေးစကား တစ်ချို့ကိုရေးသားပြော ပြထားတာ တွေ့ရပါတယ်။

နေတိုးက “ခွဲခြားနေသမျှကွဲပြားနေဦးမှာပါပဲ မကွဲပြားချင်ရင် မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်းအတူတူပါပဲ NT…” ဆိုပြီးတင်ထားတာဖြစ်ပါတယ် ။ အခုချိန်မှာတော့ ပြည်သူတစ်ချို့က နေတိုးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။

နေတိုးကတော့တစ်ခါတစ်ရံမှာ သူ့ရဲ့Facebook Story ကတစ်ဆင့် သူရေးသားပြောပြချင်တဲ့အကြောင်းအရာလေးတွေကို ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Credit to original writing

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.